BEC-TERO TV

မလေးဝန်ကြီးချုပ်ဟောင်း၏ ရှေ့နေအား ငွေကြေးခဝါချမှုဖြင့်ဖမ်းဆီး

14 Sep 2018     1,475 Views


မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း “နာဂျစ်ရာဇက်” ရဲ့  ရှေ့နေဖြစ်သူ “မိုဟာမက်ရှဖီး” ကို ငွေကြေးချဝါချမှု နိုင်ငံတော်ပိုင် ဝမ်းမလေးရှားဖွံ့ဖြိုးရေးကုမ္ပဏီ(1MDB)ရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကာ နိုင်ငံတော်ပိုင် ဘီလီယံနဲ့ချီတဲ့ ငွေကြေးတွေကို ပြည်ပရောက်အောင် လုပ်ခဲ့မှုတွေအတွက် စက်တင်ဘာလ ၁၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရပါတယ်။

မလေးရှားနိုင်ငံမှာ မထင်မှတ်ပဲ ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက် အစိုးရ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့ပြီးနောက် အဂတိလိုက်စားမှုကို စတင်ကိုင်တွယ်ခဲ့ပါတယ်။ 1MDB အမှုနဲ့ပက်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ လုပ်ပုံကိုင်ပုံတွေဟာ မျှော်လင့်ထားတာထက် နှေးကွေးနေကြောင်းလည်း မဟာသီယာ အစိုးရက သတိပေးပြောကြားလိုက်ပါတယ်။ အခုချိန်ထိ အလွဲသုံးစားလုပ်ခံထားရတဲ့ ရံပုံငွေတွေရဲ့ ၃၀% သာ ပြန်လည်ရရှိပါသေးတယ်။

“မိုဟာမက်ရှဖီး” ကတော့ သူမှာအပြစ်မရှိကြောင်း တရားရုံးတော်နှစ်ခုမှာ လျှောက်လဲထားခဲ့ပါတယ်။ သူဟာ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ထံကနေ မလေးရှားရင်းဂစ် ၉.၅ သန်း လက်ခံရယူထားတယ်လို့ စွပ်စွဲခံထားရသူဖြစ်ပါတယ်။ ဒါ့အပြင် ဝင်ငွေခွန် လိမ်လည်ပြသမှု အမှုနှစ်ခုအတွက်လည်း တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။

“ဒီအမှုဟာ 1MDB နဲ့ ဆက်နွယ်နေတဲ့ အမှုတစ်ခုဖြစ်ပါတယ်၊ ဒါပေမယ့် သူရထားတဲ့ ငွေတွေက 1MDB ရံပုံငွေတွေဖြစ်တယ်လို့တော့ ဆိုလိုတာမဟုတ်ပါဘူး” ဟု အမှုကို ကိုင်တွယ်စစ်ဆေးနေတဲ့ အရာရှိဖြစ်သူ “ဂိုပယ်လ်စရီရမ်” က ပြောကြားခဲ့ပါတယ်။
“ရှဖီး” ဟာ ဒီငွေကြေးတွေကို ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်မှာ “နာဂျစ်” ဆီကနေ ချက်လက်မှတ်နဲ့ လက်ခံရယူခဲ့တာဖြစ်ပါတယ်။

“ရှဖီး” ရဲ့ ပြိုင်ဘက်ဖြစ်သူတွေကတော့ PKR ပါတီရဲခေါင်းဆောင်ဖြစ်သူ “အန်န်ဝါအီဘရာဟင်” အမှုကို တရားစီရင်ရာမှာ လာဘ်ထိုးတဲ့အနေနဲ့ ပေးခဲ့တာလို့ စွပ်စွဲခဲ့ပါတယ်။ “အန်န်ဝါအီဘရာဟင်” ဟာ ဓမ္မတာနဲ့ဆန့်ကျင်တဲ့ လိင်ဆက်ဆံမှုအတွက် ၂၀၁၅ ခုနှစ်မှာ ထောင်ကျခဲ့ပါတယ်။  
“ရှဖီ” ကတော့ ဒီစွပ်စွဲချက်တွေဟာ မမှန်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။
“အန်န်ဝါအီဘရာဟင်” က ပြီးခဲ့တဲ့ မေလ က ပြန်လည်လွတ်မြောက်လာပြီး မလေးရှားရဲ့ ဝန်ကြီးချုပ်ရာထူးနေရာ ရလာဖို့ ရှိနေပါတယ်။

“ရှဖီး” အတွက် အာမခံကြေး မလေးရှားရင်းဂစ် ၁ သန်း သတ်မှတ်ထားပါတယ်။ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်အမြင့်ဆုံး (၅)နှစ် သို့မဟုတ် ငွေဒဏ်အဖြစ် အာမခံငွေရဲ့ ၅ ဆ၊ ၅ သန်း ဒါမှမဟုတ် ပြစ်ဒဏ်နှစ်ရပ်လုံးလည်း ကျခံရဖွယ်ရှိပါတယ်။

1MDB ရဲ့ ငွေကြေးခဝါချမှုတွေမှာ အနည်းဆုံးနိုင်ငံခြားတိုင်းပြည် ၆ နိုင်ငံပါဝင်နေပါတယ်၊ အဲဒီအထဲမှာ အမေရိကန်၊ စင်ကာပူ နဲ့ ဆွစ်ဇာလန် နိုင်ငံတို့လည်း ပါဝင်ပါတယ်။ စုစုပေါင်း ၄.၅ ဘီလီယံကို 1MDB ရဲ့ ထိပ်တန်းအရာရှိတွေက ကိုယ်ကျိုးအတွက် အလွဲသုံးစား လုပ်ခဲ့ကြတာဖြစ်တယ်လို့ ယူအက်စ်တရားစီရင်ရေးက ဖော်ပြထားပါတယ်။

စင်ကာပူက 1MDB ပိုင်ဆိုင်တဲ့ ငွေကြေး ၁၁.၁ သန်းနဲ့ သန်း ၂၅၀ တန်ကြေးရှိတဲ့ အပျော်စီးရွက်လှေတစ်စီးကို ပြီးခဲ့တဲ့ အပတ်က မလေးရှားကို ပြန်လည်အပ်နှံခဲ့ပါတယ်။

====================================

The X Factor Myanmar Season 3 ပြိုင်ပွဲကြီး ပရိသတ်များရဲ့အားပေးမှုနဲ့အတူ ပြန်လည်ရောက်ရှိလို့လာပါပြီ။
Season 3 မှာ အကဲဖြတ်ဒိုင်တွေအဖြစ် (ဂရေဟမ်၊ L ဆိုင်းဇီ၊ ဇမ်နူး၊ ဇဝါ) တို့က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လာမယ့် စက်တင်ဘာ ၁၅ (စနေနေ့)ည ၉ နာရီမှစပြီး MRTV-4 ချန်နယ်လ်က အပတ်စဉ်ထုတ်လွှင့်ပြသတော့မှာ ဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး...
 

>> https://www.facebook.com/xfactormyanmar/ <<



 


14 Sep 2018     1,475 Views




RELATED

Most Popular of International News

Most Popular of NEWS