BEC-TERO TV

လီဗာပူးအား လျှော့မတွက်ဖို့ ပီအက်စ်ဂျီနည်းပြ “တူချယ်” အသင်းသားများအား သတိပေး

18 Sep 2018     1,259 Views


ချန်ပီယံလိဂ်အုပ်စု (C) အဖွင့်ပွဲအဖြစ် ယနေ့ညတွေ့ဆုံမည့် လီဗာပူးသည် ယခုနှစ်ချန်ပီယံ လိဂ်၌ ဗိုလ်စွဲမည့် ရေပန်းစားအသင်းများတွင် ပါဝင်ကြောင်း ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူ ချယ်က ကစားသမားများကို သတိပေးလိုက်သည်။

ပြီးခဲ့သည့်ရာသီက ချန်ပီယံ လိဂ်ဗိုလ်လုပွဲတွင် ရီးရဲလ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ဒုတိယနေရာဖြင့် ကျေနပ်ခဲ့ရသည့် လီဗာပူးသည် ယခုနှစ်တွင်လည်း အဆင့်ဆင့်ဖြတ်ကျော်ရန် အလားအလာရှိသည် ဟု တူချယ်က ယုံကြည်ထားသည်။

‘‘ချန်ပီယံလိဂ်ဗိုလ်စွဲဖို့ ရေပန်းစားတဲ့အသင်းတွေ အများကြီးရှိပြီး အဲဒီထဲမှာ လီဗာပူးလည်းပါတယ်’’ ဟု တူချယ်က သူ့ရဲ့ အသင်းသားများအား ပြောဆိုလိုက်သည်။

ထို့အပြင် ပီအက်စ်ဂျီအတွက် ပထမဆုံးချန်ပီယံလိဂ် ဖလားရရှိရန် အပြောင်းအလဲ ပြုလုပ်လိုကြောင်း တူချယ် က ဖွင့်ဟပြောကြားသည်။

‘‘ချန်ပီယံလိဂ်မှာ အတွေ့အကြုံရှိဖို့နဲ့ ဗိုလ်စွဲဖို့က အလွန်အရေးကြီးပါတယ်။ ပီအက်စ်ဂျီက ဗိုလ်မစွဲဖူးပါဘူး။ ဗိုလ်မစွဲဖူးရင် ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်းတွေထက် ပိုပြီးတော့ စိန်ခေါ်နိုင်စွမ်းရှိသူ ဖြစ်စေနိုင်တယ်။ ဒါကို ကျွန်တော်တို့ က ပြောင်းလဲပစ်ရပါမယ်’’ ဟု တူချယ်က ပြောသည်။

တူချယ် ၏ ပီအက်စ်ဂျီသည် ပြင်သစ်လီဂူးဝ်း အစ ငါးပွဲဆက် နိုင်ပွဲရရှိထားပြီး အမှတ်ပေးဇယား ထိပ်ဆုံး၌ ဦးဆောင်နေကာ ဒုတိယနေရာမှ မာဆေးကို ငါးမှတ် ဖြတ်ထားသည်။

ထိုအတောအတွင်း လီဗာပူး နည်းပြဂျာဂန်ကလော့ပ်က လီဗာပူးအနေဖြင့် ၁၉၉၀ နောက်ပိုင်း ပရီးမီးယားလိဂ်ဖလား ပထမဆုံးဆွတ်ခူးနိုင်ရေး စိတ်နှစ်ထားရုံမက ပြိုင်ပွဲစုံတွင် အာရုံစိုက်ထားကြောင်း အလေးအနက် ပြောထားသည်။ ထို့အပြင် ပီအက်စ်ဂျီနှင့်ပွဲတွင် လူစုံထုတ် ကစားမည်ဖြစ်ကြောင်း ကလော့ပ် က ပြောကြားသည်။

လီဗာပူးသည် ပရီးမီးယား လိဂ်အဖွင့် ငါးပွဲစလုံး ရာနှုန်းပြည့် အနိုင်ရထားပြီး ထိပ်ဆုံးရှိ ချယ်လ်ဆီး နှင့် ရမှတ်တူသော်လည်း ဂိုး ကွာခြားချက်ကြောင့် အမှတ်ပေး ဇယားဒုတိယနေရာတွင် ရပ်တည်နေသည်။

ဒီည ချန်ပီယံလိဒ် အကောင်းဆုံး ပွဲစဉ်တစ်ပွဲဖြစ်လာမည့် လီဗာပူး နှင့် ပီအက်စ်ဂျီ ဘယ်လိုအားပြိုင်သွားမလဲ ဆိုတာကို စောင့်ကြည့်သွားရအာင်။


18 Sep 2018     1,259 Views




RELATED

Most Popular of Football

Most Popular of NEWS