BEC-TERO TV

အရွယ်မရောက်သေးတဲ့ သမီးအရင်းကို ဖခင်ဖြစ်သူက အဓ္ဓမပြုကျင့်မှုဖြစ်ပွား

20 Aug 2018     1,452 Views


သြဂုတ်လ ၁၈ ရက်နေ့တွင် မွန်ပြည်နယ် မုဒုံမြို့နယ် ကင်းချောင်းကျေးရွာ၌  ဖခင်မှ မိမိ၏သမီးအရင်း အရွယ်မရောက်သေးသူအား အလိုမတူပဲ သားမယား အကြိမ်ကြိမ် ပြုကျင့်မှုဖြစ်ပွားခဲ့သည်ဟု သိရသည် ။
 
 
ဖြစ်စဉ်မှာ မိခင်ဖြစ်သူ ခရီးသွားနေစဉ် မ ----- ၁၅ နှစ်သည် ဖခင်အရင်းဖြစ်သူနှင့် အတူအိပ်နေစဉ် ညသန်းခေါင်အချိန်၌ ဖခင်ဖြစ်သူမှ သားမယားပြုကျင့်ခဲ့ပြီး မည်သူ့ ကိုမှ ပြန်မပြောရန် နှင့် ပြောလျင်ဓားဖြင့် ခုတ်သတ်မည်ဟု ချိန်းခြောက်ပြောဆိုခဲ့သည် ။
 
အစ်မဖြစ်သူအားပြောပြခဲ့ရာ အစ်မဖြစ်သူ မနှင်းနှင်းအေးမှ ကင်းချောင်းကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့်တိုင်ပင်၍ အသက်မပြည့်သေးသူ ညီမငယ်အား သားမယားဖြင့်အကြိမ်ကြိမ်ပြုကျင့်ပြီးသတ်ပစ်မည်ဟုချိန်းခြောက်ပြောဆိုသူ ဖခင်ဦးလှကျော်(၄၃) နှစ်အား ဥပဒေအရ အရေးယူပေးပါရန် ရဲစခန်းသို့တိုင်တန်းခဲ့သည် ။
 
 
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲစခန်းမှ ချက်ချင်းစစ်ဆေးပြီး ပြစ်မှုကျူးလွန်သူဖင်ခင်ကို (ပ) ၁၄၄၆ / ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည် ။

20 Aug 2018     1,452 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS