BEC-TERO TV

လူပြောများနေတဲ့ ရွှေပြည်သာမြို့နယ်က မင်းမဲ့စရိုက်ဆန်ဆန် အနိုင်ကျင့် အကြမ်းဖက်မှု

31 Aug 2018     1,386 Views


သြဂုတ်လ ၂၆ ရက်နေ့က ရွှေပြည်သာမြို့နယ် ပုလဲလမ်းမီးပွိုင့်နဲ့ သံလမ်းမှတ်တိုင်ကြားတွင် မော်တော်ယာဉ်တစ်စီးအား လူအုပ်စုတစ်စုက မင်းမဲ့စရိုက်ဆန်ဆန် တုတ်နဲရိုက် ခဲများနဲ့ ဝိုင်းပေါက်ပြီး မော်တော်ယောဉ်ပေါ်ပါ လူများအား တိုက်ခိုက်ဖို့ ကြို့စားတဲ့အထိ ဖြစ်ခဲ့ကြောင်း လူမှုကွန်ယက်တွင် ပျံ့နှံ့နေခဲ့သည်။

“မောင်မောင်” အကောင်ပိုင်ရှင်မှ သြဂုတ်လ ၂၈ ရက်နေ့တွင် သူကြုံတွေ့ခဲ့ရသော အဖြစ်ပျက်အား သက်သေခံဓါတ်ပုံများနဲ့တစ်ကွ အောက်ပါအတိုင်းရေးသားခဲ့သည်။

ရွှေပြည်သာမြို့နယ် ပုလဲလမ်းမီးပွိုင့်နှင့် သံလမ်းမှတ်တိုင်ကြား ကားသမားတိုင်းသတိနှင့်သွားလာကြရန် အုပ်စုဖွဲ့၍ မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ပြုနေကြသူများ
ကျွန်တော် မောင်ရွှေပါ (26.8.2018) နေ့က အလုပ်ကမရှိ စားဝတ်နေရေး အဆင်မပြေလို့ အသိတစ်ယောက်မောင်းနေတဲ့ကားကို တစ်နေ့လောက်ပေးမောင်းပါဆိုပြီး ယူမောင်းတာ စက်မှုဒေသလမ်းမကြီး ပုလဲလမ်းမီးပွိုင့်နှင့် သံလမ်းမှတ်တိုင်ကြား ရောက်တော့ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက်မှ ကားကိုကျော်တက်ဖို့လုပ်တယ် ကျော်တက်လို့မရတော့ ဆဲဆိုကြိမ်းမောင်းပြီး ကားကိုအတင်းကျော်တက်ပြီး ကားရှေ့ကပိတ်ရပ်တယ်

ပြီးတော့ ဆဲဆိုကြိမ်းမောင်းပြီး ဒုတ်တွေ တိုက်ပျက်ကြိုးခဲတွေယူလာပြီး ဒုတ်နဲ့ ရိုက်တဲ့သူကရိုက် ခဲနဲ့ထုတဲ့သူကထု ကားလေကာမှန်ကွဲသွားတော့ ကားပေါ်အတင်းတက်ပြီး ချွန်ထက်တဲ့ အရာနဲ့ထိုးဖို့လုပ်တဲ့သူကလုပ်နဲ့ ကြောက်စရာကောင်းလိုက်တာ ကားပေါ်မှာက ကျွန်တော်ရယ် မိန်းမရယ် ကလေးနှစ်ယောက်ရယ် ကားစပါယ်ယာရယ် ကြောက်လို့ ကားတံခါးတွေ လော့ချထားမိလို့သာပေါ့ ဒီတိုင်းသာဆိုမတွေးဝံ့စရာပဲ ကားက သူတို့ဆိုင်ကယ်နဲ့ တိုက်မိတာလည်းမရှိ ငြိမိတာလည်းမရှိ ကျော်တက်လို့မရတာတစ်ခုနဲ့ သူတို့ရပ်ကွက်ထဲက လူတွေခေါ်ပြီး မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ ဝိုင်းလုပ်ကြတာ ကြောက်စရာကောင်းလိုက်တာဗျာ လူတွေကလည်း မူးရူးနေကြတာ ဆိုင်ကယ်ကိုကားရှေ့က ပိတ်ရပ်ထားပြီး လူအုပ်ကြီးနဲ့ ကားကိုခဲနဲ့ဝိုင်းထုတာတောင် အားမရလို့ လူကို အောက်ကိုအတင်းဆင်းခိုင်းတယ် ဆင်းမိရင် အသားတခြား အရိုးတခြားဖြစ်သွားလောက်တဲ့ အခြေအနေမျိုး ဖြစ်နေတာတောင် ကားသမားကို တရာခံလုပ်ဖို့ သူတို့ကမမှန်သက်သေခေါ်ပြီး တရားဥပဒေကို လက်တစ်လုံးကြားလုပ်ဖို့ ကြိုးစားချင်သေးတယ် တော်တော် ကြောက်ဖို့ကောင်းတဲ့အဖွဲ့ကြီးပါဗျာ.

ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိတော့ ကားပိုင်ရှင်ကိုဖုန်းလှမ်းဆက်ပြီး အကူအညီတောင်းတော့မှ ကားပိုင်ရှင်က ရဲစခန်းလှမ်းပြောတယ် ရဲတွေရောက်လာတယ် လုပ်တဲ့သူတွေကို သူတို့အကုန်လုံးသိတယ်ပြောပြီး ကားကိုစခန်းမောင်းခိုင်းတယ် သိပ်မကြာပါဘူး ဝိုင်းရိုက်တဲ့ အဖွဲ့လည်းရောက်လာတယ် အကုန်လုံးတော့ပါမလာဘူး ရဲကိုအရေးယူပေးဖို့ အမှုဖွင့်ဖို့ပြောတော့ ရဲကအမှုဖွင့်လို့မရဘူးပြောတယ် တရားရုံးကို ဦးတိုက်လျှောက်ရမယ်ပြောတယ် ဘာကြောင့်လဲတော့မသိဘူးဗျာ

နောက်အသိတစ်ယောက် အကူအညီပေးလို့ စခန်းမှာ အမှုဖွင့်လို့ရခဲ့တယ် ကားကိုရှေ့က ပိတ်ရပ်ပီး ဝိုင်းရိုက်တဲ့ အဖွဲ့ခေါင်းဆောင်တွေရဲ့ ပုံတွေနဲ့အတူ ကားလေကာမှန်ကွဲအောင်ထုတဲ့ ခဲ ဓာတ်ပုံတွေပါ တင်ပေးထားပါတယ်ဗျာ ကျွန်တော့်လို ဒုက္ခမရောက်အောင်လို့သတိရှိကြပါ...
ခံရတဲ့လူက တရားခံမဖြစ်ဖို့နဲ့ ရန်ပြုတိုက်ခိုက်တဲ့သူက လူမှန်မဖြစ်ဖို့လဲလိုပါတယ်
စားစရာမရှိ လျော်စရာရှိဖြစ်နေတဲ့ဘဝ .

ကျွန်တော် မောင်ရွှေ (ခ) ရွှေကြိုင်...





 


31 Aug 2018     1,386 Views




RELATED

Most Popular of Special or Others

Most Popular of NEWS