BEC-TERO TV

ခွင့်ပြုမိန့်မကျသဖြင့် မန္တလေးလူထုလုံခြုံရေး ဆွေးနွေးပွဲပျက်

13 Sep 2018     4,281 Views


မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း လက်နက်ကိုင်ကာ လုယက်မှုများ နေရာအတော်များများတွင် ဖြစ်ပေါ်နေခဲ့သည့် အခြေအနေနဲ့ ပက်သက်ပြီး မန္တလေးလူထုလုံခြုံရေးအတွက် ဆွေးနွေးပွဲတစ်ရပ်ကို စက်တင်ဘာလ ၁၃ (ယနေ့)တွင် ကျင်းပပြုလုပ်ရန် တာဝန်ရှိသူများထံ ခွင့်ပြုစာတင်ထားသော်လည်း အချိန်မီပြန်မကျလာသဖြင့် ဆွေးနွေးပွဲ ပျက်ခဲ့ကြောင်း အဆိုပါဆွေးနွေးပွဲအား စီစဉ်သူများအဖွဲ့မှ သိရှိရသည်။

မန္တလေးမြို့ သကျသီဟ ဘုရားဝင်း အတွင်း ဝေဇယန္တာ မဟာဗန္ဓုလ ဓမ္မာရုံတွင် ကျင်းပရန် စီစဉ်ထားသည့် မန္တလေးလူထု လုံခြုံမှုရေးရာ ဆွေးနွေးပွဲ ကို အချိန်မီ ခွင့်ပြုမိန့် ရောက်ရှိလာခြင်း မရှိသဖြင့် အထမမြောက်ခဲ့ပါ။


ဘုရားဂေါပကများ ၊ ရပ်ကွက် အုပ်ချုပ်ရေး တို့မှ အားတက်စွာ ကူညီဆောင်ရွက်ပေးပါသော်လည်း လုပ်ထုံးအရ မြို့နယ် ခရိုင် အဆင့်များထိ အဆင့်ဆင် ခွင့်ပြုမိန့်စာများ တက်သွားခဲ့ပြီး ဝန်ကြီးချုပ် ရုံးအထိ စာရောက်ခဲ့ပါသည်။ အစိုးရရုံးအဖွဲ့ သို့ ဆက်သွယ်ပါသော်လည်း တိကျသည့် ပြန်ကြားချက် မရရှိခဲ့ပါ။


သို့ပါသော်လည်း ကျင်းပမည့်နေ့ နံနက် ၉နာရီ၄၅မိနစ် အထိ ကျော်လွန်လာသော်လည်း သက်ဆိုင်ရာမှ ခွင့်ပြုခြင်း ၊ ခွင့်မပြုခြင်း ကို သက်ဆိုင်ရာမှ တိကျသော အဖြေ ပြန်လည်ရောက်ရှိမလာသည့် အတွက် ကျင်းပမည့် နေရာ၏ ဂေါပက အဖွဲ့ မှလည်း အထက်မှ ခွင့်ပြုစာ ရောက်မလာလျှင် ဓမ္မာရုံတွင်းသာ မက ဘုရားပုရဝဏ်အတွင်းကိုပင် ခွင့်ပြုပေးနိုင်ရန် အခြေအနေ မပေးသောကြောင့် ၊ ကြွရောက်လာသော ဆရာတော်များ ၊ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ ၊ တက်ရောက်လာသူများ အတွက် နေရာထိုင်ခင်း အခက်အခဲများကြောင့် စီစဉ်သူများ အနေဖြင့် ကျင်းပခြင်း မပြုတော့ကြောင်း ကြေငြာခဲ့ရပါသည်။


မန္တလေး လူထု လုံခြုံမှုရေးရာ ဆွေးနွေးပွဲ ကို ထပ်မံ၍ ကျင်းပနိုင်အောင် ထပ်မံကြိုးစားသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။


လေးစားစွာဖြင့်
စီစဉ်ဆောင်ရွက်သူများ
၁၃.၉.၁၈

 

ဟု ဖော်ပြထားပါသည်။

 

========================================

The X Factor Myanmar Season 3 ပြိုင်ပွဲကြီး ပရိသတ်များရဲ့အားပေးမှုနဲ့အတူ ပြန်လည်ရောက်ရှိလို့လာပါပြီ။
Season 3 မှာ အကဲဖြတ်ဒိုင်တွေအဖြစ် (ဂရေဟမ်၊ L ဆိုင်းဇီ၊ ဇမ်နူး၊ ဇဝါ) တို့က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လာမယ့် စက်တင်ဘာ ၁၅ (စနေနေ့)ည ၉ နာရီမှစပြီး MRTV-4 ချန်နယ်လ်က အပတ်စဉ်ထုတ်လွှင့်ပြသတော့မှာ ဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး...
 

>> https://www.facebook.com/xfactormyanmar/ <<


 


13 Sep 2018     4,281 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS