BEC-TERO TV

ညဘက်မှာ အသံနက်ကြီးတွေကြားရတဲ့ မဲဆောက်က သရဲရပ်ကွက်

14 Aug 2018     1,424 Views


ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ မဲဆောက် မြို့နယ် မဲလမခရိုင် တောအုပ်ထဲမှာ ဝိဉာဉ်အိမ်ယာလို့ အများသိကြတဲ့ သေဆုံးသူတွေအတွက် ဆောက်လုပ်ပေးထားတဲ့ အိမ်လေးတွေ အလုံးပေါင်း ၁၀၀ ကျော်ရှိလာပြီဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းသားတို့ရဲ့ ယုံကြည်မှုအစဉ်အလာအတိုင်း ကိုယ့်အိမ်က မိဘတစ်ဦး သေဆုံးသည့်အခါတိုင်း သစ်သားအိမ်လေးတွေကို အလောင်းနဲ့အတူတူ အသုဘချတဲ့နေ့မှာ ဘုန်းကြီးကျောင်းမှာ ထားခဲ့ကြပါတယ်။

ယခုအခါ မဲဆောက်မြို့နယ် မံလမဘုန်းတော်ကြီးကျောင်းမှာလည်း ဝိဉာဉ်အိမ်တွေ ပြည့်လာပြီဖြစ်တဲ့အတွက် သစ်တောထဲမှာ ဝိဉာဉ်အိမ်လေးတွေကို ဆောက်လုပ်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အဲဒီနေရာကို သရဲရပ်ကွက်လို့ လူတွေ သတ်မှတ်ထားပြီး ညဘက်ဆိုရင် ဖြတ်သွားရဲတဲ့သူ မရှိသလောက်ပါ။

အဆိုပါ သရဲရပ်ကွက်အနီးက ရပ်ကွက်တစ်ခုတွင် နေထိုင်သူ မြန်မာအလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုမောင်ကို ဆိုသူက ညဘက်တွေမှာ သရဲရပ်ကွက်ဘက်က အသံနက်ကြီးနဲ့ အော်သံတွေ ကြားရလို့ အိပ်လို့တောင် မပျော်ဘူးလို့ ဆိုပါတယ်။

ဒီအဖြစ်ပျက်တွေကို ရိုးနေပြီဖြစ်တဲ့ ထိုင်းရွာခံလူတွေကတော့ ကြောက်စရာတစ်ခုအဖြစ် မမြင်ကြတော့ပဲ ဝိဉာဉ်အိမ်တွေကို အိမ်ယူလာပြီး ကြက်မွေးတဲ့ အိမ်အဖြစ်တောင် ပြုလုပ်ထားကြပါသေးတယ်လို့ ပြောဆိုကြပေမယ့် အခုချိန်ထိတော့ ဝိဉာဉ်ရပ်ကွက်က သရဲအိမ်တွေကို လာယူတဲ့သူ မရှိသေးဘူးလို့ ဆိုပါတယ်။

Source:SAW
 


14 Aug 2018     1,424 Views




RELATED

Most Popular of Special or Others

Most Popular of NEWS