BEC-TERO TV

၈ နှစ်အရွယ်မိန်းကလေးအား လိင်ကျူးလွန်သူ ထောင်ဒဏ် ၁၂ နှစ်ခွဲနှင့် ကြိမ်ဒဏ် ၁၅ ချက်ချမှတ်

20 Aug 2018     1,272 Views


စင်ကာပူနိုင်ငံတွင် အသက် ၃၄ နှစ်အရွယ် (ဆိုင်ကယ်ဖြင့် စာပို့စာယူ) လုပ်ကိုင်သူ အမျိုးသားတစ်ဦးက သူ့ရဲ့အတူနေရည်းစားဖြစ်သူ၏ အသက် ၈ နှစ်အရွယ် မိန်းကလေးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့မှုကြောင့် ထောင်ဒဏ် ၁၂ နှစ် ၆ လ နှင့် ကြိမ်ဒဏ် ၁၅ ချက် ကျခံစေရန် ယနေ့ (သြဂုတ် ၂၀) ရက်နေ့တွင် တရားရုံးက ချမှတ်ခဲ့သည်။

၂၀၁၄ ခုနှစ် ကျောင်းပိတ်ချိန်တွင် ဖြစ်ပွားခဲ့ပြီး တတိယအကြိမ်မြောက် ကျူးလွန်ခံရအပြီးမှာတော့ ကလေးမလေးက သူမ၏ အိမ်နီးချင်းတစ်ဦးကို ပြောပြခဲ့ရာ အိမ်နီးချင်းက အသံသွင်းယူခဲ့ပြီးနောက် ကလေး၏ မိခင်ဖြစ်သူကို ပြန်လည် ဖွင့်ပြခဲ့ခြင်းဖြစ်သည်။

အသက် ၃၁ နှစ်အရွယ် မိခင်ဖြစ်သူက ဒေါသဖြစ်ကာ အဆိုပါအမျိုးသားကို နေအိမ်မှ နှင်ထုတ်ခဲ့သည်။ ဒါပေမယ့် နောက်ပိုင်းမှာ အမျိုးသားက အထပ်ထပ်တောင်းပန်ခဲ့တာကြောင့် အတူနေခွင့် ပြန်ပေးခဲ့သည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီမှာတော့ ကလေးမလေးနဲ့ သူမရဲ့အဖွားဖြစ်သူတို့ကိုယ်တိုင် ရဲစခန်းသွားကာ အဆိုပါအမျိုးသားက ကလေးကို ရိုက်နှက်သဖြင့် ဒဏ်ရာများပင်ရကြောင်း တိုင်ကြားခဲ့သည်။ ယခင်က လိင်စော်ကားမှုတွေ ရှိခဲ့ကြောင်း သိတဲ့ အဖွားဖြစ်သူက တစ်ခါတည်း တိုင်ကြားလိုက်ပြီး မြေးဖြစ်သူကလည်း ၂၀၁၄ ခုနှစ်က အဖြစ်ပျက်တွေကို ရဲစခန်းမှာ ဖွင့်ပြောလိုက်သည်။

သိပ်မကြာခင်မှာ အမျိုးသားကို ဖမ်းဆီးခဲ့ပြီး လိင်ကျူးလွန်မှု ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေနဲ့ အမှုဖွင့်အရေးယူခဲ့ပါတယ်။

အမျိုးသားဟာ ယခင်က မိန်းမကြီးရှိပြီး အိမ်ထောင်ရေး အဆင်မပြေဖြစ်စဉ် ကလေးမလေး၏ မိခင်ဖြစ်သူနဲ့ နီးစပ်ခဲ့ခြင်းဖြစ်သူ ၂၀၁၂ ခုနှစ်မှာ သူတို့နှစ်ဦး အတူနေခဲ့ကြတဲ့အတွက် ကလေး နှစ်ယောက် ထပ်မံထွန်းကားခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသားက များသောအားဖြင့် သူ့မိန်းမကြီးဆီမှာ ပြန်နေ​လေ့ရှိကြောင်း တရားရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။

၂၀၁၄ ခုနှစ်တုန်းက ဖြစ်စဉ်အရ အမျိုးသားက ကလေးမလေးအား နင်းနှိပ်ခိုင်ပြီး လက်ကိုဆွဲကာ သူ့ရဲ့ပေါင်ရင်းနားကို ထိခိုင်းခဲ့ပါတယ်။ နောက်တဟ်ကြိမ်မှာတော့ ကလေးမလေးကို နှုတ်နဲ့လိင်ဆက်ဆံခိုင်းခဲ့ပြီး ကိုယ်ထိလက်ရောက် အမူအရာတွေပါ လုပ်ခိုင်းခဲ့ပါတယ်။

ကလေးမလေးရဲ့မိခင် တရားခံရဲ့ ရည်းစား အမျိုးသမီးဟာ သူတို့နှစ်ယောက်ရဲ့ကလေး ၁၁ လသားလေးကို ရင်ခွင်ပိုက်ပြီး တရားရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် သူမနဲ့အတူ ကျူးလွန်ခံခဲ့ရတဲ့ သမီးဖြစ်သူတို့က သူ့ရဲ့တောင်းပန်မှုကိုခွင့်လွှတ်ခဲ့ပြီး ပြန်လည်ဆုံဆည်းမယ့် အချိန်ကို စောင့်မျှော်နေတယ်လို့ သိရပါတယ်။

အမျိုးသားကတော့ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ်ခွဲနဲ့ ကြိမ်ဒဏ် ၁၅ ချက် ကျခံရမှာဖြစ်ပါတယ်။
 


20 Aug 2018     1,272 Views




RELATED

Most Popular of International News

Most Popular of NEWS