BEC-TERO TV

ကျောင်းသူလေးများအား BMWကားဖြင့် အပြုံလိုက်တက်ကြိတ်မိ (ရုပ်သံ)

13 Sep 2018     3,146 Views


ကားမောင်းမကျွမ်းကျင်သော ကျောင်းဆရာမတစ်ဦးက သူမ၏ BMW ကားဖြင့် ကျောင်းသူလေးများကို အစုလိုက်အပြုံလိုက် တက်ကြိတ်မှုတစ်ခု မကြာသေးမီရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည်။

စက်တင်ဘာလ ၅ ရက်နေ့က တရုပ်နိုင်ငံ ဟန်နန်ပြည်နယ် ဖုယန်းမြို့ရှိ အလယ်တန်းကျောင်း တစ်ခုရှေ့တွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုမှာ တုန်လှုပ်စရာကောင်းခဲ့သည်။ စောင့်ကြည့်ကင်မရာ ရုပ်သံအရ ကျောင်းဝင်းအပြင်ဘက်တွင် အခမ်းနားတစ်ခုအတွက် လေ့ကျင့်နေဟန်တူသော ကျောင်းသူလေးများက တူညီဝတ်စုံနှင့် ဦးထုတ်အဝါလေးများ ဆောင်းထားပြီး စီတန်းလှည့်လည်နေကြသည်။

ထိုစဉ်ကျောင်းဝင်းထဲမှ ကျောင်းဆရာမတစ်ဦး မောင်းနှင်လာသော BMW ကားက မောင်းထွက်လာပြီး ကျောင်းသူလေးများကို ဝင်တိုးတိုက်မိကာ တက်ကြိတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယာဉ်မတော်တဆမှုတွင် ကံကောင်းထောက်မစွာဖြင့် လူသေဆုံးမှုမရှိခဲ့သော်လည်း ကျောင်းသူ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တစ်ဦးမှာ အရိုးများကျိုးကြေသွားခဲ့ကြောင်း သိရှိရသည်။ ယာဉ်မောင်းနှင်သူ ကျောင်းဆရာမကို ရဲအဖွဲ့က ထိန်းသိမ်းထားပြီး ယာဉ်မောင်း ကျွမ်းကျင်မှုအားနည်းမှုကြောင့် ဖြစ်ရသည်ဟု မှတ်ချက်ပြုထားကြောင်း တရုပ်သတင်းမီဒီယာတွင် ဖော်ပြပါရှိသည်။

=======================================

The X Factor Myanmar Season 3 ပြိုင်ပွဲကြီး ပရိသတ်များရဲ့အားပေးမှုနဲ့အတူ ပြန်လည်ရောက်ရှိလို့လာပါပြီ။
Season 3 မှာ အကဲဖြတ်ဒိုင်တွေအဖြစ် (ဂရေဟမ်၊ L ဆိုင်းဇီ၊ ဇမ်နူး၊ ဇဝါ) တို့က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လာမယ့် စက်တင်ဘာ ၁၅ (စနေနေ့)ည ၉ နာရီမှစပြီး MRTV-4 ချန်နယ်လ်က အပတ်စဉ်ထုတ်လွှင့်ပြသတော့မှာ ဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး...


>> https://www.facebook.com/xfactormyanmar/ <<
 


13 Sep 2018     3,146 Views




RELATED

Most Popular of Special or Others

Most Popular of NEWS