BEC-TERO TV

၎ နှစ်အရွယ်ကျောင်းသူအား ကျောင်းသားများ အုပ်စုဖွဲ့အဓ္ဓမပြုကျင့်

20 Sep 2018     1,385 Views


ထိုင်းနိုင်ငံတွင် အသက် ၄ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးကို ကျောင်းသား ၃ ယောက်က ကျောင်းအိမ်သာထဲတွင် အဖွဲ့လိုက် ဝိုင်းဝန်းအဓ္ဓမပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

ထိုင်းနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း ‘ဘမ်လမောင်’ မြို့ရှိ ကျောင်းတွင် စက်တင်ဘာလ ၄ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါအဖြစ်ပျက် ဖြစ်ပွားခဲ့ပြီးနောက် ကလေးမလေး၏ မိခင်ဖြစ်သူ အသက် ၄၁ နှစ်အရွယ်အမျိုးသမီးအား ကျောင်းက အကြောင်းကြားခဲ့သဖြင့် ကလေး၏ မိခင်ဖြစ်သူမှာ အလွန်အမင်းထိတ်လန့် သွေးပျက်သွားခဲ့သည်။


 

ကလေးမလေး၏ ထွက်ဆိုချက်အရ သူမ ကျောင်းအိမ်သာသို့သွားစဉ် ကျောင်းသား ၃ ဦး နောက်ကနေလိုက်လာကာ တိုက်ခိုက်ခဲ့ကြောင်း ကျောင်းသားတစ်ဦးက လက်ထဲတွင် ဓားကိုင်ထားကြောင်း ကျန်နှစ်ဦးက သူမကို ချုပ်ပေးထားပြီး တစ်ဦးက သူမကို အဓ္ဓမပြုကျင့်ခဲ့ကြောင်း မိခင်ဖြစ်သူအား ပြောပြခဲ့သည်။

ဆေးအဖွဲ့သားများက သူမကို ဆေးစစ်ခဲ့ပြီးနောက် အဓ္ဓမပြုကျင့်ခံရသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုခဲ့သည်။ ကျူးလွန်ခဲ့သူ ၃ ဦးကို ရဲအဖွဲ့က စစ်ဆေးခဲ့ပြီးနောက် လူငယ်ပြုပြင်ထိန်းသိမ်းရေး စခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအဖြစ်ပျက်ကြောင့် ထိုင်း နိုင်ငံရေးသမားတစ်ဦးဖြစ်သူ Paveena Hongsakul က ကျောင်းခန်းအိမ်သာများတွင် CCTV များတပ်ဆင်သင့်ကြောင်း အကြံပေးတင်ပြထားသည်။
 


20 Sep 2018     1,385 Views




RELATED

Most Popular of International News

Most Popular of NEWS