BEC-TERO TV

ချားရဟတ်စီးရင်း ဆံပင်နဲ့ငြိကာ ဦးခေါင်းအရေပြား ကျွတ်ထွက်လန် (ရုပ်သံ)

20 Sep 2018     1,422 Views


ဖိလစ်ပိုင်နိုင်ငံက အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ချားရဟတ်စီးရင်း အိပ်ပျော်သွားတာကြောင့် သူ့ရဲ့ဆံပင်အရှည်တွေဟာ ရဟတ်နဲ့ ငြိခဲ့ပြီး နောက်ဆုံးမှာ ဦးရေခွံလှန်ခွာခံလိုက်ရသလို အဖြစ်ဆိုး ဖြစ်ပွားခဲ့ပါတယ်။

Guyguy Salvador အမည်ရတဲ့ အမျိုးသမီးဟာ ဆံပင်ညှပ်သူဖြစ်ပြီး ပြီးခဲ့တဲ့ ဂျူလိုင်လက Surigap del Sur မြို့မှ ပြုလုပ်တဲ့ ပျော်ပွဲရွှင်ပွဲကစားကွင်းကို အလုပ်ကအပြန်မှာ သူငယ်ချင်းဖြစ်သူနဲ့အတူ အလည်သွားခဲ့ပါတယ်။
အဲဒီနေ့က အလုပ်ပင်ပန်းလာတဲ့အတွက် ချားရဟတ်ပေါ်မှာ ထိုင်လိုက်မိပြီး မကြာခင်မှာ အိပ်ပျော်သွားခဲ့ပါတယ်။ သူမရဲ့ ဆံပင်အရှည်တွေကတော့ ရဟတ်တွဲရဲ့ အပြင်မှာ တစ်လွှင့်လွှင့်ဖြစ်နေခဲ့ပါတယ် ဒါကို သူမရဲ့ သူငယ်ချင်းဖြစ်သူကလည်း မရိပ်မိခဲ့ပါဘူး။ သူမရဲ့ ဆံပင်တွေဟာ မကြာခဏဆိုသလို ရဟတ်တိုင်နဲ့ ရစ်ပတ်မိနေပါတယ်။

တစ်ကြိမ်မှာတော့ ငယ်သံပါအောင် စူးဝါးစွာ အော်သံနဲ့အတး ဆိုးရွာစွာနာကျင်တဲ့ ဝေဒနာကိုခံစားပြီး ပြန်နိုးလာချိန်မှာတော့ သူမရဲ့ ဦးခေါင်းက ဦးရေပြားတစ်ခုလုံး စွဲဆုတ်ခံလိုက်ရသလို ဆံပင်တွေနဲ့အတူ ဦးရေပြားလန်ထွက်သွားခဲ့ပါတယ်။

သူငယ်ချင်းဖြစ်သူက အော်ဟစ်အကူညီတောင်းမှ ရဟတ်မောင်းသူက ရဟတ်ကို ရပ်တန့်စေခဲ့ပြီး သူမကို နီးစပ်ရာဆေးရုံသို့ အမြန်ပို့ပေးခဲ့ကြရပါတယ်။

အခုဆိုရင် သီတင်းကျွတ်လည်း နီးပြီမို့ ဆံပင်အရှည်နဲ့ ရဟတ်စီးတဲ့အခါ အထူးသတိထားသင့်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကလည်း အိန္ဒိယက အမျိုးသမီးလေးတစ်ဦး ရဟတ်နဲ့ ဆံပင်ငြိပါပြီး ဦးရေပြားဆွဲလှန်သလို အဖြစ်မျိုး ဖြစ်ခဲ့ဖူးပါတယ် >> သတင်းရုပ်သံအပြည့်အစုံ
 


20 Sep 2018     1,422 Views




RELATED

Most Popular of Special or Others

Most Popular of NEWS