BEC-TERO TV

ရဲဖမ်းခံရမှ ဇနီးဖြစ်သူက ဂျင်းကောင် ဖြစ်နေကြောင်း သိရတဲ့အမျိုးသား

14 Aug 2018     1,323 Views


ခြေသည်း လက်သည်းအလှပြင်ဆိုင်ဗန်းပြပြီး ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေသည့် အိမ်တစ်အိမ်ကို ရဲက ရှောင်တစ်ခင်ဝင်ဖမ်းခဲ့ရာ ပိုင်ရှင် လင်မယားနှစ်ယောက်လုံးကို ဖမ်းဆီးမိခဲ့ပါတယ်။
ပြည့်တန်ဆာရုံဖွင့်လို့ ရဲဖမ်းခံရခြင်းထက် အမှုစစ်လိုက်တဲ့အခါမှ ဇနီးဖြစ်သူက သူ့ထက် အသက် ၂၀ ပိုကြီးကြောင်း သိလိုက်ရတာက အမျိုးသားအတွက် ပိုပြီး ထိတ်လန့်သွားစေခဲ့ပါတယ်။

ရဲကအမှုကို စစ်ဆေးခံစဉ် ခင်ပွန်းဖြစ်သူ “လီ” က သူ့ရဲ့ဇနီးသည် “လွီ”ရဲ့ မွေးသက္ကရာဇ်ဟာ ၁၉၈၈ ခုနှစ် အောက်တိုဘာလ လို့ ထွက်ဆိုခဲ့တာကြောင့် ရဲက တိုက်ဆိုင်စစ်ဆေးခဲ့ပေမယ့် လုံးဝရှာမတွေ့ခဲ့ပါဘူး။ ရဲက ဆက်လက်ရှာဖွေခဲ့ရာ နာမည်မတူပေမယ့် သူမနဲ့ခပ်ဆင်ဆင်တူတဲ့ ဒေတာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။

အဆိုပါဒေတာအချက်လက်အရ သူမရဲ့ နာမည်အမှန်မှာ “ကျန်း” ဖြစ်ပြီး ၁၉၆၈ ခုနှစ် ဇူလိုင်လမှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ “လွီ” အမည်နဲ့ ကိုင်ဆောင်ထားသော မှတ်ပုံတင်မှာ အတုဖြစ်ကြောင်း သူမက ဝန်ခံခဲ့ပါတယ်။

အဲဒီအချိန်မှာ အသက် ၂၇ နှစ်အရွယ် သူမရဲ့ ခင်ပွန်းဖြစ်သူဟာ အလွန်အံ့သြသွားခဲ့ပြီး ထင်မှတ်မထားလောက်အောင် သူ့ရဲ့ ဇနီးဟာ သူ့ထက် အသက် ၂၀ ကြီးသူဖြစ်ကြောင်း သိသွားခဲ့ပါတယ်။ သတို့နှစ်ဦး လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က စတွေ့ခဲ့ကြပြီး အဲဒီအချိန်မှာ သူ့ရဲ့အသက်က ၁၇ နှစ် အမျိုးသမီးရဲ့ အသက်ကို ၂၀ နှစ်လို့သာ သိထားခဲ့တာဖြစ်ပါတယ်။


“ကျန်း” ရဲ့ ညီမဖြစ်သူက “ကျန်း” အနေနဲ့ “လီ” ကို မလိမ်လို့မဖြစ်လို့ ဖုံးကွယ်ထားခဲ့ကြောင်း၊ အသက် ၂၀ ကျော်အသက်ကြီးပြီး တစ်ခုလပ်အဖြစ်ကို သိသွားပါက “လီ”အနေနဲ့ သူမကို လက်ထပ်မှာ မဟုတ်လို့ လိမ်ညာခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။

လက်ရှိမှာတော့ သူတို့ဇနီးမောင်နှံနှစ်ဦးစလုံး ပြည့်တန်ဆာမှုနဲ့ ထောင်ဒဏ် ၆ လ ငွေဒဏ် ယွမ် ၅,၀၀၀ ကျခံနေရပါတယ်။ ခင်းပွန်းဖြစ်သူ “လီ” အနေနဲ့ ထောင်က လွတ်လာတဲ့အခါ သူတို့ရဲ့ အိမ်ထောင်ရေး ရှေ့ဆက်ရမယ့် အကြောင်းကို စဉ်းစားဖို့ အချိန်အများကြီးရဦးမှာဖြစ်ပါတယ်။


14 Aug 2018     1,323 Views




RELATED

Most Popular of Special or Others

Most Popular of NEWS