BEC-TERO TV

အမိုက်စားဖက်ရှင်များနဲ့ ကြွေကျလောက်အောင်လှပါတဲ့ မမြတ်လေး

14 Sep 2018     1,391 Views


ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူကတော့ သရုပ်ဆောင်ပိုင်းမှာလဲ ပြောစရာမလိုအောင် ကျရာဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်နိုင်သူဖြစ်ပါတယ်။ ချောမောလှပတဲ့ ရုပ်ရည်လေးနဲ့အတူ အချိုးအစားကျလှပလွန်းတဲ့ ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတဲ့ အေးမြတ်သူကတော့ ဖက်ရှင်ပိုင်းမှာလဲဆိုလည်း အမြင်တင့်တယ်အောင် လှပစွာဝတ်စားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ တည်ငြိမ်ရင့်ကျက်စွာပြောင်းလဲလာတဲ့သူမက မြန်မာဝတ်စုံလေးတွေကို လှလှပပ၀တ်ပြီးပရိသတ်တွေကို ဖမ်းစားထားနိုင်သူတစ်ယောက်လဲဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ မမြတ်လေးက ဆွဲဆောင်မှုရှိလွန်းတဲ့ဖက်ရှင်ဒီဇိုင်းလေးတွေနဲ့ လှပနေတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးကိုဝေမျှထားတာတွေ့ရပါတယ်။ ဒီဇိုင်နာ ကိုလတ်ရဲ့ဖန်တီးမှုလက်ရာလေးတွေဖြစ်ပြီး MRTV-4 မှာပြသနေတယ့် မိုးကောင်းကင်အိပ်မက် ဇာတ်လမ်းတွဲထဲမှာ သူမ၀တ်ဆင်ခဲ့တယ့် ဖက်ရှင်လေးတွေဖြစ်ပါတယ်။ သူမရဲ့ ကိုယ်လုံးလှလှလေးမှာ ၀တ်ဆင်လိုက်တော့ ကြွေလောက်စရာဒီဇိုင်းလေးတွေဖြစ်ကာ ကြည့်ရသူအဖို့ ရှုမ၀ဖြစ်သွားစေမှာအမှန်ပါပဲနော်။

                                ××××××××××××××××××××××××××××××××××××××××××××

The X Factor Myanmar Season 3 ပြိုင်ပွဲကြီးကတော့ ပရိသတ်များရဲ့အားပေးမှုနဲ့အတူ ပြန်လည်ရောက်ရှိလို့လာပါပြီ။ Season 3 မှာ အကဲဖြတ်ဒိုင်တွေအဖြစ် (ဂရေဟမ်၊ L ဆိုင်းဇီ၊ ဇမ်နူး၊ ဇ၀ါ) တို့က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လာမယ့် စက်တင်လာ ၁၅ (စနေနေ့) ည ၉နာရီမှစပြီး MRTV-4 channel ကနေ အပတ်စဉ်ထုတ်လွှင့်ပြသတော့မှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး.....

>> https://www.facebook.com/xfactormyanmar/ <<

 

 

 


14 Sep 2018     1,391 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment