BEC-TERO TV

မိုးကြိုးပစ်ခံရတာတောင် မသေတဲ့ လူငယ်စူပါမန်း

17 Aug 2018     1,351 Views


အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်က အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးဟာ မိုးကြိုးပစ်တာကို တိုက်ရိုက်ထိမှန်ခံခဲ့ရသော်လည်း ဆေးရုံ ၅ ရက် တက်ပြီးနောက် ထူးဆန်းစွာနဲ့ အသက်ရှင်လျှက်ရှိခဲ့သည်။

၈ တန်းကျောင်းသာ ဂျိုစီယာဝိုက်ဒ်မန်း ဆိုသူ လူငယ်ဟာ ကြဂုတ်လ ၈ ရက်နေ့က သူငယ်ချင်းတစ်ယောက်နဲ့ အတူတူအိမ်ပြန်လာစဉ် မိုးကြိုးထိမှန်ခဲ့ရကြောင်း ဖောက်စ်သတင်းမှာ ဖော်ပြထားပါတယ်။

ဝိုဒ်မန်းရဲ့ တစ်ကိုယ်လုံး ပေါက်ကွဲထွက်တော့မတတ် ပူတဲ့ခံစားမှုကို ခံစားလိုက်ရပြီးချင်းချင်းမှာ မြေကြီးပေါ်ပုံလျက်သား လဲကျသွားခဲ့ပါတယ်။ သူ့တစ်ကိုယ်လုံးကို ပင်အပ်ပေါင်းမြောက်များစွာနဲ့ ဝိုင်းထိုးသလို ခံစားခဲ့ရတယ်လို့ အဲဒီအချိန်က ခံစားမှုကို ဝိုက်ဒ်မန်းက ပြန်ပြောပြပါတယ်။

မိုကြိုးထိမှန်တာကြောင့် မြေကြီးပေါ် ဗုန်းကနဲ့ လဲကျပြီးသူ့ရဲ့ ဦးခေါင်း ဒဏ်ရာရခဲ့ပါတယ်။ တစ်ချိန်တည်းမှာ သူ့ဘေးနားက အတူတူလျှောက်လာတဲ့ သူငယ်ချင်းမှာလည်း အပူလောင်ဒဏ်ရာ အသေးစားလေးတွေရသွားခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့ အဖြစ်ကို မြင်လိုက်ကြတဲ့ အိမ်နီးချင်းတွေက သူတို့ဆီပြေးသွားပြီး အရေးပေါ်အသက်ကယ်နည်းတွေနဲ့ အမြန်ဆုံးကယ်ဖို့ကြိုးစားခဲ့ပါတယ်။ အဲဒီနောက်တော့ ဝိုဒ်မန်း ကို သေရေးရှင်ရေးအခြေအနေနဲ့ ဖီးနစ်ကလေးဆေးရုံကြီးကို အမြန်ဆုံးပို့ခဲ့ကြပါတယ်။

ဆေးရုံပေါ်မှာ ဝိုဒ်မန်း ဟာ အမြန်ပြည်လည် ကျန်းမာလာသလို ခြေထောက်မှာ အမာရွတ် အနည်းငယ်ကျန်တာကလွဲရင် သူ့ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ မပျက်ဆီးပဲ အကောင်းပကတိ ပြန်ဖြစ်လာတဲ့အတွက် ဆရာဝန်တွေကိုယ်တိုင် အံ့သြခဲ့ရပါတယ်။

ဝိုဒ်မန်းရဲ့ မိခင်ဖြစ်သူက သူ့သားဟာ မိုးကြိုးပစ်ခံရချိန်က သူ့ရဲ့စကိတ်ဘုတ်ပြားကို ကိုင်ထားတဲ့အချိန်ဖြစ်လို့ လျှပ်စစ်ကြောင်းတွေဟာ စကိတ်ဘုတ်ကို စီးဆင်းသွားတဲ့အတွက် သူ့သားအသက်ချမ်းသာရသွားတယ်လို့ ယူဆထားပါတယ်။

ကျွန်တော် ၁၅ မိနစ်လောက် သေသွားတယ်ဗျ၊ ဒါပေမယ့်နောက်ဆုံးမှာတော့ သေခြင်းတရားကို အနိုင်ယူနိုင်ခဲ့တယ်” ဟု ဝိုဒ်မန်း က ပြောဆိုခဲ့ပါတယ်။ ဆေးရုံမှာ ၅ ရက်တာ ဆေးကုသခံပြီးနောက် အိမ်ပြန်သွားတဲ့ ဝိုဒ်မန်း က “ကျွန်တော် စူပါမန်းဖြစ်သွားသလို ခံစားရတယ်” လို့ ဆိုပါတယ်။
 


17 Aug 2018     1,351 Views




RELATED

Most Popular of Special or Others

Most Popular of NEWS