BEC-TERO TV

ဂျပန်ဘီလီယံနာ လကမ္ဘာပေါ်သို့  သွားရောက်မည့် ပထမဦးဆုံး ခရီးသည်ဖြစ်လာ

18 Sep 2018     1,288 Views


လကမ္ဘာပေါ်သို့  Space X လွန်းပျံယာဉ်ဖြင့် ပထမဦးဆုံး ခရီးသည်အဖြစ် ဂျပန်ဘီလျံနာ အွန်လိုင်းဖက်ရှင် သူဌေးကြီး Yusaku Maezawa လိုက်ပါခွင့်ရရှိကြောင်း သိရှိရသည်။

ခရီးစဉ်ကို ၂၀၂၃ မတိုင်မှီ monster SpaceX ဒုံးပျံဖြင့် လကမ္ဘာပေါ်သို့ သွားဖို့  စီစဉ်ထားကြောင်းသိရသည်။ သူနဲ့ အတူ အနုပညာရှင်  ၆ ဦးမှ ၈ ဦးအထိ ခေါ်ဆောင်သွားနိုင်ဖို့  စီစဉ်ထားကြောင်း သိရသည်။

အမေရိကန်တွေက လကမ္ဘာပေါ်ကို ၁၉၇၂ ခှုနှစ်မှာ အစောဆုံးရောက်ရှိကြတာဖြစ်ပြီး အခွင့်ထူးခံလူတစ်ချို့ နဲ့ငွေကြေးတတ်နိုင်တဲ့ သူတွေသာ သွားနိုင်ကြတာဖြစ်ပါတယ်။ Maezawa က “ အရင်အတည်းက ကျွှန်တော် လတွေကို ချစ်တယ်၊ သဘောကျတယ်၊  လကမ္ဘာပေါ်ကိုသွားဖို့ သူ့ ဘ၀တစ်လျှောက်လုံး အိမ်မက် မက်ထားတဲ အရာတစ်ခုလည်းဖြစ်ပါတယ်” လို့  ကယ်လီဖိုးနီးယားရှိ  လောစ့်အိမ်ဂျလယ်မြို့ Hawthorne ၌ စက်တင်ဘာလ ၁၈ ၊ တနင်္လာနေ့ တွင် ပြောကြားခဲ့ပါတယ်။

Maezawa က ဂျပန်ရဲ့အကြီးမားဆုံး အွန်လိုင်းဖက်ရှင်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး ကမ္ဘာ့ စီးပွားရေးမဂ္ဂဇင်း Forbes မဂ္ဂဇင်းဖော်ပြချက်အရ ဒေါ်လာ ၃ ဘီလီယံ ကြွယ်ဝချမ်းသာကာ ဂျပန်နိုင်ငံရဲ့  ၁၈ ယောက်မြောက်အချမ်းသာဆုံး ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်။

Maezawa ရဲ့  အခြားဝါသနာတွေက ခေတ်သစ်အနုပညာတွေကို စိတ်ဝင်စားပြီး တန်ဖိုးရှိအရာများကို စုဆောင်း တတ်လေ့ရှိပါတယ၊် လတ်တလောမှာ ဒေါ်လာ ၁၁၀.၅ သန်းတန်ဖိုးရှိ Jean-Michel Basquiat ၏ လက်ရာများကို ဝယ်ယူထားခဲ့သူလည်းဖြစ်ပါတယ်။

 “ကျွန်တော်က အနုပညာကို တန်ဖိုးထားတဲ့အတွက် ကျွှန်တော်ချစ်တဲ့ အနုပညာရှင်တွေကို ဖိတ်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာပါ၊ ဒါ့ကြောင့် လကမ္ဘာပေါ်ကိုသွားဖို့ ကမ္ဘာတစ်ဝှမ်းမှ အနုပညာရှင် ၆ ဦးမှ ၈ ဦး လောက်ထိကို ဖိတ်ခေါ်ချင်တာပါ " လို့ သူက ပြောပါတယ်၊ သူတို့ဟာ ကမ္ဘာမြေပေါ်ကို ပြန်ရာက်လာတဲ့အခါ မေးကြပါလိမ့်မယ် ဒီလကမ္ဘာပေါ်က အကြောင်းအရာတွေက သူတို့ကို အိမ်မက် မက်နေသလို စိတ်ဝင်တစ်စား ဖြစ်နေလိမ့်မယ်” လို့ သူကဆိုပါတယ်။

လကမ္ဘာခရီးကို ပထမဦးဆုံး အာကာသခရီးသွားဧည့်သည်အဖြစ် အမေရိကန် စီးပွားရေးလုပ်ငန်းရှင် Dennis Tito က ၂၀၀၁ ခုနှစ်တွင် နိုင်ငံတကာ အာကာသစခန်းမှ ရုရှားအာကာသယာဉ်ဖြင့် ဒေါ်လာ သန်း ၂၀ ပေးချေပြီး သွားရောက်နိင်ခဲ့တာလည်းဖြစ်ပါတယ်။

SpaceX ရဲ့ CEO Elon Musk က Maezawaက ရဲ့ရင့်ပြီး အကောင်းဆုံး စွန့်စားနိုင်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဆက်ပြီးတော့ “Maezawa က လကမ္ဘာပေါ်သွားဖို့အတွက် ပေးဆောင်ခ ကို ထုတ်ဖော်ပြောနေမှာမဟုတ်ပါဘူး၊ အနုပညာရှင်များအတွက် အခမဲ့ပါ ” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

လာမည့်နှစ်တွင်, SpaceX က နာဆာရန်ပုံငွေဘီလီယံရရှိထားပြီးဖြစ်ရာထိုအာကာသစခန်းမှ ပထမဦးဆုံး လကမ္ဘာပေါ်သို့ ပို့ဆောင်နိုင်တဲ့ ပုဂ္ဂလိကကုမ္ပဏီဖြစ်လာနိင်ဖို့ မျှော်လင့်ထားပါတယ်။


18 Sep 2018     1,288 Views




RELATED

Most Popular of International News

Most Popular of NEWS