BEC-TERO TV

UEFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု လူကာမိုဒရစ် ဆွတ်ခူး

31 Aug 2018     1,288 Views


၂၀၁၇-၂၀၁၈ ခုနှစ် ဘောလုံးရာသီ ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆုကို ရီးရယ်အသင်းမှ ကွင်းလယ်ကစားသမား လူကာမိုဒရစ် က ရရှိသွားခဲ့သည်။

မိုဒရစ် ဟာ ရီးရယ် အသင်းကို ချန်ပီယံလိဂ်ဖလား (၃)နှစ်ဆက်တိုက် ရရှိအောင် ဦးဆောင်နိုင်ခဲ့သလို ၊ ခရိုအေးရှား လက်ရွေးစင်အသင်း အတွက်လည်း အကောင်းဆုံး ကစားပေးနိုင်ခဲ့တဲ့အတွက် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

မိုဒရစ်ဟာ ဒီဆုအတွက် ရီးရယ် အသင်းဖော်ဟောင်း စီရော်နယ်ဒို ၊ လီဗာပူးလ် တိုက်စစ်ကစားသမား ဆာလတ် တို့ကို မဲအသာရပြီးမှ ရရှိခဲ့တာပါ။ အကောင်းဆုံးဆုအတွက် မဲပေးရွေးချယ်ခဲ့ရာမှာ မိုဒရစ် က (၃၁၃)မှတ်နဲ့ ပထမ ၊ စီရော်နယ်ဒို က (၂၂၃)မှတ် နဲ့ ဒုတိယ ၊ ဆာလတ် က (၁၃၄)မှတ် နဲ့ တတိယ ရခဲ့တာဖြစ်ပါတယ်။

အခြားဆုတွေ ဖြစ်တဲ့ တစ်နှစ်တာ အကောင်းဆုံး ဂိုးသမား ဆုကို ရီးရယ် အသင်း ဂိုးသမား နာဗက်စ် ၊ တစ်နှစ်တာ အကောင်းဆုံး နောက်တန်းဆု ကို ရီးရယ် နောက်ခံလူ ရာမိုစ့် ၊ တစ်နှစ်တာ အကောင်းဆုံး ကွင်းလယ်ကစားသမားဆုကို မိုဒရစ် က ရရှိခဲ့ပါတယ်။

တစ်နှစ်တာ အကောင်းဆုံး ရှေ့တန်းကစားသမားဆုကို တော့ ဂျုဗင်တပ်စ်ကစားသမားသစ် စီရော်နယ်ဒို က ရရှိသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် နဲ့ ရီးရယ် အသင်း နာမည်ကြီး ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်း ကတော့ ကစားသမားဘဝက အနားယူသွားပေမယ့် ဘောလုံးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို လုပ်ဆောင်နေတဲ့ အတွက် ယူအီးအက်ဖ်အေဥက္ကဌ က ပေးတဲ့ ဂုဏ်ပြုဆုကို ရယူနိုင်ခဲ့ပါတယ်။

တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမား ဆုကိုတော့ ဝုဖ်ဘတ်အသင်းက ကစားသမား ဟာဒါ က ရရှိသွားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

သတင်း - 5Plus
 


31 Aug 2018     1,288 Views




RELATED

Most Popular of Football

Most Popular of Sport