BEC-TERO TV

ဆီးမထိန်းနိုင်တဲ့ရောဂါ အမြန်ဆုံးပျောက်ကင်းနည်း

21 Aug 2018     2,416 Views


နှစ်နာရီခြားတစ်ခါလောက် ဒါမှမဟုတ် ဆီးသွားချင်လို့ မကြာခဏဆိုသလို အိမ်သာပြေးနေရတာမျိုး ဖြစ်နေပါသလား..? ဒါဆိုရင်တော့ ဆီးနဲ့ပက်သက်ပြီး ပုံမှန်မဟုတ်တဲ့အတွက် သတိထားဖို့ လိုလာပါပြီ။
 
ပုံမှန်အခြေနေမှာ ဆိုရင် လူတစ်ယောက်ဟာ တစ်ရက်လျှင် ၄ ကြိမ်ကနေ ၈ ကြိမ်ထိ ဆီးသွားတတ်ပါတယ်။ ဆီးအိမ်က ထိန်းချုပ်နိုင်စွမ်း လျော့နည်းလာတဲ့ အခါမျိုးမှာ ခန္ဓာကိုယ်ရဲ့ စေ့ဆော်မှုကြောင့် ဆီးသွားချင်စိတ် ဖြစ်ပြီး ပုံမှန်မဟုတ်ပဲ မကြာခဏ ဆီးသွားရတာဖြစ်ပါတယ်။ ဒီအခြေနေမျိုးဟာ ပုံမှန်မဟုတ်ပါဘူး။

အမေရိကန်နိုင်ငံ ဆီးဖက်ဆိုင်ရာအဖွဲ့အစည်းရဲ့ အဆိုအရ အမေရိကန်လူမျိုး ၃၃ သန်းဟာ မကြာခဏ ဆီးသွားတဲ့ ရောဂါခံစားနေရပြီး သူတို့ထဲက ၃၀% ဟာ အမျိုးသားဖြစ်ပြီး ၄၀% ကတော့ အမျိုးသမီးတွေ ဖြစ်တယ်လို့ဆိုပါတယ်။ ဆိုတော့ ဒီလိုပြဿနာမျိုးဟာ အမျိုးသမီးအများစုမှာ ဖြစ်တတ်တဲ့ သဘောပါ။
 
ဆီးမထိန်းနိုင်တဲ့ ပြဿနာဖြစ်ရတဲ့ နောက်ခံအကြောင်းအရင်းတွေရှိပါတယ်။ အသက်အရွယ်ရလာခြင်း၊ အဝလွန်ခြင်း၊ အာရုံကြောချို့ယွင်းခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ သွေးဆုံးချိန်၊ ဆီးအိတ်ရောင်ခြင်း၊ ဆီးချို၊ ဆီးလမ်းကြောင်း ကျောက်တည်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ဆီးအိမ်ကင်ဆာ စတဲ့ ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
 
နောက်တစ်မျိုးကတော့ ရေအလွန်အကျွံသောက်ခြင်း၊ ကဖင်းဓါတ် သို့မဟုတ် အရက်အလွန်အကျွံသောက်ခြင်း၊ စိတ်သောကရောက်ခြင်းတို့ကလည်း ဆီးမထိန်းနိုင်ပဲ မကြာခဏဆီးသွားခြင်းကို ဖြစ်စေပါတယ်။
 
ဒီလိုဖြစ်လာပြီဆိုရင် ဆီးသွားတဲ့အကြိမ်တွေများလာမယ်၊ ဆီးမထိန်းနိုင်ဖြစ်မယ်၊ ဆီးသွားချိန်မှာ နာကျင်မှုခံစားရမယ် တစ်ခါတစ်ရံ ဆီးထဲမှာ သွေးခဲလေးတွေ ပါလာမယ်၊ ဝမ်းဗိုက်အောက်ပိုင်း အောင့်အောင့်နေမယ်၊ ဆီးအိမ်နေရာနဲ့ တင်ပါးနောက်ပိုင်းနေရာ နာကျင်မှုတွေကိုပါ ခံစားနေရတတ်ပါတယ်။
 
ဒီလိုရောဂါလက္ခဏာတွေ ခံစားနေရပြီး ဆီးမအောင့်နိုင်၊ ခဏခဏ ဆီးသွားနေသူများအတွက် အလွယ်တစ်ကူ ပျောက်ကင်းသက်သာစေမယ့် နည်းလမ်းလေးတွေနဲ့ ရှောင်ကျဉ်ရမယ့် အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
 
လိုက်နာရန်
၁။ တင်ပဆုံရိုး လေ့ကျင့်ခန်း ပြုလုပ်ပါ

ပုံတွင် ဖော်ပြထားသည့်အတိုင်း ညီညာသော ကြမ်းပြင်ပေါ်တွင် အောက်ခံအခင်းတစ်ခု ခင်းထားပြီး ဦးစွာ ပက်လက်အနေအထား နေပါ။ ထို့နောက် ဒူးကို ကွေးပြီး ခြေထောက် ထောင်ထားပါ။ လက်နှစ်ဖက်ကို ကြမ်းပြင်နဲ့ တစ်ပြေးညီ ချထာပါ။ ပြီးနောက် ဖြေးညှင်းစွာဖြင့် ခါးကို မြှောက်မပါ။
 
ပုံပါအတိုင်းနေပြီး အသက်ကို ပုံမှန်ရှု ၅ စက္ကန့်နေပါ။ ပြီးနောက် ခါးကို ဖြည့်ညှင်းစွာ ကြမ်းပြင်ပေါ် ပြန်ချပါ။ ထိုနည်းအတိုင်း ၁၀ ကြိမ်ကနေ အကြိမ် ၂၀ လောက်ပြုလုပ်ပါ။ နေ့စဉ် အနည်းဆုံး ၃ ကြိမ်ပြုလုပ်ပါ။ ယခုလိုပြုလုပ်ခြင်းဟာ ဆီးလမ်းကြောင်းနဲ့ တင်ပဆုံရိုးကြွက်သားများကို သန်မာလာစေပါတယ်။
 
 
၂။ ပန်းသီးရှာလကာရည်
 

ပန်းသီးကနေ ပြုလုပ်ထားတဲ့ ရှာလကာရည် (Apple Cider) ကလည်း ဆီးမထိန်းနိုင်ခြင်းကို ထိရောက်စွာ လျှော့ကျစေနိုင်ပါတယ်။ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်း (၁)ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း (၁)ဇွန်းဆို့ကို ရေကြက်သီးနွေး တစ်ဖန်ခွက်ထဲမှာ ရောစပ်မွှေပြီး တစ်နေ့လျှင် နှစ်ကြိမ်သောက်ပါ။
 
 
၃။ ရေနွေးအိတ်ကပ်ပါ

ဆီးအိမ်အောင့်သည့် ဝေဒနာခံစားရပါက ရေနွေးအိတ်ကပ်ပါ၊ အပူဓာတ်က တင်းနေတဲ့ ဆီးအိမ်က ကြွက်သားတွေ လျော့စေပြီး နာကျင်မှုကို သက်သာစေပါတယ်။
 
 
၄။ ဒိန်ချဉ်သောက်ပါ

ဒိန်ချဉ်သောက်ခြင်းဖြင့် ကိုယ်ခံအားကောင်းစေတဲ့ ဘက်တီးရီးယားတွေ ဆီးလမ်းကြောင်းထဲမှာ ပေါက်ပွားစေတာကြောင့် ရောဂါပိုးတွေကို တိုက်ခိုက်ပေးရာမှာ အထောက်အကူဖြစ်စေပါတယ်။
 
 
၅။ ဇီးဖြူသီး

ဆီးနဲ့ ပက်သက်လာရင် အရမ်းကောင်းပြီး လက်တစ်ကမ်းမှာ အလွယ်တစ်ကူ ရရှိနိုင်တာကတော့ ဇီးဖြူသီးဖြစ်ပါတယ်။ ဗီတာမင်စီ အပြည့်အဝပါဝင်တဲ့ ဆီးဖြူသီးဟာ ဆီးထဲမှာ ရှိနေတဲ့ ပိုးတွေကို သေစေနိုင်တဲ့ အက်ဆစ်ဓာတ်ပါဝင်ပါတယ်။
 
ဇီးဖြူသီးကို အစေ့ထုတ် (အရည်ညှစ်) လက်ဖက်ရည် (၁)ဇွန်း၊ ပျားရည် လက်ဖက်ရည် (၁)ဇွန်း တို့ကို ရောမွှေပြီး တစ်ရက်မှာ ၂ ကြိမ်ကနေ ၄ ကြိမ်ထိ ငှက်ပျောသီးနဲ့ တွဲဖက်ပြီး သောက်သုံးပါ။
 
 
ရှောင်ကျဉ်ရမည့်အရာများ
ကဖင်းဓာတ်၊ အယ်လ်ကိုဟောဓါတ်ပါတဲ့ အစားအသောက်များ၊ ချဉ်လွန်းသော သစ်သီး၊ ဆော်ဒါနဲ့ အမြုတ်ထတဲ့ အချိုရည်များ၊ ချော့ကလက်၊ ဆေးသကြားပါတဲ့ အစားအသောက်တွေကို ရှောင်ကျဉ်ရမှာ ဖြစ်သလို အရည်အများကြီး သောက်သုံးခြင်း၊ ဝမ်းချုပ်ခြင်းတို့ မဖြစ်စေရန်လည်း ဂရုစိုက်ရမှာဖြစ်ပါတယ်။
 
ဆီးရောဂါများ ကင်းဝေးကြပါစေ...
(နေဇာအောင်)
 
REF: urologyhealth
 

 


21 Aug 2018     2,416 Views




RELATED

Most Popular of Health Fix

Most Popular of Life Style