BEC-TERO TV

မျက်ဝန်းတစ်ဝိုက်က အလှပျက်စေတဲ့ မျက်အိတ်တွေ ပျောက်ကင်းသွားဖို့ဆိုရင်

21 Aug 2018     1,947 Views


သင့်မျက်လုံးရဲ့ အောက်ဖက်နားမှာ မို့မို့ဖောင်းဖောင်းနဲ့ မျက်အိတ်တွေရှိနေလို့ စိတ်ညစ်နေပြီလား..? အဲဒီမျက်အိတ်တွေဟာ ကိုယ့်ကိုရှိရင်းစွဲအသက်ထက် ပိုကြီးရင့်စေတဲ့အတွက် တစ်ကယ်ဆိုးတယ်နော်..။
 
ဒါပေမယ့် စိတ်မပျက်သွားပါနဲ့ဦး၊ ဒီလိုဖြစ်တတ်တာ ကိုယ်တစ်ယောက်ထဲ မဟုတ်လို့ အားမငယ်ပါနဲ့။ လူအတော်များများမှာ ဒီပြဿနာနဲ့ ကြုံနေကြရပါတယ်၊ အထူးသဖြင့် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။
 
မျက်အိတ်တွေကြောင့် မျက်ဝန်းတစ်ဝိုက်က အသား​အရေတွေဟာ တွဲကျ၊ တွန့်ကျနေတတ်ပြီး မျက်ကွင်းညိုနေသလိုလဲ ဖြစ်နေတတ်ပါတယ်။ တစ်ကယ်တော့ ဒီပြဿနာကို လွယ်လွယ်လေးနဲ့ ရှင်းပစ်လို့ ရနိုင်ပါတယ်။
 
ဘယ်လိုရှင်းပစ်လို့ရလဲဆိုတာ မပြောမီ ဘာကြောင့် ဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်းတွေကို အရင်ပြောပါရစေ၊ ဒါမှလည်း နောက်ထပ်တစ်ကြိမ် ထပ်မဖြစ်လာအောင် ရှောင်ကျဉ်နိုင်အောင်ပါ။
 
အဖြစ်များတတ်တဲ့ အကြောင်းရင်ကတော့ ပင်ပန်းလွန်းခြင်း၊ အိပ်ရေးပျက်ခြင်းတွေကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အခြားအကြောင်းကြောင့်တွေလည်း ရှိပါသေးတယ်။ စိတ်ဖိစီးခြင်း၊ မကြာခဏ ငိုရခြင်း၊ ဓာတ်မတည့်ခြင်း(အလာဂျီ)၊ အသားရောင်ခြယ် ပြဿနာရှိခြင်း၊ ခရီးထွက်လွန်းခြင်း၊ နေရာင်ခြည်ဒဏ် ခံရခြင်း၊ ဆေးလိပ် အရက် အလွန်သောက်ခြင်း၊ အငံစားလွန်းခြင်း၊ အဟာရချို့တဲ့ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း စတာတွေတွေကြာင့်လည်း မျက်အိတ်တွေ ဖြစ်တတ်ပါတယ်။
 
စျေးကွက်ထဲမှာတော့ ဒီလိုမျက်အိတ်တွေကို ပျောက်စေတဲ့ အလှကုန်ပစ္စည်းတွေ အများကြီး ရှိနေပါတယ်။ ဒါပေမယ့် ငွေကြေးအများကြီး အကုန်အကျမခံပဲ ကိုယ့်အိမ်မှာတင် ရှိတဲ့ပစ္စည်းလေးတွေနဲ့ပဲ သဘာဝအတိုင်း ပျောက်ကင်းသက်သာအောင် လုပ်နိုင်တယ်ဆိုရင် စမ်းမကြည့်ချင်ကြဘူးလား..?
 
အဆင်ပြေရာနည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်အောင် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။


၁။ ရေခဲထုတ်

ရေခဲထုတ်ကို အသုံးပြုနိုင်ပါတယ်၊ အအေးရှိန်က သွေးနီဥတွေကို သက်တောင့်သက်သာဖြစ်စေတဲ့အတွက်  မျက်အိတ်လေးတွေကို ချပ်သွားစေပါတယ်။
 
ရေခဲထုတ်ဆိုလို့ အချိုရည်စမ်းထားပြီး စားတဲ့ရေခဲထုတ်နဲ့တော့ မလုပ်လိုက်ပါနဲ့ ပုရွက်ဆိတ် ကိုက်ကုန်ပါ့မယ်။
(၁) အဝတ်သန့်သန့်ကို ရေဆွတ်ပြီး ရေခဲသေတ္တာထဲမှာ အေးခဲထား (သို့) ရေခဲတုံးလေးများကို အဝတ်သန့်သန့်ထဲထည့်ထုတ်ပြီး မျက်အိတ်ရှိတဲ့နေရာလေးတွေကို ၁၀ မိနစ်ခန့် ညင်သာစွာ ပွတ်ထိပေးပါ။ (တစ်ရက်လျှင် အကြိမ်အနည်းငယ်စီလုပ်ပါ)
 
(၂) နောက်တစ်နည်းကတော့ ထမင်းစားဇွန်းနှစ်ချောင်းကို ရေခဲသေတ္တာထဲမှာ အေးနေအောင် ထည့်ထားလိုက်ပါ၊ အဲဒီနောက် ပြန်ထုတ်ယူပြီး ဇွန်းရဲ့အခုံးဘက်နဲ့ မျက်အိတ်လေးတွေပေါ်  ၁၀ မိနစ်ခန့် တင်ထားပေးလိုက်ပါ။ (တစ်ရက်လျှင် အကြိမ်အနည်းငယ်စီလုပ်ပါ)
 
 
၂။ လက်ဖက်ခြောက်ထုတ်(Tea Bag)

ရေနွေးထဲ ထည့်စိမ်ပြီးသောက်ရတဲ့ လက်ဖက်ခြောက်ထုတ် (Tea Bag) လေးတွေနဲ့လည်း ကုစားနိုင်ပါတယ်။ ဒီနည်းအသုံးပြုပါက အသားအရေအတွက် ခရမ်းလွန်ရောင်ခြည်ကိုလည်း ကာကွယ်ပေးပြီး တစ်ဖန်ပြန်ဖြစ်မှုကိုလည်း နှေးကွေးစေပါတယ်။
 
သာမန်လက်ဖက်ရည်အိတ်ရော အစိမ်းရောင် ဂရင်းတီး (Green Tea) အထုတ် နှစ်မျိုးလုံးကို သုံးနိုင်ပါတယ်။ ဒါပေမယ့် ဂရင်းတီးကပိုပြီး အစွမ်းထက်တယ်လို့ သူတေသီတွေက ပြောထားပါတယ်။
 
(၁) လက်ဖက်ခြောက်အိတ်ကို ရေနွေးဆူဆူထဲ ၃ မိနစ်ကနေ ၅ မိနစ်ထိ စိမ်ထားပါ။
(၂) ရေနွေးစိမ်ထားတဲ့ လက်ဖက်ခြောက်အိတ်ကို ယူပြီး ရေစစ်ကာ ရေခဲသေတ္တာထဲ မိနစ်၂၀ ခန့်ထားပြီး အအေးခံပါ။
(၃) အဲဒီနောက် ရေအနည်းငယ်ညှစ်ချပြီး လက်ဖက်ခြောက်အိတ်ကို မျက်အိတ်လေးတွေပေါ် တင်ထားပါ။
(၄) ၁၅ မိနစ်ကနေ မိနစ် ၃၀ လောက်ထိ ထင်ထားပါ။ (တစ်ရက်လျှင် အကြိမ်အနည်းငယ်စီလုပ်ပါ)
 
 
၃။ သခွားသီး

မျက်လုံး၊ အသားအရေနဲ့ ပက်သက်လာရင် သခွားသီးကလည်း ထိပ်တန်းက အသုံးဝင်ပါတယ်။ သခွားသီးမှာ ရောင်ရမ်းခြင်းသက်သာစေသော၊ အရေပြားကို တင်းရင်းစေတဲ့ ဓာတ်သဘာဝ ပါဝင်တာကြောင့် မျက်အိတ်တွေ ချပ်စေဖို့ ကူညီနိုင်ပါတယ်။
 
၁။ သခွားသီးကို အချပ်လေးတွေဖြစ်အောင် လှီးပါ။
၂။ လှီးထားတဲ့ အချပ်လေးတွေကို ရေခဲသေတ္တာထဲ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်ထိ အအေးခံထားပါ။
၃။ မျက်လုံးကို မှိတ်ထားပြီး မျက်ဝန်းနေရာပေါ်မှာ အအေးခံသခွားသီးချပ်လေးတွေကို ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်ထိ တင်ထားပါ။ (တစ်ရက်လျှင် အကြိမ်အနည်းငယ်စီလုပ်ပါ)
 
 
၄။ အုန်းဆီ
 
မျက်လုံး၊ အသားအရေနဲ့ ပက်သက်လာရင် သခွားသီးကလည်း ထိပ်တန်းက အသုံးဝင်ပါတယ်။ သခွားသီးမှာ ရောင်ရမ်းခြင်းသက်သာစေသော၊ အရေပြားကို တင်းရင်းစေတဲ့ ဓာတ်သဘာဝ ပါဝင်တာကြောင့် မျက်အိတ်တွေ ချပ်စေဖို့ ကူညီနိုင်ပါတယ်။
 
၁။ သခွားသီးကို အချပ်လေးတွေဖြစ်အောင် လှီးပါ။
၂။ လှီးထားတဲ့ အချပ်လေးတွေကို ရေခဲသေတ္တာထဲ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်ထိ အအေးခံထားပါ။
၃။ မျက်လုံးကို မှိတ်ထားပြီး မျက်ဝန်းနေရာပေါ်မှာ အအေးခံသခွားသီးချပ်လေးတွေကို ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်ထိ တင်ထားပါ။ (တစ်ရက်လျှင် အကြိမ်အနည်းငယ်စီလုပ်ပါ)
 
 

၄။ အုန်းဆီ

အုန်းဆီမှာပါဝင်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေက အသားအရေတင်းရင်းဖို့ကို စွမ်းဆောင်နိုင်ပါတယ်။ (အုန်းဆီစစ်စစ် ဖြစ်ဖို့တော့လိုပါတယ်) အုန်းဆီ အစက်လေးတွေကို မျက်အိတ်တစ်ဝိုက်မှာ လိမ်းပေးပါ။ မိနစ် ၃၀ လောက်အခြောက်ခံထားပြီးမှ ရေအေးအေးနဲ့ ဆေးကြောပါ။ တစ်ရက်လျှင် ၂ ကြိမ်ကနေ ၃ ကြိမ်ထိ ပြုလုပ်ပေးပါ။
 
ညအိပ်ယာဝင်ခါနီးရင်လည်း လိမ်းပေးထားပြီး မနက်ကျမှ ရေအေးနဲ့ မျက်နှာသစ်တာမျိုးလည်း အပိုဆောင်းအနေနဲ့ လုပ်ပေးလို့ရပါတယ်။
 
 
၅။ ရှားစောင်းလက်ပတ်

အသားအရေအတွက် လိုအပ်တဲ့ အဟာရတွေ အများဆုံးပါတဲ့ အပင်ကို ပြောပါဆိုရင် ‘ရှားစောင်းလက်ပတ်’ ကိုပဲ လက်ညိုးထိုးရပါလိမ့်မယ်။ သူကလည်း ရောင်ရမ်းခြင်းအတွက် အထူးကောင်းမွန်ပါတယ်။
 
ရှားစောင်းလက်ပက်ပင်က ဂျယ်လီအနှစ်လေးတွေကို ထုတ်ယူပြီး မျက်ဝန်းတစ်ဝိုက်မှာ လိမ်းကျံပေးပါ။ ၁၀ မိနစ်ခန့် အခြောက်ခံထားပြီးမှ ရေအေးနဲ့ ပြန်ဆေးကြောပါ။ အဲဒီလို ပုံစံမျိုး တစ်ရက်လျှင် ၂ ကြိမ်ကနေ ၃ ကြိမ်ထိ လုပ်ပေးပါ။
 
 
၆။ ကြက်ဥအကာ

ကြက်ဥအကာကလည်း အသားအရေတင်းရင်းအောင် လုပ်ပေးနိုင်ပါတယ်။ ကြင်ဥ တစ်လုံးကို ဖောက်လိုက်ပြီး အနှစ်နဲ့ အကာ သပ်သပ်စီခွဲလိုက်ပါ။ ကြက်ဥအကာရည်လေးကို မိတ်ကပ်တို့တဲ့ စုပ်တံလေးနဲ့ယူပြီး မျက်ကွင်းမှာ လိမ်းကျံပေးလိုက်ပါ။ ခြောက်အောင်ထားပါ။ အဲဒီနောက် ရေအေးနဲ့ သန့်စင်အောင် ဆေးကြောပေးပါ။ နေ့စဉ် သက်သာလာတဲ့ထိ တစ်နေ့တစ်ကြိမ်လောက် လုပ်ပေးရင် လုံလောက်ပါပြီ။
 
 

မျက်အိတ်တွေ မဖြစ်အောင် ကာကွယ်နည်း

အဓိကအချက်က စိတ်အေးချမ်းသာစွာနဲ့ အိပ်ရေး ဝ,ဝ အိပ်ပါ။ ဒီဘက်ခေတ်မှာ မအိပ်ပဲနေလို့ အသက်ပိုရှည်မလာပါဘူး ဒါကြောင့် တစ်ညမှာ အိပ်ချိန်ကို ၇ နာရီကနေ ၉ နာရီလောက်ထိ အိပ်စက်ပါ။
 
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်လုံလောက်အောင် ရေသောက်ပါ၊ တစ်ရက်လျှင် ရေဖန်ခွက် ၈ ခွက်ကနေ ၁၀ ထိ အနည်းဆုံး သောက်သင့်ပါတယ်။ ကဖင်းဓာတ်ပါတဲ့ အဖျော်ယမကာနဲ့ ဆော်ဒါအမြုတ်လေးတွေ စီနေတဲ့ ဖျော်ရည်တွေကို တတ်နိုင်သမျှ လျှော့သောက်ပါ။
 
မျက်အိတ်လေးတွေ ရှင်းလင်းပြီး ကြည်လင်တောက်ပတဲ့ မျက်ဝန်းလှလှပိုင်ရှင်းလေးများ ဖြစ်ကြပါစေ..။
 
(နေဇာအောင်)
 
REF:ncbi.nlm.nih

21 Aug 2018     1,947 Views




RELATED

Most Popular of Health Fix

Most Popular of Life Style