BEC-TERO TV

ခန္တီးမြို့နယ်တွင် ဘက္ထရီအိုးပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တစ်ဦးသေဆုံး

20 Aug 2018     1,344 Views


သြဂုတ်လ ၁၉ ရက်နေ့ ည ၈ နာရီအချိန်ခန့်တွင် ဘက္ထရီအိုးပေါက်ကွဲပြီး အသက် ၁၄ နှစ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည် ။
 
 
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် မှန်ပင်ကျေးရွာမှာ ဆိုလာပြားနဲ့ချိတ်ဆက်သုံးစွဲတဲ့ ဘက္ထရီအိုးက ပေါက်ကွဲခဲ့ပြီး အသက် ၁၄ နှစ် မောင်နေလင်းအောင်က ဘက္ထရီအိုးဘေးမှာ နေပြီးဖုန်းကြည့်နေတာကြောင့် သေဆုံးသွားရခြင်းဖြစ်သည်ဟု သိရသည် ။
 
ဘက္ထရီအိုး ပေါက်ကွဲရာနေရာတွင် လူကတော့အပိုင်းပိုင်းဖြစ်သွားကာ အိမ်အမိုးလည်းပွင့်ထွက်သွားပြီး ပေါက်ကွဲမှုပြင်းတော့ ပျက်စီးဆုံးရှုံးမှု ပစ္စည်းတန်ဖိုးခန့်မှန်း ၁၅ဝဝဝဝ ရှိတယ်လို့ သိရပါတယ်။
 
 
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မောင်နေလင်းအောင် ( အသက် ၁၄ နှစ် ) ကို သေဆုံးမှုနဲ့ ခန္တီးမြို့မရဲစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။

20 Aug 2018     1,344 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS