BEC-TERO TV

ငယ်စဉ်ကဆရာမကို အသက်နဲ့ရင်းပြီး အသည်းလှူကာ ကျေးဇူးဆပ်သူ

21 Sep 2018     1,265 Views


စင်ကာပူနိုင်ငံက လူငယ်တစ်ဦးဟာ ငယ်စဉ်ကလေးဘဝက သူ့ရဲ့ မူလတန်းပြဆရာမ ဖြစ်ခဲ့ဖူးသူကို အသက်နဲ့ရင်းကာ သူရဲ့ အသည်း ၆၇% ကို ပေးလှူခဲ့ပြီးနောက် ဆေးရုံပေါ်မှာ စောင်ကြည့်ကုသမှု ခံယူနေရဆဲဖြစ်သည်။

“ချန်ဇီရွန်(Chen Ze Rong)” အမည်ရှိတဲ့ လူငယ်ဟာ ဆေးကျောင်းမှ အောင်မြင်ဘွဲ့ရပြီးသူတစ်ဦးဖြစ်ပြီး သူမူလတန်းတုန်းက ဆရာမဖြစ်ခဲ့ဖူးသူ “လိုင်ဖန်ပင်(Liang Feng Pin)” အသည်းဝေဒနာခံစားနေရပြီး အစားထိုးကုသဖို့ လိုအပ်နေကြောင်း သိတဲ့အခါမှာ သူ့ရဲ့အသည်းကို အစားထိုး ပေးပါရစေလို့ ဆရာမကို ကမ်းလှမ်းပြီး ကူညီခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် “ချန်” ဟာ ငယ်စဉ်က မလေးရှားနိုင်ငံ အရှေ့ပိုင်းက ကျောင်းတစ်ခုမှ မူလတန်းတက်စဉ် “လိုင်ဖန်ပင်” က သူ့ရဲ့ ဆရာမ ဖြစ်ခဲ့ဖူးပါတယ် ဒါအပြင် ဆရာမရဲ့ သမီးဖြစ်သူ “ကျန်ဇီဂျင်း(Zheng Zi Jing)” နဲ့လည်း အရမ်းရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။

ဒါကြောင့်သူဟာ ဆရာမရဲ့ သတင်းကို ကြား ကြားခြင်းမှာ သူကူညီမယ်လို့ ဆရာမကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ အသည်းအစားထိုးခွဲသိပ်မှု အောင်မြင်တယ်လို့ သိရှိရပြီး နှစ်ဦးစလုံး ပြန်လည်ကျန်းမာလာပြီလို့ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ “ချန်” ဟာ အသည်း ၆၇% ပေးလှူထားတာကြောင့် အသားဝါ ခံစားနေရပေမယ့် သူ့ရဲ့ကျန်ရှိနေတဲ့ အစိတ်အပိုင်းက ပုံမှန်ပြန်ဖြစ်လာရင်တော့ အဆင်ပြေသွားမှာပါလို့ ဆရာဝန်တွေက ဆိုပါတယ်။ သူ့ကတော့ နောက်ထပ်တစ်ပတ်ခန့် နေပြီးရင် ဆေးရုံက ဆင်းလို့ရပေမယ့် ဆရာမဖြစ်သူကတော့ တစ်လလောက် ဆေးရုံမှာ ဆက်လက် ကုသမှုခံယူရဦးမှာဖြစ်ပါတယ်။

ကံကောင်းတာတစ်ခုကတော့ ဆရာမရဲ့ ခန္ဓာကိုယ်က “ချန်”ရဲ့ အသည်း အစားထိုးမှုကို တန်ပြန်ခြင်းမရှိပဲ လက်ခံတယ်လို့ ဆိုပါတယ်။
ဆရာမရဲ့ သမီးဖြစ်သူက လူမှုကွန်ယက်ပေါ်ကနေ မိခင်ရဲ့အခြေအနေ ကောင်းမွန်ကကြောင်းဖော်ပြခဲ့သလို အသည်းအလှူရှင် သူငယ်ငယ်ချင်းဖြစ်သူကိုလည်း ကျေးဇူးတင်ကြောင်း ဒီလိုကူညီတဲ့အတွက် သူတို့ အလွန်အမင်းအံ့သြရပါတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။


 


21 Sep 2018     1,265 Views




RELATED

Most Popular of International News

Most Popular of NEWS