BEC-TERO TV

အသက်(၁၉ နှစ်) မိန်းကလေးအား လူ ၁၂ ဦး ၈ နာရီကြာ အဓ္ဓမပြုကျင့်မှုဖြစ်ပွား

17 Sep 2018     2,546 Views


ဘတ်စ်ကားမှတ်တိုင်တွင် ကားစောင့်နေသော အသက် ၁၉ နှစ်အရွယ် မိန်းကလေးအား လူ ၁၂ ဦးက ဝိုင်းဝန်းတရွတ်တိုက်ဆွဲခေါ် ပြန်ပေးဆွဲကာ အုပ်စုလိုက် ၈ နာရီကြာ အဓ္ဓမပြုကျင့်မှုတစ်ခု အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်။

အဓ္ဓမပြုကျင့်ခံရမှုကြောင့် မိန်းကလေးမှာ ကြောက်လန့်အားကြီးကာ စကားပင် ခက်ခက်ခဲခဲ ပြောရသည့် အခြေအနေဖြစ်ခဲ့ရသည်။ မိန်းကလေး၏ ထွက်ဆိုချက်အရ အဓ္ဓမပြုကျင့်ခဲ့သူများထဲတွင် စစ်သားတစ်ဦးအပါအဝင် မျက်မှန်းတန်းမိနေသာသူ ၃ ဦး ပါဝင်ကြောင်း (Pankaj, Nishu, Manish) အမည်များနဲ့တစ်ကွ တိုင်ကြားခဲ့သည်။ အဆိုပါ ၃ ဦးထဲမှ Pankaj မှာ စစ်သားတစ်ဦး ဖြစ်သည်။

ဖြစ်စဉ်မှာ အိန္ဒိယနိုင်ငံ ဟာရာနာပြည်နယ် မာဟန်ဒါဂါရှိ ဘတ်စ်ကားဂိတ်တွင် ကားစောင့်နေစဉ် တိုင်ကြားခံထားရသူများထဲမှ အမျိုးသားနှစ်ဦးက သူမကို ဆေးခပ်ထားသည့် ရေတိုက်ခဲ့ပြီးနောက် ၂၅ မိုင်အကွာအဝေးခန့်ရှိသော အိမ်တစ်လုံးသို့ ခေါ်သွားခဲ့ကြသည်။

အိမ်ရောက်ပြီးနောက် လူတွေတစ်ဖွဲဖွဲရောက်ရှိလာကာ စုစုပေါင်း ၁၂ ကျော်ရှိမည်ဟု ခန့်မှန်းပြီး ၈ နာရီကျော်ကြာ အုပ်စုလိုက် အဓ္ဓမပြုကျင့်ခဲ့ကြောင်း အိန္ဒိယတိုင်းမ်း သတင်းစာတွင် ဖော်ပြထားသည်။

ထိုနောက် သူမကို ခေါ်ဆောင်လာသော ကားမှတ်တိုင်းအနီးတွင် ပြန်လည်ပစ်ထားခဲ့ပြီး သူတို့ထဲမှ တစ်ယောက်က သူမ၏ အိမ်ကို ဖုန်းဆက်ကာ ကားမှတ်တိုင်တွင် လာခေါ်ရန် ဆက်သွယ်အကြောင်းကြားခဲ့သည်။

အမှုအတွက် ဖမ်းဆီးခံရသူမရှိသေးသော်လည်း ရဲစခန်းက သံသယတရားခံ ၃ ဦးရဲ့ ဓါတ်ပုံကို ထုတ်ပြန်ကြေညာခဲ့သည်။ မိန်းကလေးတွင် ဒဏ်ရာအနာတရများ ရခဲ့ပြီး လည်ပင်းက နာကျင်လွန်းသဖြင့် စကားကောင်းကောင်းမပြောနိုင် အစာလည်း မျိုချ၍မရကြောင်း၊ သူမရဲ့ လည်ပင်းကို ဝိုင်းကိုင်ခံထားရဟန်တူကြောင်း မိခင်ဖြစ်သူက ပြောကြားသည်။

အိန္ဒိယနိုင်ငံမှာ အုပ်စုဖွဲ့ အဓ္ဓမကျင့်မှုများ ၂၀၁၂ ခုနှစ်ထဲက ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ပြီး သွားနေတဲ့ ဘတ်စ်ကားပေါ်မှာ မိန်းကလေးတစ်ယောက်ကို မုဒိန်းကျင့် ညှင်းပမ်းနှိပ်စက်ခဲ့မှုက တစ်ကမ္ဘာလုံးကို ခြောက်ခြားသွားစေတဲ့ သတင်းတစ်ပုဒ် ဖြစ်ခဲ့ဖူးပါတယ်။
အိန္ဒိယအစိုးရက မုဒိန်းမှုကို ပြစ်ဒဏ် ၂၀ နှစ်ထိ တိုးမြှင့်ခဲ့ပေမယ့် မကြာခဏဆိုသလို အလားတူမုဒိန်းမှုများက အိန္ဒိယနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။


17 Sep 2018     2,546 Views




RELATED

Most Popular of International News

Most Popular of NEWS