BEC-TERO TV

သားဖြစ်သူရဲ့ ပထမဦးဆုံးမွေးနေ့မှာ ရက်ရက်စက်စက်ဖန်တီးပေးလိုက်တဲ့ မိခင်

20 Aug 2018     1,313 Views


သြစတြေလျနိုင်ငံ မဲလ်ဘုန်းမြို့က အသက် ၃၀ နှစ်အရွယ် မိခင်တစ်ဦးဟာ သူမရဲ့ သားငယ် တစ်နှစ်မြောက် ပထမဦးဆုံး မွေးနေ့ပွဲမှာ ထူးထူးခြားခြား ရက်ရက်စက်စက် အသွင်မျိုးကိုဆောင်သည့် သွေးအလိမ်းလိမ်းနဲ့ ဦးနှောက်ပုံစံ ကိတ်မုန့်ကို ဖန်တီးပေးခဲ့ပါတယ်။

Liz လို့အမည်ရတဲ့ မိခင်ဟာ သားဖြစ်သူ Alexander ကို ပြီးခဲ့တဲ့နှစ် ဟောလိုဝင်းနေ့(Halloween) မှာ မွေးဖွားခဲ့တာကြောင့် သူ့ရဲ့ ပထမဦးဆုံး မွေးနေ့မှာ ထူးထူးခြားခြားဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ တစ်ချိန်လုံးစဉ်းစားနေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အခုလို ကြောက်စရာကောင်းတဲ့ ပုံစံမျိုးကို ဖန်တီးဖို့ စိတ်ကူးရသွားခဲ့တာဖြစ်ပါတယ်။

“ပထမတော့ သူ့အတွက် သွေးစုပ်ဖုတ်ကောင် အင်္ကျီလေးချုပ်ပေးမလားလို့ စဉ်းစားမိတယ် ဒါပေမယ့် အွန်လိုင်းမှာ ဦးနှောက်ပုံစံကိတ်မုန့်တစ်ခုကို သွားတွေ့တော့ အခုလိုလုပ်ဖို့ စိတ်ကူးရသွားတယ်”လို့ ဆိုပါတယ်။

အနီးနားက ဆိုင်မှာပဲ ကိတ်မုန့် နှစ်လုံး၊ ကရင်မ်၊ ချိစ်တွေ လိုအပ်တာအားလုံး ဝယ်ယူခဲ့ပြီး ဦးနှောက်ပုံစံဖြစ်အောင် ကိုယ်တိုင် ပြန်လည် ပြုပြင်ခဲ့ပါတယ်။ သွေးအလိမ်းလိမ်း ဖြစ်နေအာင်တော့ အပေါ်ကနေ စတော်ဘယ်ရီရည် အနီရောင်တွေဆမ်းထားခဲ့တာပါ။

အဲဒီနောက် မိတ်ဆွေ သူငယ်ချင်းတွေကို ဖိတ်ပြီး Alexander ရဲ့ တစ်နှစ်မြောက်မွေ့နေ့ကို အခုလို ထူးထူးခြားခြား ကျင်ပခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါ သွေးအလိမ်းလိမ်းနဲ့ ဦးနှောက်(လို့ထင်ရတဲ့) ကိတ်မုန့်ကို စားနေတဲ့ ကလေးရဲ့ပုံတွေဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။


20 Aug 2018     1,313 Views




RELATED

Most Popular of Special or Others

Most Popular of NEWS