BEC-TERO TV

ဖိလစ်ပိုင်MISS UNIVERSE REUNION နဲ့ လွဲခဲ့ရတဲ့ သျှားထွဋ်

16 Aug 2018     1,304 Views


August 16 ရက်နေ့မှာ ဖိလစ်ပိုင်မှာကျင်းပမယ့် Miss Universe Reunion 2014 ပွဲကို Miss universe Myanmar 2014 ဖြစ်တဲ့ သျှားထွဋ် ကိုလည်း ဖိတ်ကြားခြင်း ခံခဲ့ရပါတယ်။ ထိုပွဲနဲ့ ပတ်သတ်ပြီး သျှား ကိုယ်တိုင်လဲ တက်ရောက်ဖို့အတွက် အားခဲ ခဲ့တာလည်းဖြစ်ပါတယ် ။ မထင်မှတ်ထားတဲ့ ခြေထောက်ဒါဏ်ရာကြောင့် မသွားဖြစ်တော့တဲ့ အတွက်စိတ်မကောင်းလည်းဖြစ်နေတယ်ဆိုပြီး သူမအကောင့်မှာ  

“သျှား လာမဲ့ ၁၆ ရက်နေ့မှာ Miss Universe 2014 Reunion အတွက် Phillipine ကိုဖိတ်ကြားခံခဲ့ရပါတယ်

သွားဖို့အတွက်လဲ Confirm ထားပီးသားဖြစ်ပါတယ်လေယာဉ်လတ်မှတ်လဲဝယ်ပီးပီ

Reunion ဆိုပေမဲ့ ပြိုင်ပွဲပြန်ပြိုင်ရသလိုပဲဆိုတဲ့ စိတ်နဲ့စိတ်ဓာတ်တွေကျနေတဲ့ကြားက ဝိတ်တွေလျော့ အဝတ်အစားတွေပြင်ဆင် အကုန်လုံးကိုအဆင့်သင့်ဖြစ်လို့နေခဲ့ပါပီဒါပေမဲ့ဒီကြားထဲမှာ မထင်မှတ်ထားပဲ သျှား ထိခိုက်မှုဖြစ်လို့ ခြေထောက်အရိုးအက်သွားပါတယ်အစကတော့ပြန်သက်သာလာနိုင်တယ်ဆိုပီး ဘယ်အရာကိုမှ Cancel မလူပ်ခဲ့ပါဘူး ဒါပေမဲ့အခုအခြေအနေအရရော Phillipine မှာပြုလုပ်ရမဲ့ အချိန်ဇယားကိုရောကြည့်တဲ့အချိန်မှာ ရိုက်ကူးရေးတွေရော activities တွေရောကြည့်လိုက်တဲ့အခြေအနေမှာဒေါက်ဖိနပ်မစီးရတဲ့ရက် တရက်မှကိုမရှိပါဘူး

သျှား ခြေထောက်အခြေအနေက ဖိနပ်အကြပ်တောင်စီးလို့မရသေးတဲ့အခြေအနေမို့

သျှား ကိုယ်တိုင်လဲတော်တော်ကိုစိတ်မကောင်းဖြစ်နေရပါတယ်

Miss Universe Reunion Grp Chat မှာသူတို့လေးတွေက On the way တွေဘာတွေတောင်လုပ်နေကြပီ 

အခုတော့အဲ့ကိုသွားဖို့စုထားတဲ့မုန့်ဖိုးလေးနဲ့ ဖေဖေနဲ့မေမေကိုပဲကန်တော့လိုက်တော့တယ်

Sorry ..


16 Aug 2018     1,304 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment