BEC-TERO TV

နိုင်ငံခြားသား တစ်ဦး ပြောလာတဲ့ တစ်ခေတ်တစ်ခါက မြန်မာပြည်

20 Sep 2018     1,389 Views


“၁၉၈၁ ခုနှစ်မှာ ကျွန်တော် မြန်မာ နိုင်ငံ ကိုစရောက် ဖူးတာ။ ကျွန်တော် မြန်မာပြည်ကို ၁၉၈၁ ကစပြီး ၁၉၈၆ ထိ တစ်နှစ်တစ်ခေါက် အမြဲ ရောက်ဖြစ်တယ်။  သြဂုတ်လ ၁၉၉၈ ခုနှစ်မှာ ကျွန်တော် ဘန်ကောက်ရောက်တော့ မြန်မာကို လာဖို့ လုပ်သေးတယ် ဒါပေမဲ့ ရုတ်တရက် မြန်မာပြည်ကိုလာဖို့ ဗီဇာက ပိတ်သွားတော့ ကျွန်တော် လာခွင့်မရခဲ့ဘူး။ ဒါကတော့ ၁၉၈၀ ခုနှစ် ဝန်းကျင်လောက်က မြန်မာ နိုင်ငံတစ်ဝှမ်း ကျွန်တော်လှည့်လည်သွား လာရင်း ရိုက်ခဲ့ဖူးတဲ့ ပုံလေးတွေပါ။တူညီတဲ့ နေတစ်ရာတစ်ခု (သို့) မြို့ တစ်မြို့ ကို ကျွန်တော် နှစ်ကြိမ် ၊ သုံးကြိမ် ခန့် သွားရောက်တတ် ပါတယ်။ ဘာလို့လဲဆိုတော့ ရောက် ဖူးပြီးတဲ့ နေရာတွေကို နောက်တစ်ခါပြန်သွား တဲ့အခါ မတူညီတဲ့ ခံစားချက်တွေကို ပြန်လည်ရရှိတတ်ပါတယ်။ ခံစားချက် ကွဲလွဲပုံက ဘယ်လိုလဲဆိုတာ ကျွန်တော်ရိုက်ထားတဲ့ ဓာတ်ပုံတွေက ဖော်ပြပါလိမ့်မယ်။ အဲ့ ခေတ်တုန်းက အရည်အသွေးကောင်းတဲ့ ဒီဂျစ်တယ်  ကင်မရာတွေမပေါ်သေးပါဘူး။ ကျွန်တော့်မှာ ရှိတဲ့ ဈေးပေါတဲ့ ကင်မရာ တစ်လုံးနဲ့ ရိုက်ထားတာပါ “

ဟု မြန်မာနိုင်ငံရောက် အနောက်နိုင်ငံသား တစ်ဦးဖြစ်တဲ့ Rick Heizman ကသူ့ ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ပို့စ်တင်ခဲ့ပါတယ်။

 

Rick ဟာ ရိုးရာ ဂီတ အမျိုးအစားပေါင်းစုံကို လေ့လာတဲ့ ဂီတ ပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူဟာကမ္ဘာ တစ်ဝှမ်းမှာရှိတဲ့ မတူညီတဲ့ လူမျိုး ပေါင်းစုံ တိှု့ဆီက ကွဲပြားတဲ့ ရိုးရာ ဂီတအမျိုးအစားများကို လေ့လာဖို့ ကမ္ဘာလှည့် ခရီးသွားနေရသူ တစ်ဦးပါ။

တိုင်းရင်းသား လူမျိုးစုတွေရဲ့ ရိုးရာ ဂီတတွေကို လေ့လာဖို့အတွက် အမေရိကန် နိုင်ငံ ရှိ ပညာရေး စင်တာ တစ်ခုဖြစ်တဲ့ စမစ်ဆိုနီယန် မှ တာဝန်ပေးအပ်ခြင်းခံ ထားရတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။  Rick ဟာမြန်မာ နိုင်ငံတစ်ဝှမ်းတွင်ရှိသော တိုင်းရင်းသားပေါင်းစုံ တို့ ရဲ့ မတူညီတဲ့ဂီတအမျိုးအစားများကို လေ့လာ ဖို့အတွက် မြန်မာနိုင်ငံ အနှံ့အပြားကို သွားရောက်ခဲ့ပါတယ်။

သူဟာ ၁၉၈၁ ခုနှစ်မှာ မြန်မာနိုင်ငံကို စတင်ရောက်ရှိ ခဲ့ပြီး မြန်မာနိုင်ငံရှိ အထင်ကရမြို့များဖြစ်သော ကလော၊တောင်ကြီး၊ အင်းလေး၊ ပြင်ဦးလွင်၊ မန္တလေး၊စစ်ကိုင်း၊ ပုဂံ၊ ပဲခူး၊ ရခိုင်ပြည်နယ် စစ်တွေ အစရှိတဲ့ မြို့များကို ဓာတ်ပုံရိုက်ပြီးမှတ်တမ်းတင်ထားခဲ့ပါတယ်။


20 Sep 2018     1,389 Views




RELATED

Most Popular of Special or Others

Most Popular of NEWS