BEC-TERO TV

ချစ်သူကိုထုတ်မပြပဲ ဥထားရတဲ့အကြောင်းရင်းကို ပြောပြလိုက်တဲ့ အေးမြတ်သူ

20 Sep 2018     1,365 Views


ရုပ်ရှင်သရုပ်ဆောင် အေးမြတ်သူကတော့ ပြေပြစ်လှပတဲ့ရုပ်ရည်လေးကိုပိုင်ဆိုင်ထားသလို သူမပြုံးရယ်လိုက်တိုင်းပေါ်လာတဲ့ ပါးချိုင့်လေးကလဲ သူမရဲ့ဆွဲဆောင်မှုတစ်ခုပင်ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကိုပီပြင်စွာ အကောင်းဆုံးသရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပြီး မိန်းကလေးတိုင်းအားကျရတဲ့ အဆီပိုမရှိအချိုးအစားကျလှပတဲ့ ခန္တာကိုယ်ကောက်ကြောင်းလေးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ရိုးသားပွင့်လင်းစွာပြောဆိုနေထိုင်တတ်တဲ့ သူမကတော့ တည်ငြိမ်ရင့်ကျက်နေပြီဖြစ်တဲ့ အပျိုကြီးမမတစ်ယောက်ဆိုလည်း မမှားပါဘူး။

အေးချမ်းတည်ငြိမ်တဲ့အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ထားတဲ့မမြတ်လေးက သူမရဲ့ချစ်သူကို ပရိသတ်တွေကြား တရားဝင်အသိပေးချပြခြင်းတော့ မရှိသေးပါဘူး။ ချစ်သူကို Public ချမပြပဲ ဥထားရတဲ့ အကြောင်းအရင်းကိုတော့ မမြတ်လေးက မီဒီယာတွေနဲ့ အင်တာဗျူးမှာပြောကြားခဲ့ပါတယ်။

Public ချမပြရတဲ့အကြောင်းကိုတော့ “ပစ္စည်ကောင်းလေးရလို့ ဥထားတာ၊ Review ကောင်းကောင်းမရေးရဲဘူး။ ပါသွားမှာစိုးလို့” ဆိုကာ အားရပါးရရယ်မောရင်း ချစ်သူကိုဥထားရတဲ့ အကြောင်းကိုပြောပြခဲ့တာဖြစ်ပါတယ်။

အပျိုကြီးမမဖြစ်တဲ့ သူမရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး “အပျိုကြီးဘ၀ကို မစွန့်လွှတ်သေးဘူး ပျော်နေသေးတယ်။ ပျော်နေသေးတယ်ဆိုတာက အေးမြတ်သူကဘ၀ကိုပျော်ပျော်နေတယ်ပေါ့နော်။ ပြီးတော့ အပျိုကြီးလို့သာပြောတာပါ ကိုယ့်မှာအရမ်းကိုကောင်းမွန်တဲ့ RS တစ်ခုရှိပါတယ်။ အေးမြတ်သူတို့က LDRS relationship ဆိုတော့ အပျိုကြီးလို့လဲပြောလို့ရသလို တစ်ဖက်မှာလဲ ရည်မှန်းထားတဲ့သူရှိတော့ အေးမြတ်သူအတွက်ကတော့ ပျော်ရွှင်ပါတယ်” ဆိုကာ LDRS အချစ်ရေးကိုပိုင်ဆိုင်ထားတဲ့ သူမကလောလောဆယ် အပျိုကြီးဘ၀မှာပျော်နေတဲ့အကြောင်းကို ဖွင့်ဟခဲ့ပါတယ်။

အမြဲတမ်း  သွက်လက်လန်းဆန်းနေတဲ့ အေးမြတ်သူတစ်ယောက် နားလည်မှုအပြည့်ပေးနိုင်တဲ့ သူမရဲ့ချစ်သူအကြောင်းကို တစ်စွန်းတစ်စပြောပြခဲ့ပါသေးတယ်။ “အချစ်ကြောင့် အရမ်းကိုလတ်ဆတ်ပြီးတော့ ပျော်ရွှင်နေတယ်။ အချစ်ဆိုတာက ချစ်သူဆီကရတဲ့အချစ်ရော ကိုယ့်ကိုချစ်ခင်တဲ့ပရိသတ်တွေဆီကရတဲ့ အချစ်ရော။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ကိုအရမ်းချစ်ကြတဲ့သူတွေများနေတဲ့အတွက်ကြောင့် ဘ၀ကလတ်လတ်ဆတ်ဆတ်နဲ့ လန်းလန်းဆန်းဆန်းဖြစ်နေတာရှင့်။ သူကတော့ အေးမြတ်သူဘာဝတ်ဝတ် မစွက်ဖက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူအရမ်းသဘောကျတယ်။ မြန်မာဝတ်စုံဝတ်ရင်တော့ သူပိုချစ်တာပေါ့နော်။ ဟော့ရှော့ဝတ်လဲ ချစ်သူကလှတာကိုး ၀တ်ပါပေါ့ အဲ့လိုပဲသူပြောတယ်”

တစ်ခါတစ်ရံ ချစ်သူရဲ့အကြောင်းလေးတွေကို စာဖွဲ့ပြီးရေးသားမိတဲ့အပေါ် “တစ်ချို့ကပြောတယ်ပေါ့နော် ချစ်သူကိုအရမ်းအမွှမ်းတင်တယ် ပြီးတော့သတင်းလုပ်တယ်ပေါ့နော်။ မဟုတ်ပါဘူး။ လူတွေကတစ်ခါတစ်လေကျရင် တစ်ဖက်သားကိုချီးမွမ်းဖို့မေ့နေတတ်ကြတယ်။ ချီးမွမ်းသင့်တဲ့သူကို ချီးမွမ်းတာလဲ မင်္ဂလာတစ်ပါးပဲ။ ကိုယ့်ချစ်သူကိုချီးမွမ်းတယ်ဆိုတာကလဲ သူ့ကိုဘယ်လောက်ထိလေးစားမှုရှိကြောင်းပြတဲ့သဘောပါ။ တစ်ချို့ကလဲပြောတယ် အပိုတွေပေါ့နော်တဲ့။ မဟုတ်ပါဘူး အေးမြတ်သူအတွက် အဆင်ပြေဆုံးနဲ့ နားလည်မှုအရှိဆုံးသူမို့ တစ်ခါတစ်လေချစ်သူကို ချီးမွမ်းမိတဲ့စာလေးတွေရေးမိတာပါ” ဟုဆိုကာ ချစ်သူကိုချီမွမ်းခန်းဖွင့်ရတဲ့အကြောင်းရင်းကိုလဲ ပြောပြခဲ့ပါတယ်။ “သီတင်းကျွတ်ရင် မစားရသေးဘူး နောက်ထပ် ၃ နှစ်လောက်လိုသေးတယ်” ဆိုကာ အပျိုကြီးဘ၀ကို စွန့်လွှတ်ဖို့လိုသေးကြောင်း ရယ်မောရင်း ဖြေကြားခဲ့တာဖြစ်ပါတယ်။

အေးမြတ်သူကတော့ လက်ရှိမှာရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးရင်း သူမချစ်တဲ့အနုပညာအလုပ်တွေကို အကောင်းဆုံးလုပ်ဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် “မိုးကောင်ကင်အိပ်မက်” ရုပ်ရှင်ဇာတ်လမ်းတွဲထဲက နေခြည်ဝင့်ထည်တဖြစ်လဲ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကိုရရှိထားတာဖြစ်ပါတယ်။

 

Source_MC 7


20 Sep 2018     1,365 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment