BEC-TERO TV

ခရစ်ယာန်ဘုန်းတော်ကြီးက သီလရင်ကို အဓ္ဓမပြုကျင့်မှု အရေးယူပေးရန် ဆန္ဒပြ

19 Sep 2018     1,291 Views


အိန္ဒိယနိုင်ငံတွင် ခရစ်ယာန်ဘုန်းတော်ကြီးက ဘာသာတူ သီလရင် တစ်ပါးအား အဓ္ဓမပြုကျင့်သည့် ကိစ္စကို အရေးယူပေးပါရန် ခရစ်ယာန်ဘာသာဝင်များ၊ မယ်သီလရင်များက လမ်းပေါ်ထွက်ကာ ဆန္ဒပြတောင်းဆိုလျှက်ရှိသည်။

ကာရလာပြည်နယ်မှ ကတ်သလစ်ဘုန်းတော်ကြီးဖြစ်သူ “ဖရန်ကို မူလကယ်” က သီလရင်တစ်ပါးကို ၂၀၁၄ ခုနှစ်ထဲက စတင်ကာ အကြိမ်ကြိမ် အဓ္ဓမပြုကျင့်မှုပြုခဲ့ကြောင်း ကျူးလွန်ခံခဲ့ရသူ သီလရင်က ပုပ်ရဟန်းမင်းကြီး “ဖရန့်စစ်” ကို လွန်ခဲ့သော သီတင်းပတ်က ဖြစ်စဉ်အသေးစိတ်ကို စာဖြင့် ရေးသားတိုင်ကြားထာကြောင်း သိရှိရသည်။

သို့သော် ဗာတီကန်(ပုပ်ရဟန်းမင်းကြီးတိုင်းပြည်) က အိန္ဒိယနိုင်ငံရဲ့ အဆိုပါဖြစ်စဉ်အပေါ် တစ်စုံတစ်ရာ ပြောဆိုတုံပြန်မှုမရှိသေးပါ။
စွပ်စွဲခံထားရသူ ဘုန်းတော်ကြီး “မူလကယ်” ကလည်း လက်ရှိအုပ်ချုပ်ရေး တာဝန်မှ ရပ်ဆိုင်ကာ အနားယူနှုတ်ထွက်ခွင့်ပေးရန် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် ထံသို့ တောင်းခံထားကြောင်း သိရှိရသည်။

ကတ်သလစ်သီလရင်များနဲ့အတူ ဘာသာတူများ၊ တက်ကြွလှုပ်ရှားသူများနဲ့ ဒေသခံလူထူများက ကိုချီမြို့က လမ်းမပေါ်တွင် ဆန္ဒပြနေခဲ့တာ တစ်ပတ်ကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။
ကျွန်မတို့ ဘုန်းတော်ကြီးကို ဖမ်းဆီးအရေးယူပေးဖို့တောင်းဆိုနေကြတာပါ၊ ဘုန်းကြီးအနေနဲ့ တရားဥပဒေအရ သူ့အပြစ်သူဝန်မခံမချင်း မနားတမ်းဆက်ပြီး ဆန္ဒပြသွားမှာပါ” ဟု သီလရင်တစ်ပါးက ပြောကြားခဲ့ပါတယ်။

ဗာတီကန် အနေနဲ့ ဘုန်းတော်ကြီးတွေရဲ့ နှုတ်ထွက်စာ တင်တာတွေကို ဖော်ထုတ်ကြေညာလေ့မရှိပဲ၊ နှုတ်ထွက်ခွင့်ပြုမှသာ တရားဝင်ကြေညာချက် အနေနဲ့ ထုတ်ပြန်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ အိန္ဒိယနိုင်ငံရဲ့ လမ်းမပေါ်မှာ မယ်သီလရင်တွေ ဆန္ဒဖော်ထုတ်နေဆဲဖြစ်ပါတယ်။

 


19 Sep 2018     1,291 Views




RELATED

Most Popular of International News

Most Popular of NEWS