BEC-TERO TV

ချစ်ရတဲ့ Fan တွေဆီက အကောင်းဆုံးလက်ဆောင်ရရှိခဲ့တယ့် ဖြိုးမြတ်အောင်

14 Sep 2018     1,306 Views


ယနေ့အွန်လိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့ ပီတိဖြစ်စရာသတင်းလေးတစ်ခုကတော့ ဖြိုးမြတ်အောင်နဲ့ ချစ်စရာကောင်းတဲ့ သူ့ Fan တွေရဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးရဲ့ Season တစ်လျှောက်မှာ အအောင်မြင်ဆုံး winner ဆုရှင်တစ်ယောက်လို့တောင် ပြောရလောက်တယ့် ဖြိုးမြတ်အောင်ကတော့ အခိုင်အမာအားပေးကြမ်းကျတဲ့ ပရိသတ်တွေကို ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ စိတ်ရင်းစိတ်ထားကောင်းလွန်းတဲ့ ဖြိုးမြတ်အောင်ကို ချစ်ရတဲ့ဖန်တွေက အံ့အားသင့်စရာအကောင်းဆုံးသော လက်ဆောင်တစ်ခုကိုပေးခဲ့ကြပါတယ်။ ဖြိုးမြတ်အောင်အတွက် ဖန်တွေကလုပ်ပေးတဲ့ ၀မ်းသာစရာသတင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်….

“မိသားစုတွေက လက်ဆောင်ပေးဖို့ လွှဲကြတဲ့ (၁၂,၃၈၅,၀၀၀) ကျပ်ကို ဖြိုးမြတ်အောင်အတွက် ကားဝယ်တဲ့ နေရာမှာ တထောင့်တနေရာကနေ ပါဝင်ပေးခဲ့ပါပြီ ... မူလ အစီအစဉ်အရ ဂုဏ်ပြုပွဲလေးမှာ ပေးအပ်ဖို့ ရည်ရွယ်ထားပေမယ့် အရေးကြီးတာကို ဦးစားပေးတဲ့အနေနဲ့ ကားဝယ်ဖို့ကို အရင်ဆုံး စီစဉ်လိုက်ရပါတယ် ...

အားလုံးပဲ ကျေနပ်ကြမယ်လို့ ထင်ပါတယ် ... ကိုဖြိုးကတော့ မအားလို့ ကားဝယ်တဲ့နေရာတောင် မလိုက်နိုင်တာပါ ... ကိုဖြိုးကလည်း လကုန်အထိနားရက် မရှိပဲ အလုပ်တွေ ဆက်နေလို့ ဂုဏ်ပြုပွဲလုပ်ဖို့ကို (၁၀) လပိုင်းထဲမှာ ဖြစ်အောင်တော့ စီစဉ်နေရပါတယ် ... ပွဲအတွက် ပြင်ဆင်နေကြတဲ့ လူတွေလည်း အချိန်ပေးပြီး ပြင်ဆင်လို့ရသွားတာပေါ့ဗျာ ...အဆင်မပြေမှုလေးတွေကို နားလည်ပေးမယ်လို့ ယုံကြည်ပါတယ် ... လေးစားစွာဖြင့် ..... #Admin_Team” ဆိုပြီး ဖြိုးမြတ်အောင်ရဲ့ Fan group မှာ ရေးသားဖော်ပြထားတာပဲဖြစ်ပါတယ်။ အလိုက်သိလွန်းတဲ့ ချစ်စရာအရမ်းကောင်းတဲ့ဖန်တွေကြောင့် ဖြိုးမြတ်အောင်တစ်ယောက်တော့ ၀မ်းသာပီတိဖြစ်မဆုံး ဖြစ်နေမှာပဲနော်…..

လက်ရှိမှာတော့ ဖြိုးမြတ်အောင်ဟာ ကြော်ငြာများစွာကိုလက်ခံရိုက်ကူးနေလျက်ရှိပြီး ရုပ်ရှင်ဇာတ်ကားကြီးပါရိုက်ကူးဖို့အတွက် ကမ်းလှမ်းခြင်းခံထားရသူဖြစ်ပါတယ်။ ဒါ့အပြင် သူချစ်တဲ့ အနုပညာဂီတအလုပ်တွေကိုလဲ အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ပရိသတ်ကြီးလဲ ဖြိုးမြတ်အောင်ရဲ့ အောင်မြင်မှုတွေအတွက် ပီတိဖြစ်နိုင်ကြပါစေနော်…

                                  ×××××××××××××××××××××××××××××××××××××××××××

The X Factor Myanmar Season 3 ပြိုင်ပွဲကြီးကတော့ ပရိသတ်များရဲ့အားပေးမှုနဲ့အတူ ပြန်လည်ရောက်ရှိလို့လာပါပြီ။ Season 3 မှာ အကဲဖြတ်ဒိုင်တွေအဖြစ် (ဂရေဟမ်၊ L ဆိုင်းဇီ၊ ဇမ်နူး၊ ဇ၀ါ) တို့က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လာမယ့် စက်တင်လာ ၁၅ (စနေနေ့) ည ၉နာရီမှစပြီး MRTV-4 channel ကနေ အပတ်စဉ်ထုတ်လွှင့်ပြသတော့မှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး.....

>> https://www.facebook.com/xfactormyanmar/ <<


14 Sep 2018     1,306 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment