BEC-TERO TV

တရုပ်လူကုန်ကူးဂိုဏ်း ၃ ခုကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြိုခွင်း

16 Aug 2018     1,318 Views


လူမှောင်ခိုကူးမှု၊ ခြိမ်းခြောက်ငွေညှစ်မှု၊ ပြန်ပေးဆွဲမှုများကို တရုပ်မြန်မာနယ်စပ်အနီး မြန်မာနိုင်ငံထဲတွင် ကျူးလွန်နေကြသည့် တရုပ်ဂိုဏ်းအဖွဲ့ ၃ ဖွဲ့မှ တရုပ်လူမျိုး ၂၂ ဦးကို မြန်မာနိုင်ငံ ရဲအဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးပေးနိုင်ခဲ့ကြောင်း တရုပ်မီဒီယာ Liberty Times တွင် ဖော်ပြပါရှိသည်။

အဆိုပါဂိုဏ်းများက တရုပ်နိုင်ငံသားများအပါအဝင် ဓားစားခံ ၂၇ ဦးကို ပြန်ပေးဆွဲထားခဲ့ပြီး မိသားစုများထံ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ဖမ်းထားသူများအား အစာရေစာ မကျွေးပဲ နှိပ်စက်ညှင်းပမ်းခြင်းတို့ ကျူးလွန်ခဲ့ကြကြောင်း LTN သတင်းတွင် ရေးသားထားသည်။

ဖမ်းဆီးပြန်ပေးဆွဲခံရသူများကို မြန်မာနိုင်ငံသို့ သွားရန် လေယာဉ်လက်မှတ် အခမဲ့ပေးခြင်း၊ မြန်မာနိုင်ငံတွင်း ခရီးသွားအစီစဉ်အတုများ ဖန်တီးခြင်း၊ မြန်မာနိုင်ငံထဲတွင် ရင်းနှီးမြုတ်နှံမှု အခွင့်အရေး အစရှိသည်တို့နဲ့ ဆွဲဆောင်သိမ်းသွင်းပြီးနောက် မြန်မာနိုင်ငံထဲသို့ ခေါ်ဆောင်လာကာ ပြန်ပေးဆွဲပြီး တရုပ်နိုင်ငံရှိ မိသားစုများထံ ပြန်ပေးငွေတောင်းသူများ ဖြစ်ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံထားရသူများမှာ အစာရေစာပြတ်လပ်ပြီး အချို့မှာ ရိုက်နှက်ခံထားရကြောင်း၊ ဓားစာခံအချို့မှာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးသယ်ဖို့အတွက်ပါ အတင်းအကျပ် စေခိုင်းခံရမှုများရှိကြောင်း ဖော်ပြထားသည်။

ဖမ်းဆီခံရသူများကို မြန်မာနိုင်ငံရဲအဖွဲ့မှ တရုပ်နိုင်ငံ ယူနန်ရဲအဖွဲ့သို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကာ ရဲအဖွဲ့က တရုပ်နိုင်ငံတွင်း အဆိုဂိုဏ်းမျာနဲ့ စပ်ဆက်မှုများကို ဆက်လက် စုံစမ်းလျှက်ရှိကြောင်း သိရှိရသည်။

Source - LTN


 


16 Aug 2018     1,318 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS