BEC-TERO TV

မြွေအသေထင်ထားရာကနေ ကံကောင်းသွားသူ (ရုပ်သံ)

18 Sep 2018     1,475 Views


အိမ်ရှေ့မှာ မလှုပ်မယှက် ရှိနေသော မြွေတစ်ကောင်ကို မြွေအသေထင်ပြီး ကိုင်ကာ လွှင့်ပစ်တော့မည် ပြုကာမှ ထင်မှတ်မထားလောက်အောင် ရက်စက်သော မြွေတစ်ကောင်ဖြစ်နေတာကို ထိတ်လန့်ဖွယ်တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က အိန္ဒိယနိုင်ငံ ခမ်နာပြည်နယ် ရွာတစ်ရွာရှိ အိမ်ရှေ့တွင် မလှုပ်မယှက်ဖြစ်နေသော မြွေတစ်ကောင်ကို အိမ်ရှင်အမျိုးသား တွေ့ခဲ့ရပြီး အစပိုင်းတွင် မြွေအသေလို့ ထင်ခဲ့ပါတယ်။ ကိုင်ကာ လွှင့်ပစ်တော့မည် ပြုပြီးကာမှ သေချာသွားအောင် တုတ်နဲ့ နှစ်ချက် သုံးချက်လောက် ထိုးကြည့်လိုက်တဲ့အခါ မြွေကအသေမဟုတ်ပဲ ငြိမ်နေရာက လူးလွန့်လာပါတယ်။

အနည်းငယ်ထိတ်လန့်သွားပြီး နောက်ကို ခြေလှမ်းဆုပ်ကြည့်နေရာက လုံးဝထင်မှတ်မထားတဲ့ မြင်ကွင်းကြောင့် သူ့ရဲ့ ဖုန်းကင်မရာနဲ့ ဗီဒီယို မှတ်တမ်း ရယူခဲ့ပါတယ်။

မြွေကြီးဟာ သူ့အရွယ်အစားလောက်ရှိတဲ့ နောက်ထပ်မြွေတစ်ကောင်ကို ဝါးမျိုထားရာကနေ ပြန်အန်ထုတ်နေတာကို ထိတ်လန့်စရာကောင်းလောက်အောင် ဗီဒီယိုမှာ မြင်တွေ့ရပါတယ်။
 


18 Sep 2018     1,475 Views




RELATED

Most Popular of Special or Others

Most Popular of NEWS