BEC-TERO TV

မန္တလေးတွင် ရဲသားအချင်းချင်း စကားများပြီး ပစ်ခတ်မှုဖြစ်ပွား

17 Aug 2018     1,298 Views


သြဂုတ်လ ၁၆ ရက် ည ၉ နာရီအချိန်ခန့်တွင် ရဲတပ်သား အချင်းချင်းလှည့်ကင်းထွက်ရန် စကားများရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး ရဲတပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည် ။
 
 
ဖြစ်စဉ်မှာ မန္တလေးမြို့ သံလျှက်မှော်အရှေ့ ရပ်ကွက် လှုပ်ရှားရေးရဲကင်းမှ ရဲဒုတပ်ကြပ်စိုးလင်းနှင့် ရဲတပ်သားရဲရင့်အောင်တို့ လှည်းကင်းထွက်ရန်အတွက်ပြင်စဉ်နေစဉ် စကားများရန်ဖြစ်ပြီး ရဲတပ်သားရဲရင့်အောင်မှ 12 V ပြောင်ချောသေနတ်ဖြင့် ဒုတပ်ကြပ်စိုးလင်းအား၂ချက်အနီးကပ်ပစ်ခဲ့ရာ ဒုတပ်ကြပ်စိုးလင်းမှာ ညာပေါင်ရင်း၊ ဘယ်ဘက်နားနောက်ပေါက်ပြဲဒဏ်ရာ၊ နဖူးပေါက်ပြဲဒဏ်ရာများရရှိခဲ့သည်။
 
 
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်သားရဲရင့်အောင်ကို ချပ်နှောင်ထားရှိပြီး အမှတ် (၇) နယ်မြေရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု သိရသည် ။
 
Source : MUNA

17 Aug 2018     1,298 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS