BEC-TERO TV

ငယ်ဘ၀ကထားရှိခဲ့တဲ့ အိပ်မက်လေးတစ်ခုကို ပြောပြခဲ့တယ့်စိုင်းစိုင်း

12 Sep 2018     1,421 Views


စိုင်းစိုင်းခမ်းလှိုင်လို့ ဆိုလိုက်တာနဲ့ အနုပညာဂီတလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားပြီး ပျိုပျိုအိုအို မမတွေ၊ ညီမလေးတွေသာမက ယောကျာ်းလေးများပါ နှစ်သက်သဘောကျရတဲ့ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ ဘစိုင်းလို့ခေါ်ရလောက်အောင်လဲ အသက်နဲ့မလိုက်အောင် နုပျိုလွန်းသူတစ်ယောက်ဆိုလဲမမှားပါဘူး။ ကိုယ်ပိုင်သံစဉ်သီချင်းကောင်းများစွာနဲ့ ပရိသတ်တွေရဲ့ရင်ထဲကို စွဲငြိနေရာယူထားတဲ့ စိုင်းစိုင်းကတော့ အနုပညာလောကထဲကို ၀င်ရောက်ခဲ့ချိန်ကစပြီး ယနေ့ထက်တိုင် ပရိသတ်တွေရဲ့မလျော့သောချစ်ခြင်းမေတ္တာတွေနဲ့အတူ အောင်မြင်မှုသရဖူကို ဆွတ်ခူးထားနိုင်ဆဲသူတစ်ယောက်ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ဟာ အောက်တိုဘာ (၁၄) ရက်နေ့တွင် အမျိုးသားပြဇာတ်ရုံမှာပြုလုပ်မယ့် “ပြီးခဲ့သောဇာတ်လမ်းအကျဉ်း” ဆိုတဲ့ သူ့ရဲ့ Show ပွဲနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို Live လွှင့်ခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူ အဆိုတော်ဖြိုးကြီးနဲ့အတူ Live လွှင့်ရင်း အဆိုတော်မဖြစ်ခင် ငယ်ဘ၀ကထားရှိခဲ့တယ့် အိပ်မက်လေးတစ်ခုကို ဖြိုးကြီးနဲ့စကားပြောရင်း ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။

“ငါငယ်ငယ်တုန်းက အဆိုတော်မဖြစ်ခင်တုန်းက မသီရိဂျေမောင်မောင်နဲ့ပေါင်းတော့ သူ့သီချင်းတွေမှာ Rap လိုက်ဆိုတယ်။ အဲ့တုန်းက မသီရိက တစ်ရက်မှာအမျိုးသားဇာတ်ရုံမှာ စတိတ်ရှိုးရှိတယ်။ အဲ့ခေတ်က သူတို့က သုံးပုဒ်လောက်ပဲဆိုတာ။ ငါကဆိုချင်တယ်လို့ပြောတော့ သူကသူ့ရဲ့သီချင်းတွေကိုပေးဆိုတော့ ငါက Featuring အနေနဲ့လိုက်ဆိုတယ်။ အဲ့ချိန်ထဲက တစ်ရက်တော့ ငါ့ဘ၀မှာ အမျိုးသားဇာတ်ရုံမှာပွဲလုပ်မယ်။ အဲ့တာ ငယ်ဘ၀က အိပ်မက်တစ်ခုပါ” ဆိုပြီး အားရပါးရရယ်မောရင်း ငယ်ဘ၀ကထားရှိခဲ့တယ့် အိပ်မက်လေးအကြောင်းကို သူငယ်ချင်းဖြိုးကြီးနဲ့အတူ Live လွှင့်ရင်းပြောပြခဲ့တာဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ အိပ်မက်လေးတစ်ခုက မကြာခင်မှာ အကောင်အထည်ပေါ်လာတော့မှာဖြစ်ပြီး အမျိုးသားပြဇာတ်ရုံမှာ Show လုပ်ရတဲ့ အဓိကရည်ရွယ်ချက်လေးလဲဖြစ်ပါတယ်...

လုပ်နေကျ Show ပွဲပုံစံတွေနဲ့မတူပဲ တင်ဆက်သွားမှာဖြစ်တဲ့အကြောင်းကိုလည်း “ဒီပွဲမှာ တစ်ပွဲလုံးကို Ochestral တွေနဲ့တီးမှာ။ အရင်တုန်းကပွဲတွေဆို DJ နဲ့လုပ်တယ်။ Band နဲ့လုပ်တယ်။ တစ်ခါတစ်လေ Ochestral တွေနဲ့ဆိုတယ်၊ ဒါပေမယ့် ပွဲရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ပဲလုပ်တယ်။ ဒီပွဲမှာတော့ ကွန်ပြူတာအထူးပြုလုပ်ချက်တွေ၊ DJ တွေဘာမှမပါပဲ တီးယူမယ်။ အဲ့လိုမျိုးတစ်ပွဲလုံးတစ်ခါမှ မလုပ်ဖူးဘူး။ တာဝန်တော့ကြီးတယ်၊ သေချာတော့လုပ်မယ်” ဆိုပြီး တစ်မူထူးခြားတဲ့ Show ပွဲပုံစံလေးလုပ်မယ့်အကြောင်းကို ပြောပြထားပါသေးတယ်။ ဒါကိုအဆိုတော်ဖြိုးကြီးမှ “အေးဆေးပါ စိုင်းစိုင်းက တာဝန်မကြီးရင် မလုပ်ချင်တာအားလုံးသိပြီးသားပါ” ဆိုပြီး အရွှန်းဖောက်ကာ နောက်ပြောင်ထားပါသေးတယ်။

အောက်တိုဘာ (၁၄) ရက်နေ့မှာပြုလုပ်မယ့် “ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း” show ပွဲအတွက် လက်မှတ်တွေကိုတော့ စက်တင်ဘာ ၁၆ ရက်နေ့မှာ Junction city မှာ ပရိသတ်တွေကို ရောင်းချသွားမှာဖြစ်တယ်လို့လဲသိရပါတယ်။ ကဲပရိသတ်ကြီးရေ စိုင်းစိုင်းရဲ့ Show ပွဲအတွက် ရင်တွေခုန်နေကြပြီလားဝေ့။

 


12 Sep 2018     1,421 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment