BEC-TERO TV

မိုးရာသီနဲ့ လိုက်ဖက်ပြီး ချစ်စရာကောင်းတဲ့ Anime ဇာတ်လမ်းများ

18 Sep 2018     1,853 Views


မင်္ဂလာပါရှင်။ ခုလို မိုးအေးအေးလေးမှာ ဆိုရင်ဖြင့် romance,drama အချစ်၊ အလွမ်း ဇာတ်လမ်း လေးတွေကြည့်ရတာလဲ feel တစ်မျိုးပဲမဟုတ်ပါလားရှင်။ Kdrama တွေ Chinese drama တွေ ကြည့်ပါများပြီး ဇာတ်လမ်း လေးတွေကဆင်တူရိုးမှားတွေ ဖြစ်နေတာများလို့ ငြီးငွေ့နေပြီလား။ စိတ်မပူပါနဲ့ ချစ်စရာ ကောင်းပြီး ရိုဆန်တဲ့ anime လေးတွေရှိပါတယ်။  အရမ်းကို ရိုဆန်ပြီး feel လို့ကောင်းတဲ့ Japanese anime လေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။

1.You Lie in April

ဒီကားလေးဟာ ဆိုရင်ဖြင့် ပရိတ်သတ်တွေနဲ့ မစိမ်းတဲ့ Kdrama ဖြစ်တဲ့ ‘The Liar and his Lover’ ရဲ့ မူရင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

Piano တီးခတ်ရာမှာ တစ်ဖတ်ကမ်းခတ် ကျွမ်းကျင်လှတဲ့ Kosei Arima ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ဂီတပြိုင်ပွဲများစွာကို အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်ပြီး လူငယ်ဂီတပညာရှင်တစ်ယောက်အနေနဲ့ နာမည်ကျော်ကြားသူ တစ်ယောက်ဖြစ်ပါတယ်။

သူဟာ စန္ဒယားကို ကြိုက်နှစ်သက်လို့ တီးခတ်နေရတာမဟုတ်ပဲ အမေဖြစ်သူရဲ့ ဖိအားပေးမှုကြောင့် သာလုပ်နေရတာဖြစ်ပါတယ်။ သူ့အမေဖြစ်သူ ရုတ်တရက်သေဆုံးသွားခဲ့တဲ့ အခါမှာတော့ kosei ဟာ စန္ဒားသံကို လုံးဝမကြားရတော့တဲ့ စိတ်ရောဂါတစ်ခု ရသွားခဲ့ပါတယ်။ တခြားမည်သည့်အသံကိုမဆို ကြားနိုင်ပေမဲ့ မိမိကိုယ်တိုင် တီးခတ်နေတဲ့ စန္ဒယား အသံကိုတော့ မကြားနိုင်ခဲ့ပါဘူး။

၂ နှစ်တိတိ စန္ဒယား ကို မထိမကိုင်ပဲ နေထိုင်ခဲ့ပြီး သူငယ်ချင်းတွေနဲ့ ပျော်ရွှင်စွာနေထိုင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ အသက် ၁၄ နှစ်အရွယ်  တယောတီးတဲ့ “ကာအိုရီ မီယာဇိုနို(Kaori Miyazono)” ဆိုတဲ့ အမြဲ တက်ကြွလန်းဆန်းနေပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်တဲ့ ကောင်မလေးတစ်ယောက် ပေါ်လာတဲ့အခါမှာ Kosei ရဲ့ သူတီးတဲ့ စန္ဒယားသံကို မကြားနိုင်တဲ့ စိတ်ရောဂါက၊ ပျောက်သွားမှာလား...? သူ့ဘ၀ဟာ ဘယ်လိုပြောင်းလဲသွားမှာလဲ ဆိုတာကို ကဗျာဆန်ဆန်လေး ပုံဖော်ထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။

 

2.Orange

“တာကာမိယ” လို့ခေါ်တဲ့ ၁၆ နှစ်အရွယ် ကောင်မလေး တစ်ယောက်ဟာ အနာဂတ်ကနေ ဆင့်ခေါ်တဲ့စာတစ်စောင်ကို ရရှိခဲ့ပါတယ်။ စာပို့လိုက်တဲ့ လူဟာ အနာဂတ်ထဲက အသက် ၂၆ နှစ် အရွယ် သူမကိုယ်တိုင် ဖြစ်နေခဲ့ပါတယ်။

ကျီစယ်နောက်ပြောင်တဲ့ စာလို့ မှတ်ယူပြီး သူမဟာ စာကိုလျစ်လျှူရှုထားခဲ့ပါတယ်။ နောက်ပိုင်းမှာ ‘ကကဲရု” ဆိုတဲ့ ကောင်လေးတစ်ယောက်ပေါ်လာပြီး သူမတို့နဲ့ခင်သွားခဲ့ပါတယ်။ အနာဂတ်မှာ “ကကဲရု” နဲ့ သူမတို့ သူငယ်ချင်းတစ်စု ဘာတွေဘယ်လို ဆက်ဖြစ်ကြမလဲ..?

ငယ်ရွယ်တဲ့ ဆယ်ကျော်သက်အရွယ် ကျောင်းသား ကျောင်းသူတွေကြားက သူငယ်ချင်းသံယောဇဉ်ကို အခြေခံပြီးရိုက်ထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။

 

3. Hana Yori Dango

ဒီကားလေးကတော့ မြန်မာပရိတ်သတ်တွေ တခဲနက်အားပေးခဲ့ကြတဲ့ F4 (Boys over flower) ရဲ့ မူရင်းဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ F4 ရဲ့ anime ဆိုပေမဲ့ drama နဲ့ မတူတဲ့ message တစ်ခုကိုပေးတဲ့ anime လေးပဲဖြစ်ပါတယ်။

 

4.Kamisama Hajimemashita

ဒီကားလေးကတော့ သဘာဝလွန် အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Na Na mi ဆိုတဲ့ အထက်တန်းကျောင်းသူအရွယ် ကောင်မလေးဟာ မိဘမရှိ တစ်ကောင်ကြွက် ကောင်မလေး တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမဟာ အမှတ်မထင် God တစ်ယောက်နဲ့ တွေ့ဆုံပြီး စွမ်းအားနဲ့ လုပ်ပိုင်ခွင့်တွေကို လွှဲပြောင်းခြင်းကို ခံခဲ့ရပြီး သူမကိုယ်တိုင် God တစ်ယောက်ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ သူမရဲ့ အစောင့်အရှောက်ဖြစ်လာမဲ့ Tomoe ဆိုတဲ့ မြေခွေးလေးနဲ့ ဘယ်လိုတွေ နှစ်ပါးသွားရလဲ ဆိုတာကို အချစ်နဲ့ ဟာသရောစပ်ထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

 

5.Say I love you

Tachibana Mei ဆိုတဲ့ ကောင်မလေးဟာ လူလဲအရမ်းကြောက်တတ်ပြီး ကျောင်းမှာ အပယ်ခံဖြစ်နေတဲ့ကောင်မလေး တစ်ယောက်ဖြစ်ပါတယ်။ Kurosawa Yamato ဆိုတဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်၊ လူတိုင်းနဲ့လဲပေါင်းသင်းဆက်ဆံတတ်တဲ့ ကောင်လေးဟာ သူမနဲ့ ရင်းနှီးမှု ရရှိဖို့ကြိုးစား လာတဲ့ အခါမှာတော့……………………………

ဖော်ပြပါ ဇာတ်ကားလေးတွေကတော့ Anime ချစ်သူတွေ မိုးအေးအေးမှာ ခံစားမှုနွေးနွေးလေးတွေ ရစေမယ့် ဇာတ်လမ်းကောင်းလေးတွေဖြစ်လို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး။

 

 


18 Sep 2018     1,853 Views




RELATED

Most Popular of Special or Others

Most Popular of Kids & Family