BEC-TERO TV

ရထားစီးခရီးသည်အမျိုးသမီးထံမှ ခြိမ်းခြောက်ငွေတောင်းယူသူများ ဖမ်းဆီးရမိ

20 Aug 2018     1,237 Views


မြစ်ကြီးနားမှ ရန်ကုန်သို့မီးရထားစီးနင်းလိုက်ပါခဲ့သည့် ခရီးသည် အမျိုးသမီးထံမှ ပစ္စည်းများသယ်ပေးကာ လုပ်အားခငွေကို အဆမတန် ခြိမ်းခြောက်တောင်းယူသည့်ဖြစ်စဉ်တွင်ပါဝင်သည့် ရန်ကုန်ဘူတာကြီးဝန်ထမ်းမဟုတ်သော''ဂမ်ဘား" ၆ ဦး အနက်မှ ၅ ဦးကို ဖမ်းဆီးအရေးယူထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။


ရန်ကုန်ဘူတာကြီးတွင် သြဂုတ် ၂၈ရက်၊(၂၃:၁၄)နာရီအချိန်က "ရန်ကုန်မြို့လယ်ခေါင်ကြီးမှာ ဓါးပြတိုက်ခံရပါတယ်" ဆိုသည့် post Htoo Htet Htet Aung account ဖြင့် ရေးသားတင်ပြထားသည်။


ကျမ အလုပ်ကိစ္စတစ်ခုကြောင့်မြစ်ကြီးနားကနေ မန္တလေးထိ ကားနဲ့လာခဲ့ပါတယ်။အားလုံး အဆင်ပြေချောချောမွေ့မွေ့ပါဘဲ။ကားမူးတဲ့ဒဏ်ကို လုံးဝမခံနိုင်တော့တာကြောင့်မန္တလေးကနေ ရန်ကုန်ထိ ရထားနဲ့ လာခဲ့ပါတယ်။ရန်ကုန်ဘူတာကြီးကိုရောက်တော့အကျီင်္ီအပြာဝတ်ထားတဲ့ (ဘူတာဝန်ထမ်းမဟုတ်ပါ)လူ ခြောက်ယောက်လောက်က ခရီးဆောင်အိတ်သယ်ပေးမယ် ဆိုပြီးယူသွားပါတယ်။ သယ်ယူခ ဘယ်လောက်လဲအရင်မေးတာကို လုံးဝမဖြေပါဘူး။ ကျမလည်း လနဲ့ချီနေရမှာမို့ ပစ္စည်းက များပါတယ်။ အားလုံး အိတ်သုံးလုံးပါ။ ရထားပေါ်ကနေ ဘူတာဆင်ဝင်အောက်အထိ သယ်ပြီးကျမဆီကနေ သယ်ယူခ ၁၇၀၀၀ တောင်းပါတယ်။ ကျမ မယုံနိုင်လို့ လေးခါတိတိ ထပ်မေးမိပါတယ်။ နဘေးက taxi သမားတွေကလည်း ပေးလိုက်ဖို့ပြောပါတယ်။ ကျမက ကားတံခါးကို ပြန်ဖွင့်ဆင်းလာပြီး ဘာလို့အဲ့လောက်ပေးရမှာလဲ လို့ မေးမိတော့ခုနက အပြာဝတ် ကုလားဆင်အဖွဲ့ခြောက်ယောက်က ကျမနဲ့ကျမသူငယ်ချင်းကို ဝိုင်းထားလိုက်ပါတယ်။ နဘေးမှာ ဘာလုံခြုံရေး ဘာရဲမှ မရှိပါဘူး။ အားလုံးက လူမိုက်ရုပ်တွေပါ။ ကျမကို မင်းက ဘယ်လောက်ပေးချင်တာလဲလို့ မေးတာကြောင့်ကျမလက်ထဲမှာ ကိုင်ထားတဲ့ နှစ်ထောင်ကိုပြလိုက်တယ်။ သတ်တော့မယ့် ရုပ်တွေနဲ့ ကျမတို့ကို ကြည့်နေကြပါတယ်။ ပုံစံတွေက လက်ရဲဇက်ရဲပုံစံတွေပါ။ ဟိန္ဒူစပ်တွေလို့သိရပါတယ်” ဟု ဖော်ပြခဲ့ခြင်း ဖြစ်သည်။


ယင်းကိစ္စနှင့်ပတ်သက်၍ မြန်မာ့မီးရထား မှ ပြန်လည်ရှင်းလင်းခဲ့ပြီး ယခုကဲ့သို့ ဖြစ်ခဲ့ရခြင်းအတွက် ယင်း post ပိုင်ရှင်ကိုလည်း တောင်းပန်ထားသည်။


ဖြစ်စဉ်မှာ ဘူတာဝန်ထမ်းမဟုတ်သော အပြာဝတ်လူ ၆ ဦး မှ ပစ္စည်းသယ်ပေးကာ အလုပ်သမားခငွေ အဆမတန်တောင်းယူပြီး ခြိမ်းခြောက်သည့်ပုံစံဖြစ်နေသည့်အတွက် ယခုဖြစ်စဉ်ကဲ့သို့ နောင်ထပ်မံမဖြစ်ပွားစေရန်နှင့် ဖြစ်စဉ်အား ဖော်ထုတ်နိုင်ရေးအတွက် ရန်ကုန်ဘူတာကြီးနှင့်ပတ်သက်၍ တာဝန်ရှိသူများသည် သြဂုတ် ၁၉ မနက် ၉နာရီတွင် တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူ ၆ ဦးရှိပြီး မနက် ၈:၄၅ နာရီ အစည်းအဝေးမပြုလုပ်မှီ (၁)ဦး အစည်းအဝေးအပြီးတွင် (၁)ဦး မွန်းလွဲ ၃နာရီမှာ (၂)ဦး၊ ညနေ ၄ နာရီ ၁၅တွင်(၁)ဦး စုစုပေါင်း ၅ ဦးကို ရထားရဲတပ်ဖွဲ့မှ ဖမ်းဆီးမိခဲ့ပြီး ကျန်(၁)ဦး ကိုလည်း နာမည်စာရင်း ရရှိပြီး ဖြစ်၍ ဆက်လက်ဖမ်းဆီး အရေးယူသွားမှာ ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးထားသည်။


ပြစ်မှုကျူးလွန်သူ ဂမ်ဘားများကို ရထားဥပဒေ ပုဒ်မ ၈၈(က) အရ အမှုဖွင့် အရေးယူရန် ဆောင်ရွက်ထားပြီး နောင်မဖြစ်စေရေးအတွက် အလုပ်သမားခနှုန်းထားတွေဗီနိုင်း ဖြင့်ကြေငြာခြင်း ပြန်ကြားရေးဌာနအနေဖြင့် ကြေငြာပေးခြင်း ပြည်တွင်းကုန်တင်/ချအဖွဲ့အနေဖြင့် တာဝန်ချိန်၌ ယူနီဖောင်းဝတ်ဆင်ရန်နှင့် အလုပ်သမားများ တာဝန်ချိန် လည်ဆွဲ ဆွဲရန်တို့ ကို ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ အလားတူ ဘူတာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့နှင့် ရထားရဲတပ်ဖွဲ့ကလည်း တွန်းလှည်းနှင့် အလုပ်သမားတွေ စည်းကမ်းလိုက်နာမှုရှိ/မရှိနှင့် သတ်မှတ်ထားတဲ့နှုန်းထားအတိုင်း တောင်းခံခြင်း ဟုတ်မဟုတ်တို့ ကို နေ့စဉ် စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားအနေဖြင့် ခရီးသွားပြည်သူများ၏ အသံကို နားထောင်လျက်ရှိပြီး ယခုဖြစ်စဉ်အပေါ် ချက်ချင်းအရေးယူဆောင်ရွက်လျက်ရှိပါကြောင်းနှင့် နောင် အလားတူ မဖြစ်စေရေးအတွက်လည်း ဂန်ဘားများကို ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တွန်းလှည်းတစ်စီးအတွက် အလုပ်သမားခနှုန်းထားများနှင့် ပတ်သက်၍ ဆင်ဝင်အောက်မှ (၁)စင်္ကြန်သို့ - ၇၀၀ကျပ်၊ ဆင်ဝင်အောက်မှ(၂/၃)စင်္ကြန်
သို့ - ၁၀၀၀ကျပ်၊ဆင်ဝင်အောက်မှ(၄/၅)စင်္ကြန်
သို့- ၁၂၀၀ကျပ်၊ ဆင်ဝင်အောက်မှ(၆/၇)စင်္ကြန်
သို့- ၁၅၀၀ကျပ် အဖြစ် နှုန်းထားများ သတ်မှတ်ထားကြောင်း မြန်မာ့မီးရထား မှ အသိပေးထားသည်။


"ဘူတာကြီးမှာ ခရီးသည်များရဲ့ ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးဖို့ တွန်းလှည်းများနှင့်အတူ
ပြည်တွင်းကုန်တင်/ချအဖွဲ့ကို တာဝန်ပေးထားတာ ဖြစ်ပါတယ်။ အခုတော့ ဂမ်ဘားတွေလက်ထဲရောက်ပြီး ပြည်သူတွေအပေါ် တစ်ဖက်သတ်လုပ်ဆောင်ချက်တွေကြောင့် ဌာနရဲ့ဂုဏ်သိက္ခာ ကျဆင်းခဲ့ရပါတယ်
" ဟု မြန်မာ့မီးရထား မှ တာဝန်ရှိသူတဦးကပြောသည်။

သတင်း - NewsWatch

 


20 Aug 2018     1,237 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS