BEC-TERO TV

GTI လူသတ်တရားခံများအား ဇိမ်ခံကားဖြင့် ရုံးထုတ်ခဲ့သည့်ကိစ္စ အတိုက်အခံဖြစ်ခဲ့ (ရုပ်သံ)

14 Sep 2018     1,379 Views


စက်တင်ဘာ ၁၃ ရက်နေ့တွင် ကျောက်ဆည်မှ နည်းပညာတက္ကသိုလ် ကျောင်းသား မောင်နေမင်းထက် အသတ်ခံရမှုတရားခံများအား အချုပ်ကားနှင့် ရုံးမထုတ်ပဲ လုံခြုံရေးကြောင့်ဟုဆိုကာ အိမ်စီးကားနှင့် ရုံးထုတ်ခဲ့သဖြင့် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှုးနှင့် သေဆုံးသူ၏ဆွေမျိုးမိဘများ ကျောင်းသား/သူများနှင့်မြို့နေလူထုက မကျေမနပ်အတိုက်အခံဖြစ်ခဲ့ ကြောင်း သိရပါသည်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
 
 
ဖြစ်စဉ်မှာ သြဂုတ်လ ၂၉ ရက် ည ၉ နာရီခွဲအချိန်ျခန့်တင် နေမင်းထက်က သူငယ်ချင်းဖြစ်သူ၏ ဆိုင်ကယ်နောက်တွင် ဖုန်းမှဂိမ်းကစားရင်း ထိုင်စီးလာစဉ် လူသုံးယောက် စီးလာသောဆိုင်က သူတို့ဆိုင်ကယ်နှင့် ဘေးချင်းယှဉ်လိုက်လာပြီး နေမင်းထက်၏လက်ထဲမှဖုန်းအားလုယူခဲ့ကြပြီး လူသုံးဦးက သူတို့နှစ်ယောက်ကိုထိုကြီးပြီး နေမင်းထက်ကို ဓားနဲ့ထိုးသွားခဲ့သည် ။
 
 
တိုင်းသိပြည်သိ လုယက်လူသတ်မှုဖြစ်သည့် အမှုမှတရားခံများအား ယနေ့ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ပထမအကြိမ် တရားရုံးထုတ်ခဲ့ရာ မြို့နေလူထုနှင့် ကျောင်းသား/သူ လာရောက်ကြည့်ရူ့ သူ များပြားလွန်းသဖြင့် လုံခြုံရေးအရဟူသောအကြောင်းပြချက်ဖြင့် လူသတ်တရာခံများအား အိမ်စီးဇိမ်ခံကား အကောင်းစားဖြင့် တရားရုံးထုတ်ခဲ့ပါသည် ။
 
 
ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှုး၏ ယင်းကဲ့သို့လုပ်ရပ်အား သေဆုံးသူ၏ဆွေမျိုးမိဘများ ကျောင်းသား/သူများနှင့်မြို့ နေလူထုက မကျေမနပ် ဖြစ်ကာ အနည်းငယ်အတ်ုက်အခံ ဖြစ်ကြပြီး ခရိုင်ရဲတပ်ဖွဲ့မှုးက "ကျနော့်အနေဖြင့် တရားခံ၏လုံခြုံရေး၊ တရားရုံးလုံခြုံရေး၊ အများပြည်သူလုံခြုံရေးအရ ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်ကြောင်းနှင့် နောက်ရုံးချိန်းများတွင် အချုပ်ကား ဖြင့်သာ ရုံးထုတ်ပါမည်"ဟု မီယာများရှေ့တွင် ဖြေကြားသွားကြောင်း သိရပါသည်။ 
 

Source : နေစိုးမိုး

14 Sep 2018     1,379 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS