BEC-TERO TV

ကင်ဆာဆဲလ်တွေကို ချက်ချင်းသေစေတဲ့ အစားအစာ (၁၀)မျိုး

06 Sep 2018     1,822 Views


ကင်ဆာဝေဒနာသည် တစ်ယောက်ဖြစ်နေစေကာမူ ဖော်ပြပါ အစားအစာ (၁၀)မျိုးကို ချက်ခြင်း ရွေးချယ်စားသောက်လိုက်တာနဲ့ ကင်ဆာဆဲလ်တွေ ချက်ချင်းသေပြီး ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်သလို ကင်ဆာရောဂါမရှိသူများအတွက်လည်း ကင်ဆာရောဂါဖြစ်နိုင်ချေကို တားဆီးပေးနိုင်ပါတယ်။
 
ကင်ဆာရောဂါဆိုတာ လူအတော်များများ သိပြီးကြတဲ့အတိုင်း လူရဲ့ခန္ဓာကိုယ်ထဲမှာ ဆဲလ်တွေဟာ ပုံမှန်မဟုတ်ပဲ နည်းမျိုးစုံနဲ့ ပျံ့ပွားနေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဗမာလို မြစ်ပွားနာ အဖြစ်လည်း သိထားကြပါတယ်။
ကင်ဆာအမျိုးအစားတွေကလည်း ရာနဲ့ချီပြီး ကွဲပြားပါတယ်၊ လူတွေမှာ အဖြစ်များတဲ့ ကင်ဆာတွေကတော့ ရင်သား၊ အရေပြား၊ သားအိမ်၊ ပန်ကရိယ၊ အူမကြီးနဲ့ ပရော့စတိတ်(အမျိုးသားသုတ်ရည်ဂလင်းအိတ်) ကင်ဆာတို့က ထိပ်တန်းနာမည်ကြီး ကင်ဆာတွေပဲဖြစ်ပါတယ်။
 
ကင်ဆာအမျိုးပေါင်းများစွာရှိသလို တစ်မျိုးနဲ့တစ်မျိုး ရောဂါလက္ခဏာတွေကလည်း မတူကြဘူးလို့ ကင်ဆာသုတေသီတွေကဆီက သိရှိရပြီး လူကိုသေစေနိုင်တဲ့ ရောဂါတွေထဲမှာ ကင်ဆာက ဒုတိယနေရာမှာ လိုက်နေပါတယ်။
 
ကင်ဆာရောဂါဖြစ်ရတဲ့ အခြေအနေတွေကလည်း မြောက်များစွာရှိပြီး အဲဒီအထဲမှာ ဆေးလိပ်၊ အရက်သောက်တာ၊ နေရာင်ခြည် ထိတွေ့လွန်းတာ၊ ဘေးဖြစ်စေတတ်တဲ့ ဓါတုဆေးတွေနဲ့ ထိတွေ့တာ စတဲ့ ကင်ဆာဖြစ်နိုင်တဲ့ နည်းလမ်း ပေါင်းစုံရှိပါတယ်။
 
ကင်ဆာရောဂါမဖြစ်အောင် ကာကွယ်ဖို့ဆိုတာ အမြဲတမ်းတော့ မလွယ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ကိုယ်နေထိုင်ရာပတ်ဝန်းကျင်၊ အချို့သော ရှောင်လွဲမရတဲ့ လူနေမှုပုံစံတွေကြောင့် မျှော်လင့်မထားတဲ့ အချက်တွေနဲ့ ကင်ဆာဖြစ်လာတတ်ပါတယ်။
ဒီတော့ ကိုယ်လုပ်နိုင်တာက ကင်ဆာရောဂါမဖြစ်အောင် ဒါမှမဟုတ် ဖြစ်နိုင်ချေ နည်းနိုင်သမျှနည်းအောင် သတိထားပြီး စားသောက်နေထိုင်တဲ့ နည်းလမ်းသာ ကျန်ရှိပါတော့တယ်။
 
ဒါကြောင့်မို့ ကင်ဆာရောဂါကို မဖြစ်အောင် တားမြစ်နိုင်တဲ့ အင်တီအောက်ဆီဒင့်နဲ့ ဖိုင်တိုကမ်မီကလ် ဓါတ်သဘာဝ အကျိုးကျေးဇူးပြည့်ဝတဲ့ အစားအစာ (၁၀) မျိုးကို စုစည်းဖော်ပြလိုက်ပါတယ်။ ဒီအစားအစာတွေဟာ ကင်ဆာဆဲလ် ကြီးထွားမှုကို ရပ်တန့်ပြီး ကင်ဆာဆဲလ်တွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိတွေပါဝင်ပါတယ်။
 
၁။ ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းဟာ ကင်ဆာဖြစ်စေတဲ့ ဓာတ်သဘာဝကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ ပန်းဂေါ်ဖီစိမ်းက လူရဲ့ခန္ဓာကိုယ်ကို အကာအကွယ်ပေးမယ့် အင်ဇိုင်းတွေ အများအပြားထုတ်လုပ်နိုင်တဲ့ ဂလူကိုစ့်အင်နိုလိတ် အပြည့်အဝပါရှိပါတယ်။
 
၂၀၁၁ ခုနှစ် သုတေသနစာတမ်းအရ ပန်းဂေါ်ဖီစိမ်း စားသုံးပေးခြင်းဖြင့် ပါးစပ်၊ ရင်သား၊ ကျောက်ကပ်၊ အဆုပ်၊ ဆီးအိမ်နဲ့ အစာအိမ်ကင်ဆာ ဖြစ်စေတဲ့ ဆဲလ်တွေကို ဆန့်ကျင်တိုက်ဖျက်ပေးပါတယ်။
ပန်းဂေါ်ဖီစိမ်းကို လက်ဖက်ရည် ပန်းကန်လုံး နှစ်လုံးစာ ပြုတ်၍ဖြစ်စေ ပေါင်း၍ဖြစ်စေ တစ်ပတ်လျှင် ၂ ကြိမ်၊ ၃ ကြိမ်ခန့် စားပေးသင့်ပါတယ်။
 
၂။ ဂရင်းတီး (Green Tea)

ဂရင်းတီးဟာ ကင်ဆာဖြစ်စေတဲ့အန္တရာယ်ကို လျှော့ချပေးနိုင်တယ်လို့ လူသိများပါတယ်။ သူ့မှာပါဝင်တဲ့ သဘာဝဓါတ်သတ္တုတွေက ကင်ဆာဖြစ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲမှာ ပျက်ဆီးနေတဲ့ ဆဲလ်တွေကိုလည်း ပြုပြင်ပေးနိုင်စွမ်းရှိပါတယ်။
 
ဂရင်းတီးကို တစ်နေ့လျှင် ၂ ခွက်၊ ၃ ခွက်ခန့် ပုံမှန်သောက်သုံးသင့်ပါတယ်။
 
၃။ ခရမ်းချဉ်သီး

သူ့မှာတော့ ကင်ဆာဆဲလ်တွေကို အဓိကတိုက်ဖျက်ပေးနိုင်တဲ့ အင်းအားကြီး အင်တီအောက်ဆီဒင့် တွေ ပါဝင်ပါတယ်။ အင်တီအောက်ဆီဒင့် ဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ပျက်ဆီးနေတဲ့ ဆဲလ်တွေမပျံ့ပွားအောင် ကာကွယ်ပေးပါတယ်။
 
ခရမ်းချဉ်သီးဟာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကြီးထွားတာကို ရပ်တန့်စေသလို ဗီတာမင် A, C, E တို့ ပြည့်ဝစွာပါဝင်တာကြောင့် ကိုယ်ခန္ဓာထဲက အခြေခံကျတဲ့ ကိုယ်ခံအားစနစ်တွေ ပျက်ဆီးမှုမရှိအောင် ကာကွယ်ပေးပါတယ်။
 
ခရမ်းချည်သီးကို ချက်ပြုတ်၍ဖြစ်စေ အစိမ်းဖြစ်စေ စားသုံးခြင်းဖြင့် ရင်သား၊ အဆုပ်နဲ့ အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးပါတယ်။

၄။ အပြာရောင်ဘယ်ရီသီး (Blueberries)

အပြာရောင်ရှိတဲ့ ဘယ်ရီသီးများကလည်း ကင်ဆာကို တိုက်ဖျက်နိုင်တဲ့ ဓါတ်သတ္တုအဟာရနဲ့ အင်တီအောက်ဆီဒင့် အပြည့်အဝပါရှိပါတယ်။ ဗီတာမင် C, K တို့ပါဝင်ပြီး အစာခြေစနစ်ကို အထောက်အကူပြုတဲ့ အမျှင်ဓာတ်လည်းပါဝင်ပါတယ်။
 
ဘယ်ရီသီးကို စာသုံးခြင်းဖြင့် ပါးစပ်၊ သားအိမ်၊ အသည်း၊ ပရော့စတိတ်၊ အဆုပ်နဲ့ အရေပြားကင်ဆာ ဖြစ်စေမှုကို လျော့ချနိုင်ပါတယ်။ ဘယ်ရီသီး အေးအေးလေးတွေကို ပန်းကန်လုံး တစ်ဝက် ဒါမှမဟုတ် တစ်ခွက်လောက် နေ့စဉ်စားသုံးသင့်ပါတယ်။

၅။ ဂျင်း

ဂျင်းကောင်ကတော့ ဒီနေရာမှာ တစ်ကယ်အသုံးတည့်သွားပါပြီ။ သူ့မှာလည်း ကင်ဆာဆဲလ်တွေကို တိုက်ဖျက်တဲ့ အင်တီအောက်ဆီဒင့် တွေ ပါဝင်တာမို့ ကင်ဆာရောဂါကို ရပ်တန့် တားမြစ်ပေးနိုင်စွမ်းရှိပါတယ်။
အဆုပ်၊ ရင်သား၊ အရေပြားနဲ့ ပန်ကရိယကင်ဆာတွေအတွက် ကောင်းပါတယ်။
 
ဂျင်းနဲ့လုပ်ထားတဲ့ လက်ဖက်ရည်ကြမ်းကို နေ့စဉ် သောက်၍ဖြစ်စေ ဟင်းချက်ထည့်အခါ ဂျင်းကို ထည့်ချက်၍ဖြစ်စေ စားသုံးနိုင်ပါတယ်။
 
၆။ ကြက်သွန်ဖြူ

လူအတော်များများက ကြက်သွန်ဖြူဟာ နှလုံးရောဂါအတွက် အထောက်အပံ့ပြုတယ်လို့ပဲ သိထားကြတာများပါတယ်။ အခုတော့ ကင်ဆာအတွက်ပါ ကောင်းနေပြန်ပါပြီ။ ြက်သွန်ဖြူမှာပါဝင်တဲ့ ဆာလ်ဖာ၊ အာဂျနင်း၊ ဆီလီနီယမ် ဓါတ်သဘာဝတွေက ကင်ဆာဆဲလ်ကြီးထွားမှုကို သိသိသာသာ အရှိန်လျော့ချပေးနိုင်ပါတယ်။
 
ဒါကြောင့် ဒီနေ့ကစပြီး ကြက်သွန်ဖြူလေးကို စားဖြစ်အောင် စားပေးပါ။

၇။ ဒေါက်ခွရွက်

ဈေးတွေမှာ အလွယ်တစ်ကူဝယ်လို့ရနိုင်ပါတယ်။ ဒေါက်ခွရွက်မှာ ပါဝင်တဲ့ လူတင်းဓါတ်ဟာ အင်တီအောက်ဆီဒင့်ကို ရရှိစေတာကြောင့် ကင်ဆာကို ကာကွယ်ပေးပါတယ်။
 
ဒေါက်ခွရွက်ကို လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာ တစ်ပတ်လျှင် ၂ ကြိမ်၊ ၃ ကြိမ်ခန့်စားသုံးပါ။ ပြုတ်တို့၍သော်၎င်း ကြော်၍သော်၎င်း စားသုံးနိုင်သလို၊ အရည်ညှစ်ပြီး လိမ္မော်ရည်၊ ခရမ်းချဉ်သီးဖျော်ရည်တို့နဲ့ ရောနှော သောက်နိုင်ပါတယ်။ ဒေါက်ခွရွက်မှာ အောက်ဆာလစ် အက်ဆစ်ဓါတ်ပါဝင်ပြီး ခန္ဓာကိုယ်အတွက် သံဓါတ်နဲ့ ကယ်လစီယံ စုပ်ယူမှုတွေကို ကာကွယ်ပေးပါတယ်။
 
၈။ သလဲသီး

ကင်ဆာရောဂါကို ကာကွယ်ပေးတဲ့ နောက်ထပ် အစားအစာကတော့ သလဲသီးဖြစ်ပါတယ်။ သလဲသီးမှာလည်း အင်တီအောက်ဆီဒင့် အပြည့်အဝပါဝင်ပါတယ်။
ရင်သား၊ အသည်း၊ အရေပြားနဲ့ အူမကင်ဆာတို့ ဖြစ်နိုင်ချေကို လျော့ချပေးပါတယ်။
သလဲသီးကို နံနက်စာနဲ့အတူ တွဲစားနိုင်သလို ဖျော်ရည်အဖြစ် နူးညံ့နေအောင် ကြိတ်ချေပြီးလည်း သောက်သုံးနိုင်ပါတယ်။
 
၉။ သစ်ချသီး

ကင်ဆာတိုက်ဖျက်ရာမှာ အစွမ်းထက်တဲ့ အသီးဖြစ်ပါတယ်။ သစ်ချသီးဟာ ဦးနှောက်မှတ်ဉာဏ်စွမ်းရည် မြှင့်တင်ပေးရုံမျှမက ကင်ဆာကို တိုက်ဖျက်ပေးတဲ့ ဒြပ်ပေါင်းများစွာ ပါဝင်ပါတယ်။
 
တစ်နေ့ကို သစ်ချသီး တစ်အောင်စ(အခွံခွာပြီးသား)ခန့် စားသုံးပေးခြင်းဖြင့် ကင်ဆာဖြစ်နိုင်ချေကို လျော့ချပေးနိုင်ပါတယ်။
 
၁၀။ စပျစ်သီး
 

ကင်ဆာမဖြစ်အောင် လျှော့ချပေးနိုင်တဲ့ အဓိကဓာတ်ဖြစ်တဲ့ အင်တီအောက်ဆီဒင့် အပြည့်အဝပါဝင်တဲ့အပြင် ထပ်ပေါင်းအဖြစ် ရောင်ရမ်းမှုကိုမဖြစ်စေတဲ့ ကိုယ်ခံအား အဟာရဓါတ်တွေလည်း ပါဝင်ပါတယ်။
 
စပျစ်တစ်ခိုင်လောက် နေ့စဉ့်စားသုံး ပေးခြင်းဖြင့်လည်း ကင်ဆာရောဂါအန္တရာယ်ကို တားဆီးပေးနိုင်ပါတယ်။
 
ဖော်ပြပါ အစားအစာ (၁၀)မျိုးကတော့ မိမိပတ်ဝန်းကျင်မှာပဲ အလွယ်တကူရရှိနိုင်တဲ့ အစားအစာများပဲ ဖြစ်ပါတယ်။
စာဖတ်သူများအားလုံး ကြောက်စရာ ကင်ဆာရောဂါဘေးက ကင်းလွတ်ကြပါစေ..။
 
 
(နေဇာအောင်)
 
Photos: Internet
 

06 Sep 2018     1,822 Views




RELATED

Most Popular of Special or Others

Most Popular of Life Style