BEC-TERO TV

ပြဿနာတွေ တစ်ခုပြီးတစ်ခုကြုံနေရတယ်လို့ ယုန်လေးပြော ( ရုပ်သံ )

21 Aug 2018     1,328 Views


မူးယစ်ဆေးဝါးများနဲ့ ဖမ်းမိတဲ့ အနုပညာရှင် တွေရဲ့သတင်းတွေက လူမှုကွန်ရက်စာမျက်နှာမှာ ဆက်တိုက်ဆို သလို တက်လာခဲ့ပြီး မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ သတင်းတွေ ပရိသတ်ကြားမှာ စိတ်ဝင်စားနေတဲ့ အချိန်မှာပဲ အဆိုတော်ယုန်လေး တစ်ယောက်ကတော့ မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချနေတဲ့ သူတစ်ယောက်ဆိုပြီး အစွပ်စွဲခံလိုက်ရပါတယ်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
 
 
သြဂုတ်လ ၂၀ ရက်နေ့တွင် " ယုန်လေး ကံဇာတာနိမ့်နေတာလား ... လူမုန်းများနေတာလား ... တစ်ယောက်ကချောင်းနေတာလား ... တစ်နေ့တစ်မျိုးမရိုးအောင် သောကရောက်ရပါတယ်လို့  " အဆိုတော် ယုန်လေးက သူ၏ status ပေါ်တွင် ရေးသားပြီး တင်ထားပါတယ် ။
 
ယခုရက်ပိုင်းမှာ ကံဇာတာနိမ့်နေတဲ့ ယုန်လေးတစ်ယောက် ပြဿနာတွေတစ်ခုပြီးတစ်ခုကြုံနေပါတယ်။ ပထမတစ်ခေါက် တရားစွဲတာခဲ့ရတယ်၊ အခုလည်း ဘယ်သူမှန်းမသိတဲ့ လူတစ်ယောက်ရဲ့ ခြိမ်းခြောက်မှုတွေ၊ န၀ဒေးရုပ်ရှင်ရုံမှာ တင်ထားတဲ့ လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ ကြော်ငြာဘုတ်မှ ယုန်လေးပုံကို မှုတ်ဆေးနဲ့မှုတ်ထားခြင်းတို့ ခံနေရပါတယ် ။
 
 
ပြီးတော့ " မခြိမ်းခြောက်ပါနဲ့ ဖုန်းNo ပေးပါ လာခဲ့ပါ့မယ်။ လူကြမ်းတစ်ယောက်ရဲ့ Diary မှာလည်း ဘာသာနှစ်ဘက်လုံးကိုထိခိုက်ထားတာမရှိပါဘူး။ " ဟု ဒီလိုစာသားနှင့်အတူ ဗီဒီယိုဖိုင်တစ်ခုကို သူ၏ status ပေါ်တွင် တင်ထားတာ တွေ့ ရပါတယ် ။

Source : Kyaw Phone Aung


21 Aug 2018     1,328 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS