BEC-TERO TV

ဘန်ကောက်တွင် ဘတ်ငွေ ၂၄ သန်းရှိ ရာဘဆေးပြားများ ဖမ်းဆီးရမိ

14 Aug 2018     1,261 Views


သြဂုတ်လ ၁၃ ရက်နေ့တွင် ထိုင်းရဲတပ်ကြပ်တစ်ဦးက ဘတ်ငွေ ၂၄ သန်း ( မြန်မာငွေ သိန်း တစ်သောင်းကျော် ) တန်ဖိုးရှိ မှုးယစ်ဆေးဝါးနှင့် အတူ လက်ဝယ်တွေ့ ရှိမှုဖြင့် ဖမ်းဆီခံရပြီး လက်ရှိတာဝန်မှ ဆိုင်းငံခံထား ရသည်ဟု သိရသည် ။
 
 
 
ဖြစ်စဉ်မှာ ရဲတပ်ကြပ် ဝီရာယူသ်၏ သူငယ်ချင်းတစ်ဦးက အထုတ်တစ်ခုသယ်ပေးပါရန် တောင်းဆိုခဲ့ပြီး သယ်ဆောင်ပေးပါက သယ်ယူခ ဘတ်တစ်သိန်း ပေးမည်ဟု ကတိပြု ပြောကြားခဲ့ကြောင်း သိရသည် ။ ဒါပေမဲ့ သူယူလာသည့်အထုတ်ထဲတွင် မူးယစ်ဆေးများရှိနေသည်ကို သူမသိခဲ့ကြောင်း ဖမ်းဆီးရထားတဲ့ ရဲတပ်ဖွဲ့ များထံ ထွက်ဆိုချက်များအရ သိရသည် ။
 
 
ရာဘဆေးပြားများ ရောင်းချရန် ပိုင်ဆိုင်ထားမှု စွဲချက်ဖြင့် ဖမ်းခံထားရသူ ရဲတပ်ကြပ် ဝီရာယူသ်၏ အထက်အရာရှိများကိုလည်း ထိုသို့လုပ်ဆောင်မှုများ သိသိနှင့် ခွင့်ပြုပေးထားခြင်း ဟုတ်မဟုတ် စစ်ဆေးသွားမည်ဟု ထိုင်းရဲတပ်ဖွဲ့ ပြောခွင့်ရသူက တနင်္လာနေ့က ပြောကြားသည်။ ထိုင်းရဲချုပ် ချက်သစ်ပ်ချိုင်းဂျင်ဒါက သက်သေများနှင့်အ တူ တွေ့ရှိသည့် အဆိုပါအမှုတွင် ပါဝင်သူများကို အမှုဖွင့်ရန် ညွှန်ကြားထားပြီး ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ပါဝင်ပတ်သက်သူများအားလုံးကို အပြစ်ပေးအရေးယူမည်ဟု ပြောကြားခဲ့သည်။
 
 
ကြီးမားသော မူးယစ်ဆေးဝါးဂိုဏ်းများနှင့် ရဲတပ်ဖွဲ့ဝင်များ စစ်သားများ ပါဝင်ပတ်သက်မှု ရှိနေပုံရ၍ စုံစမ်းစစ်ဆေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မည်ဟု ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။

14 Aug 2018     1,261 Views




RELATED

Most Popular of Special or Others

Most Popular of NEWS