BEC-TERO TV

ကြောင်ကို အဝတ်လျှော်စက်ထဲ ထည့်သတ်ခဲ့သူများအား ရဲအဖွဲ့ရှာဖွေနေ

14 Sep 2018     1,475 Views


မလေးရှားနိုင်ငံ ဂွန်ဘက်မြို့ရှိ အဝတ်လျှော်ဆိုင် တစ်ဆိုင်တွင် ကိုယ်ဝန်ရှိနေသော ကြောင်တစ်ကောင်အား အဝတ်လျှော်စက်ထဲထည့်ကာ သတ်ပစ်ခဲ့သည့် အမျိုးသား ၃ ဦးအား ရှာဖွေလျှက်ရှိကြောင်း မလေးရှားရဲအဖွဲ့ ထုတ်ပြန်ခဲ့သည်။

ပြစ်မှုကျူးလွန်သူများမှာ အသက် ၃၀ ကနေ ၄၀ ကြား အမျိုးသားများဖြစ်ကြပြီး မည်သူမဆိုတွေ့ရှိခဲ့ပါက ဖုန်းနံပါတ် 017-929 1359 သို့ ဆက်သွယ်အကြောင်းကြားပေးပါရန် စက်တင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၁ ရက် (အင်္ဂါနေ့) နံနက်အစောပိုင်း ၁၂ နာရီ ၃၀ အချိန်တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါရုပ်သံ လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့သည်။ ရုပ်သံဗီဒီယိုအရ ကိုယ်ဝန်ရှိနေသော ကြောင်မကြီးတစ်ကောင်ကို လူနှစ်ဦးက ကုတ်ကနေဆွဲကာ အခြောက်ခံစက်ထဲသို့ ပစ်ထည့်ခဲ့ပြီး စက်ကိုလည်ပတ်မောင်းနှင်စေခဲ့သည်။

ရုပ်သံမှာ အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့ပြီး တိရိစ္ဆာန်ချစ်သူတွေက ပြစ်မှုကျူးလွန်သူများကို အရေးယူအပြစ်ပေးရန် ဖိအားပေးခဲ့ကြသည်။ လက်ရှိမှာတော့ အမှုမှ ကျူးလွန်သူများကို စုံစမ်းရှာဖွေလျှက်ရှိပြီး ဥပဒေပုဒ်မ ၄၂၈ (တိရိစ္ဆာန်ညှင်းပမ်းမှု၊ ကိုယ်လက်အင်္ဂါချို့တဲ့စေမှု) ဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 


14 Sep 2018     1,475 Views




RELATED

Most Popular of Special or Others

Most Popular of NEWS