BEC-TERO TV

နှိုးစက်ဖြင့် အိပ်ယာနိုးထခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်

17 Sep 2018     1,344 Views


နှိုးစက်နာရီ အချက်ပေးသံနှင့် အိပ်ယာနိုးထခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ဆေးသိပ္ပံသုတေသနပညာရှင်များက တွေ့ရှိထားသည်။
 
ပညာရှင်များ၏အဆိုအရ နှိုးစက်အချက်ပေးသံကြောင့် နိုးထရခြင်းနှင့် သဘာဝအတိုင်း နိုးထရမှုနှစ်ခုအကြား၊ အချိန်ကွာဟချက်က လူရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့ အဓိကအကြောင်းရင်းဖြစ်ကြောင်း ဖော်ပြထားသည်။
 
ပုံမှန်အားဖြင့် လူရဲ့ခန္ဓာကိုယ်မှာ နိုးလာရမည့်အချိန်ကို သဘာဝအလျှောက် နှိုးပေးတဲ့ စနစ်ပါဝင်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် လိုအပ်အရ အိပ်ချိန်မပြည့်သေးသဖြင့် နိုးထရန် ခန္ဓာကိုယ်က မလှုံ့ဆော်မီ နှိုးစက်သံကြောင့် နိုးထလိုက်ရခြင်းက ရေရှည်အတွက် မကောင်းပါ။
 
သဘာဝအတိုင်း လိုအပ်သော အိပ်ချိန် မပြည့်ဝသေးမီ နှိုးစက်သံကြောင့်နိုးထရပါက မောပမ်းနွမ်းနယ်သလိုခံစားရခြင်း၊ အိပ်ရေးမဝသလို၊ မူနောက်နောက် မရွှင်မလန်းခံစားရခြင်းတို့ ခံစားရတတ်ပြီး ကြိမ်ဖန်များစွာ ဖြစ်လာပါက ကျန်းမာရေးကို ခြိမ်းခြောက်လာမည်ဖြစ်သည်။
 
“ညဘက်မှောင်လာတဲ့အခါ ဒါမှမဟုတ် မီးတွေပိတ်လိုက်တဲ့အခါ အိပ်ချင်စိတ်ကို ဖြစ်စေတဲ့  “မယ်လ်တိုနင်” ဟော်မုန်း ကို ခန္ဓာကိုယ်က အလိုလျောက် ထုတ်ပါတယ်။ အဲ့ဒီဟော်မုန်းက  အိပ်ပျော်စေဖို့ ကူညီပါတယ်။ မနက်ရောက်ခါနီးကျပြန်တော့ မိုးလင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲမှာ “ကော်တီဇုန်း” လို့ခေါ်တဲ့ ဟော်မုန်းတွေ ထုတ်ပေးလာပြန်ပါတယ်။ အဲဒီအချိန်မှာ ကော်တီဇုန်း က မလ်တိုလင် တွေကို ခန္ဓာကိုယ်ထဲကနေ ပြန်ရှင်းလင်းပေးတာပေါ့။ ကော်တီဇုန်း ဆိုတာ အရမ်းထိတ်လန့်မှု ဖြစ်တဲ့တဲ့အချိန်တွေမှာ သဘာဝက အလိုလျောက်ထုတ်ပေးတတ်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပြီး အင်အားဖြစ်စေပါတယ်” လို့ အသက်ရှုခြင်းနှင့် အိပ်စက်ခြင်းဆိုင်ရာ ဆရာဝန်ကြီး Dr. Maree Barnes က ဆိုပါတယ်။
 
ဒါကြောင့်မိုး မနက်မိုးမလင်းမီ ဝေလီဝေလင်းအချိန် အိပ်ကောင်းနေတုန်း ခန္ဓာကိုယ်ထဲမှာ အိပ်ချင်စိတ်ဖြစ်စေတဲ့ မယ်လ်တိုနင် ဟော်မုန်းတွေက မြင့်တက်နေဆဲဖြစ်ပြီး ကော်တီဇုန်း ဟော်မုန်းက မပြည့်လာသေးတဲ့အချိန်မှာ နှိုးစက်သံကြောင့် နိုးလာတဲ့အခါ ရေရှည်မှာ ဟော်မုန်းမညီမျှတဲ့ပြသနာ၊ နှလုံးရောဂါ၊ လေဖြတ် ဆီးချိုနဲ့ စိတ်ကျရောဂါတို့အပြင် အိုမင်းမှုကို မြန်ဆန်စေတဲ့ ကျန်းမာရေး ပြသနာတွေ ရှိလာပါတယ်။
 
ဒါကြောင့်မို့ နှိုးစက်အချက်ပေးသံနဲ့ အိပ်ယာထတတ်တဲ့ အပြုအမူကို ရှောင်ကျဉ်ပြီး သဘာဝအတိုင်းနိုးထ နိုင်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။
 
ဖော်ပြပါအချက် (၃)ချက်က အိပ်ရေးဝပြီး မနက်ကျရင် သဘာဝအလျောက် နိုးလာစေဖို့ကို အထောက်အပံ့ဖြစ်စေပါလိမ့်မယ်။


၁။ နေ့လည် ၂ နာရီကျော်လျှင် ကဖင်းဓါတ်ရှောင်ပါ

နေ့လည် ၂ နာရီ ကျော်ပါက ကဖင်းဓါတ်ပါသော အစားအသောက် (ဥပမာ ကော်ဖီ၊ ချော့ကလက်) များကို စားသုံးခြင်းမှ ရှောင်ကျဉ်ခြင်းဖြင့် အိပ်ချိန် မရောက်မီ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ကဖင်းဓါတ်များကို အားလုံး ရှင်းလင်း ဖယ်ရှားနိုင်မည်ဖြစ်သည်။

၂။ အိပ်စက်ရန် စနစ်တကျပြင်ဆင်ပါ

 
အိပ်စက်မှုကို အဟန့်အတား ဖြစ်စေနိုင်သော ဖုန်း၊ တီဗီ၊ စာအုပ် အစရှိသည်တို့ကို အဝေးမှာထားပြီး လိုအပ်တဲ့ အိပ်ချိန်လုံလောက်ရန် ပြင်ဆင်ပါ။
 
အလုပ်ကြောင့်ဖြစ်စေ ညဘက်နောက်ကျအိပ်ပြီး မနက်စောစော နာရီအချက်ပေးသံနဲ့ နိုးထခြင်းမျိုးကို ရှာင်ကျဉ်ပါ။
နှိုးစက်မပါပဲ သဘာဝအတိုင်း နံနက်စောစော နိုးထလိုပါက ညဘက်စောစော အိပ်ယာဝင်ပါရန်။
 
 
၃။ အဟာရမျှတတဲ့ နံနက်စာ သုံးဆောင်ပါ
 
ခွန်အားဖြစ်စေမယ့် ပရိုတိန်း၊ အဆီနဲ့ ကာဘိုဟိုက်ဒရိတ် ပါဝင်တဲ့ အစားအစာများကို နံနက်စာအဖြစ် စားသောက်ခြင်းဖြင့် နေ့တစ်နေ့ကို စတင်လိုက်ပါ။
 
နံနက်ပိုင်း နေရောင်နဲ့ ထိတွေခြင်းကလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် ဒီ ကိုရရှိစေပြီး အင်အားပြည့်ဖြိုးရန် အထောက်အကူဖြစ်စေပါတယ်။
 

17 Sep 2018     1,344 Views




RELATED

Most Popular of Health Fix

Most Popular of Life Style