BEC-TERO TV

တည်းခိုခန်းတွင် အမျိုးသားတစ်ဦးက အမျိုးသမီးနှင့်လာရောက်တည်းခိုစဉ် အသတ်ခံရမှုဖြစ်ပွား

17 Sep 2018     1,320 Views


စက်တင်ဘာလ ၁၇ ရက်နေ့ မင်္ဂလာတောင်ညွှန်မြို့ နယ်ရှိ ရွိုင်ရယ်တည်းခိုခန်းတွင် အမျိုးသားတစ်ဦး ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည် ။
 
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့ မနက် ၈း၃၀ အချိန်ခန့်တွင် သေဆုံးသူအမျိုးသားသည် အမည်မသိ အမျိုးသမီးတစ်ဦးနှင့်အတူ လာရောက်တည်းခိုခဲ့ပြီး ၉း ၄၁ အချိန်ခန့်တွင် အမည်မသိ အမျိုးသမီးမှာ တည်းခိုသည့်အခန်းမှ တစ်ဦးတည်းပြန်ထွက်သွားခဲ့သည်ဟု သိရသည် ။
 
 
တည်းခိုခန်းမန်နေဂျာ ဦး--------------မှ အခန်း တံခါးခေါက်၍ခေါ်သော်လည်း ပြန်ထူးသံ မကြား၍ အခန်းအား ဖွင့်ကြည့်စဉ် အိပ်ရာခုတင်ပေါ်တွင် မှောက်လျက်အနေအထားးဖြင့် သွေးအိုင်ထဲတွင် လဲကျသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ရဲများစစ်ဆေးချက်များအရ အမည်မသိ အမျိုးသားတွင် ၀မ်းဗိုက်အထက်ပိုင်း ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ကျောပြင်ယာဘက် ထိုးသွင် ဒဏ်ရာ(၁)ချက်ဖြင့် အခန်းအမှတ်(၁၀)ရှိ အိပ်ရာခုတင်ပေါ်တွင် သေဆုံးလျက်တွေ့ရှိရကြောင်း သိရသည် ။
 
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း (ပ)၄၉၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း နှင့် ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိသည် ။
 
Source : Yangon Police

17 Sep 2018     1,320 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS