BEC-TERO TV

တာမွေက ဓားခုတ်မှုမှ တရား ၈ ဦး ညတွင်းချင်း ဖမ်းဆီးရမိ

12 Sep 2018     1,659 Views


စက်တင်ဘာလ ၁၁ ရက် (မနေ့ည)က တာမွေမြို့နယ်တွင် ဖြစ်ပွားခဲ့သော ဓါးခုတ်မှုမှ တရားခံမျာကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အချိန်တိုတွင်းဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ ကျိုက္ကဆံလမ်းပေါ်ရှိ ကလေးကစားကွင်းတွင် ကလေးချင်းရန်ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
ဇော်ဟိန်းသူ(ခ)ကတုံးမ၊ ဇနီးဖြစ်သူနှင့် သူတို့၏ ကလေးဖြစ်သူတို့ အဆိုပါဂိမ်းဆိုင်ထဲတွင် ရှိနေစဉ် အခြားကလေးငယ်တစ်ဦးက ဇော်ဟိန်းသူ၏ ကလေးခေါင်းကို ကစားစရာသေနတ်ဖြင့် ထုနေသောကြောင့် မထုရန် ပြောဆိုရာမှ အဆိုပါကလေး၏ မိခင်ဖြစ်သူနဲ့ အချေအတင် စကားများခဲ့ကြသည်။

ယင်းကိစ္စဖြင့် အစာအကြေဖြစ်ရာမှ ည ၁၀ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ဝင်းထွဋ်ဝင်းဆိုသူက ဇော်ဟိန်းသူ ၏ ယောက္ခမဖြစ်သူ ဦး........ အား ဖုံးဆက်ပြီး “မင်းတို့စောက်ချိုးမပြေဘူး
မင်းတို့ကိုလာခုတ်မယ်” ဟု ပြောဆိုရာမှ ဖုန်းထဲတွင် ထက်မံ၍ အချေအတင် စကားများကြပြန်သည်။

ထို့နောက် ဇော်ဟိန်းသူ အပါအဝင် မိသားစုများ တိုက်အောက်သို့ဆင်းလာစဉ် တစ်ဖက်ကားလမ်းတွင် ကား(၃)စီးနှင့်လာကြသော လူတစ်စုက ဓား လှံများကိုင်ဆောင်ကာ ဆင်းလာကြပြီး ပြေးဝင်ခုတ်ခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့ကြသည်။

ဓားခုတ်ခံရမှုကြောင့် ယောက္ခမဖြစ်သူ ဦး......... မှာ ယာလက် ထိုးသွင်းဒဏ်ရာရရှိ၊ ၎င်းတို့အိမ်မှ အလုပ်သမားဖြစ်သူ ကို........... တွင် ဝဲပခုံးထိုးသွင်းဒဏ်ရာ၊ ဝဲမျက်ရိုး ထိုးသွင်းဒဏ်ရာ၊ ဦးခေါင်း
နောက်စေ့ ပြတ်ရှဒဏ်ရာများဖြင့် လည်းကောင်း၊ သမက်ဖြစ်သူ
ကတုံးမ(ခ)ဇော်ဟိန်းသူ မှာ ဦးခေါင်း နောက်စေ့ပြတ်ရှ ဒဏ်ရာ၊ ဝဲမျက်ခုံး ဖူးရောင်ဒဏ်ရာ၊ ဝဲမျက်လုံး ပြတ်ရှဒဏ်ရာ၊ ရင်ညွန့်ထိုးသွင်း ဒဏ်ရာ၊ ဝဲနံဘေးထိုးသွင်းဒဏ်ရာ၊ ကျောကုန်းဝဲဘက် ထိုးသွင်းဒဏ်ရာ၊ ယာပေါင်ပြတ်ရှဒဏ်ရာများဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ကတုံးမ(ခ)ဇော်ဟိန်းသူ မှာ လမ်းတွင် သေဆုံးသွားခဲ့သည်။
ကျန်နှစ်ဦးမှာ ဆေးရုံကြီးတွင် ဆက်လက်ဆေးကုသမှုခံယူလျှက်ရှိသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး မှုခင်းဌါနစိတ်မှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်ပွားရာနေရာတွင် ပြစ်မှုကျူးလွန်သူများ စီးနင်းလာသည့် DD/……… Toyota Succeed အပြာရောင်အငှားယာဉ်ပေါ်မှ ဓားရှည်(၉)ချောင်း၊ ဓားတို(၂)ချောင်း၊ လှံ (၂)ချောင်း၊ ပေါက်စိန် (၁)လက်၊ သံလက်သီးကွင်း(၁)ခုနှင့် တာမွေယာယီဈေးရှေ့ အမှိုက်ပုံအနီးမှ ဓားရှည် ၂ ချောင်း၊ တာမွေယာယီဈေးနောက် လူဝင်ပေါက်အနီးမှ ဓားရှည်(၂) ချောင်းတို့အား
အသီးသီးတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ရဲတပ်ဖွဲ့ဝင်များ ညတွင်းချင်း တရားခံများကို ဆက်လက် စုံစမ်းဖော်ထုတ်ခဲ့ရာ ည ၁၁ နာရီ ၂၅ မိနစ်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ (၂၆)ရပ်ကွက်၊ ပြည်ထောင်စုလမ်း မပေါ်တွင် AA/-------- Toyota Caldina အငှားယာဉ်ပေါ်မှ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ (၂၂)ရပ်ကွက်နေ ဖြူတုတ်(ခ)သိန်းထွေး၊ (၄၀)နှစ်အား ရန်ဖြစ်စဉ်တွင် ရရှိသော ဝဲလက်ဖဝါး ပြတ်ရှဒဏ်ရာဖြင့် လည်းကောင်း၊ သာကေတမြို့နယ်၊ (၈)ရပ်ကွက်နေ သံဗုဒ္ဓေ(ခ)ဝင်းနိုင်၊ (၄၁)နှစ်၊ ဒဂုံမြို့သစ်
(ဆိပ်ကမ်း)မြို့နယ်၊ (၂၂)ရပ်ကွက်နေ သီဟအောင်၊(၃၅)နှစ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်နေ ယဉ်မိုး(ခ)မိုးကြီး၊ (၄၁)နှစ်တို့အား ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ (၇၇)ရပ်ကွက်နေ ဝင်းမြင့်၊ (၄၂)နှစ်မှာ 7J/-------- Toyota Alphard အဖြူရောင်ယာဉ်နှင့် ထွက်ပြေးသောကြောင့် ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီးရာ ည ၁၁ နာရီခွဲ အချိန်တွင် သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ နဝရတ်လမ်းပေါ်တွင် ကားရပ်၍ ကားပေါ်မှ ဆင်းလာပြီး ပြန်လည်ခုခံသဖြင့် ပန့်အက်ရှင်သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၎င်း၏ ကျောကုန်း
နှင့် လက်မောင်းနှစ်ဖက်တွင် ဒဏ်ရာများရရှိပြီး ဖမ်းဆီးရမိခဲ့သည်။

၁၂ ရက်နေ့ ရက်နေ့ နံနက် ၀၀:၅၀ နာရီအချိန်တွင် သာကေတမြို့နယ်၊ ၁၀/မြောက်ရပ်ကွက်နေ သိန်းထိုက်အောင်(ခ)အန်းကုန်း၊ (၂၉)နှစ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၁၆၈)ရပ်ကွက်နေ
မင်းအောင်၊ (၄၂) နှစ်တို့အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၅၆)ရပ်ကွက်၊ မင်္ဂလာလမ်းပေါ်တွင် လည်းကောင်း၊ ယင်းနေ့ နံနက် ၀၂:၀၅ နာရီအချိန် သာကေတမြို့နယ်၊ (၈)ရပ်ကွက်နေ ဝင်းထွဋ်ဝင်း၊ (၄၂)နှစ်အား ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၆၇)ရပ်ကွက်၊ ရထားသံလမ်းအနီး၊ ဗေလုဝကွေ့တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများဖြစ်သည့် ဝင်းထွဋ်ဝင်းပါ (၈)ဦးတို့အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် သက်သေခံ ပစ္စည်းများနှင့် ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ၎င်းတို့အား ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်း - YangonPolice






 


12 Sep 2018     1,659 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS