BEC-TERO TV

အိမ်ကွင်းမှာ လိုင်ယွန်ကို မန်စီးတီးဘာကြောင့် အရှက်တစ်ကွဲရှုံးနိမ့်ခဲ့ရတာလဲ..?

20 Sep 2018     1,310 Views


ယနေ့မနက် ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် အုပ်စု F ၏ ပွဲစဉ် ၁ မှာ ပရီးမီးယားလိဒ်ချန်ပီယံ မန်စီတီး အသင်းဟာ ပြင်သစ်ကလပ် လိုင်ယွန်အသင်း ကို ၁-၂ ဆိုတဲ့ ရလဒ်ဖြင့် ရှုံးနိမ်ထားခဲ့ပါတယ်။  ဒီနေ့ ပွဲစဉ် ကိုတော့ အိမ်ရှင် မန်စီးတီး အသင်း နည်းပြ ဖြစ်သူ ဂွာဒီယိုလာဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ကွားတား ဖိုင်နယ်ပွဲစဉ် အဖြစ် ကစားခဲ့ရတဲ့ လီဗာပူး နဲ့ ပွဲစဉ်မှာ တစ်ပွဲ ပယ်ခံရတဲ့ ပြစ်ဒဏ်ရရှိခဲ့တာကြောင့် ပွဲစဉ်ကို ကြီးကြပ်ခွင့် ပိတ်ပင် ခံခဲ့ရပါတယ်။ သူ့ရဲ့ နေရာမှာတော့ လက်ထောက် နည်းပြ အာတီတာ က ယာယီ နည်းပြ အဖြစ် ကိုင်တွယ်ခဲ့ရပါတယ်။ တိုက်စစ်ပိုင်းမှာ အသင်း ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ အဂူရို ကို ချန်လှပ် ထားခဲ့ပြီး ဂျီးဆပ် ၊ စတာလင်း ၊ ဘာနာဒို တို့နဲ့ ပွဲထွက် လာခဲ့ပါတယ် ။

ဧည့်သည် ပြိုင်ဖက် အသင်း ဖြစ်တဲ့ လိုင်ယွန် ကတော့ အသင်း ရဲ့ အဓိက တိုက်စစ် ကစားသမား တွေ ဖြစ်ကြတဲ့ မန်ဖစ် ဒီပေး နဲ့ နာဘီလ် ဖေကီးရ် တို့ကို တိုက်စစ် မှာ ပွဲထွက် ကစားစေခဲ့ပြီ့း ဒီနေ့ ပွဲစဉ် မှာ တော့ ထရာအိုရေး နေရာမှာ မက်စ်ဝဲ ကော်နက် က ပွဲထွက် ကစားခဲ့သွားခဲ့ပါတယ် ။

ပွဲချိန်၏ ပထမပိုင်းအတွင်းမှာပဲ လိုင်ယွန်းအသင်းက မက်စ်ဝဲ ကော်နက်၊ နာဘီလ် ဖေကီးရ် တို့၏ဂိုးတို့ဖြင့် ၂ ဂိုးပြတ် ဦးဆောင်းထားခဲ့ပါတယ်။ ဒုတိယပိုင်း ၅၄ မိနစ်မှာ ဂန်ဒိုဂန်အစား ဆာနေး၊ ၆၃ မိနစ် ဂျေးဆပ် နေရာမှာ အဂွဲရိုထည့်သွင်းကစားခဲ့ပြီး ပွဲချိန်ရဲ့ ၆၇ မိနစ်အရာက်မှာ မန်စီးတီး အသင်းတိုက်စစ်မှူး ဘာနာတို ဆေးဗာလ်း ကချေပဂိုးသွင်းယူနိင်ခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ မန်စီးတီးအသင်းဟာ ချေပဂိုးတွေ၊အနိင်ဂိုးတွေကိုသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ၁-၂ ဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

မန်စီးတီးအသင်း ဟာ လာမည့်စနေမှာ ပရီးမီးယားလိဒ်ပွဲစဉ်အဖြစ် ကားလ်ဒစ်အသင်းနှင့်ယှဉ်ပြိုင်ကစားသွားရမည် ဖြစ်ပြီး လိုင်ယွန်အသင်းကတော့ လီဂူးပွဲစဉ် မာဆေးအသင်းနှင် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ပါတယ်။

လက်ထောက်နည်းပြ အာတီတာ၏မှတ်ချက်စကား

ရူံးပွဲနှင့်ပါတ်သတ်ပြီး အာတီတာက” ဒီနေ့ရှုံးပွဲအတွက် ဂွာဒီယိုလာ ကိုအပြစ်ပြောဖို့ မလိုအပ်ဘဲ ကျွှန်တော်တို့ ၅-၀ ဖြင့်နိုင်တာ့ဖြစ်ဖြစ် ၊ ၀-၃ နဲရှုံးခဲ့ရင်ပဲဖြစ်ဖြစ် ကျွှန်တော်တို့အားလုံးနဲဆိုင်ပါတယ်။ နောက်လာမည့် ချန်ပီယံလိဂ်လက်ကျန် ပွဲစဉ်တွေကို အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း “ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာမန်စီးတီးအသင်းဟာ အုပ်စုF ရဲ့ နောက်ဆုံး အဆင့် ၄ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

 

 


20 Sep 2018     1,310 Views




RELATED

Most Popular of Football

Most Popular of Sport