BEC-TERO TV

စူးရှထက်က ယုန်လေးကို တရားစွဲထားတယ်ဟု ယုန်လေးပြော

14 Aug 2018     1,495 Views


သြဂုတ်လ ၁၄ ရက်နေ့တွင် စူးရှထက်က ကိုယုန်လေးကို တရားစွဲထားသည်ဟု သူ၏ Facebook ပေါ်တွင် ရေးသားဖော်ပြထားပါသည် ။ ဘာအမှုနဲ့ဆွဲမှန်းကိုတော့ မသိသေးပါ တရားစွဲထားတယ်ပဲ တိတိကျကျ လှမ်းပြောနေသူ ၇ နှစ်ယောက်လောက်ရှိပြီဟု သိရပါသည် ။
 
 
ကိုယုန်လေးက သူ၏ Facebook ပေါ်တွင် ရေးသားဖော်ပြအချက်များအရ " ကိုယုန်လေးကို စူးရှထက်က တရားစွဲထားတယ်တဲ့ ဖုန်းတွေဝင်လာလို့ သေချာသလောက်တော့ရှိတယ် ။ သေတော့မသေချာသေးဘူး Issani နဲ့ ညီအစ်ကိုလို ခင်တာထက် ကိုယ်လည်းထောင်ကျဖူးတော့ . အပြင်ကလူတွေ လာတွေ့ရင်ပျော်တဲ့ အပျော်ကိုနားလည်တယ်. အဲ့ဒါကြောင့် ရုံးချိန်သွားတွေ့တယ် . တက်နိုင်သလောင်ငွေကြေး သွားကူတယ် ။
 
 
ဟိုဘက်က ကျေအေးပေးမယ် ဆိုတာကြားရတော့ ဝမ်းသာတယ် . ငါဝင်ညှိပေးရင် အဆင်ပြေသွားမှာပဲ ဆိုပြီး အလုပ်ဖျက်ပြီး My Garden မှာ နှစ်ဖက် မိဘတွေ့ပြီးပြေပြေ လည်လည်နဲ့ စကားတွေပြောတယ်ပြေလည်သွားကျတယ် . စူးရှထက် အမေ အန်တီကတော်တော်ရိုးပါတယ်. Issani အမေလည်း သနားဖိုးကောင်းပါတယ်. ရိုးလည်းရိုးပါတယ် . စူးရှထက်က ကြေအေးပေးမယ်ထပ်ပြောတော့ ထပ်ပြီးပီတိဖြစ်ပါတယ် ။
 
 
ဒါပေမဲ့ သူပြီးရင်မပြီးဘူး ရှေ့နေ့နဲ့တိုင်ပင်ရမယ်ပြောတယ် . ထားပါတော့ ဒီတစ်ပတ်ရုံးချိန်အာမခံ နဲ့ ထွက်ရပြီပေါ့ . ထင်သလိုမဖြစ်လာဘူး . ထားပါ ကျန်တာတွေတော့ မပြောချင်တော့ဘူး . အဲ့ဒါကြောင့် ခေါင်းရူပ်လို့ တတ်နိုင်သလောက်လည်းဝင်ကူပြီးပြီ ဘေးထွက်နေခဲ့တယ်. ရုံးချိန် မှာ Media တွေရိုက်တော့ အားလုံးကို မထည့်ဖို့တောင်းပန်ခဲ့တယ် . မထည့်ကျပါဘူး.. အဲ့ဒါလည်း ၂လလောက်ရှိပါပြီ . အာရုံနောက်လို့ဘေးထွက်နေတာ ကိုယ်အလုပ်နဲ့ကိုယ်တောင်မအားဘူး ။ အခုကျမှ တရညးဆွဲတယ်တဲ့ ဘာကြောင့်လဲ . ဘာကိုလဲ ။
 
ဒီအမူ့မှာ ငါက မင်းတို့ကို ဝင်ကူတာ စေတနာနဲ့ ဝင်ကူညီတာ . Issani ကတော့ဘယ်သိမလဲ . Issani ဘက်ကလည်း အားရှိအောင် ဆွဲမထည့်ပါနဲ့ . စူးရှထက် ဘက်ကလည်း အမှုပိုရူပ်ပြီး ကြာအောင်ဆွဲချင်ရင်တခြား အကြောင်းရာနဲ့ ဆွဲပါ ငါ့ကိုဆွဲမထည့်ပါနဲ့ .  တကယ်ဆိုရင် ခွင့်မလွတ်ဘူးနော် . ။
 
 
ပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံတရားရေးကရော အဲ့လိုထင်ရာ လျောက်တိုင်တာနဲ့ . အမှုရှင်းရတယ် ရုံးချိန်လာရတယ်တို့ မဖြစ်ပါစေနဲ့. မဖြစ်ဖို့လည်းမှော်လင့်ပါတယ် ။ သူများကိစ္စတွေ ဝင်ကူချင်ဦး ယုန်လေး " ဟု ရေးသားထားပါသည် ။
 
Source : Kyaw Phone Aung ( ယုန်လေး )
Photo : Sue Sha Htet & Kyaw Phone Aung ( ယုန်လေး )

14 Aug 2018     1,495 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS