BEC-TERO TV

အာဆင်နယ်အသင်း၏ ဂိုးပြတ်နိုင်ပွဲ နှင့် ယူရိုပါလိဂ် ပွဲစဉ်ရလဒ်များ

21 Sep 2018     1,364 Views


မနေ့ညယှဉ်ပြိုင်ကစားခဲ့သည့် ယူရိုပါလိဂ် အုပ်စု E အဖွင့်ပွဲစဉ်မှာ အာဆင်နယ်အသင်းက ဗော့စ်ကလာ အသင်းကို ၄ -၂ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါမှာ အာဆင်နယ်အသင်း တိုက်စစ်မှူး အူဘာမီးယန်း က သွင်းဂိုးနှစ်ဂိုးဖြင့် အကောင်းဆုံးခြေစွမ်ပြခဲ့ပြီး ဒန်နီ ဝဲလ်ဘတ် ၊ မီဆွတ် အိုဇေးလ် တို့၏ဂိုးတို့ဖြင့် ဂိုးပြတ်အနိုင်ရှိခဲ့ပါတယ်။ ဗော့စ်ကလာအသင်း ၏ ချေပဂိုးတွေကတော့ ၇၆ မိနစ်မှာ ချက်နာကလော့၊ အချိန်ပို မိနစ်မှာ ရှာပါ တို့၏ သွင်းဂိုးဖြင့် ၂ ဂိုးပြန်လည်ခွင့်ပြုခဲ့ပါတယ်။အာဆင်နယ်အသင်း ဟာ နောက်ဆုံး ယူရိုပါလိဒ် အိမ်ကွင်းပွဲစဉ် ၁၃ ပွဲမှာ ၉ပွဲနိုင် ၃ပွဲသရေ ၁ ပွဲ သာရှုံးထားပြီး အိမ်ကွင်းမှတ်တမ်းကောင်းတစ်ရပ် ကို ပိုင်ဆိုင်နေတာလည်းဖြစ်ပါတယ်။

အာဆင်နယ်အသင်း ရဲ့ နောက် ခံလူဟောင်း မာတင်ကီယွန်ကတော့ ယမန်နေ့ညက ကစာခဲ့တဲ့ ယူရိုပါလိဂ် အုပ်စုအဖွင့်ပွဲစဉ် မှာ အာဆင်နယ်အတွက် ခြေစွမ်းပြပြီး ၂ ဂိုး သွင်းယူပေးသွားခဲ့ တဲ့တိုက်စစ်မှုး အူဘာ မီးယန်းကိုအသင်း ရဲ့ ဂန္ထ၀င် တိုက်စစ်မှုးဟောင်း အွန်နရီ နဲ့ ခိုင်းနှိုင်း ပြောဆို သွားခဲ့ ပါတယ် ။

 အာဆင်နယ်နည်းပြ အမ်းမရီကနိုင်ပွဲအတွက် ကျေနပ်အားရနေပြီး နောက်ပရီးမီးယားလိဂ် ပွဲစဉ် ၅ မှာ အဲဗာတန်အသင်းကို လက်ခံယှဉ်ပြိုင်း ကစားသွားရမှာဖြစ်ပါတယ်။

ယူရိုပါလိဂ် ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ ချလ်ဆီးအသင်းကအဝေးကွင်းမှာPAOK အသင်းကို ပွဲအစ ၇ မိနစ်မှာတင် ကွင်းလယ်ကစားသမား ဘာကလေရဲ့ပေးပို့မှုကနေ ဝီလျံရဲ့သွင်းဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ချလ်ဆီးအသင်းဟာ နည်းပြ ဆာရီ ရောက်လာပြီးနောက် ပိုင်း ၆ ပွဲဆက်ရှုံးနိမ်ခြင်း မရှိဘဲ ၁၀၀ ရာခိုင်နုန်း နိုင်ပွဲရရှိနေတာဖြစ်ပါတယ်။ဆာရီကတော့ ယူရိုပါလိဂ် နောက်ဆုံး ၇ ပွဲ မှာ ၇ ပွဲလုံးအနိုင်ရရှိထားပြီး clean sheets ၅ ပွဲအထိ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ပက်ဒရို ဟာ ယမန်နေ့ ညက ကစား ခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု အဖွင့် ပွဲစဉ် ရဲ့ ပွဲပြီးဆုံးခါနီး မှာ ဒဏ်ရာရရှိ သွားခဲ့ပါတယ် ။ PAOK အသင်းကို အနိုင်ရရှိ ခဲ့တဲ့ ပွဲ ရဲ့ နောက်ဆုံး အချိန် မှာ ပက်ဒရိုလဲကျခဲ့ပြီး ပုခုံးဒဏ်ရာရရှိ သွားခဲ့ကာ ကွင်းထဲကနေ ထွက် ခွာ ခဲ့ ရ ပါတယ် ။

ပက်ဒ ရို ဟာ ယခု ရာသီ မှာ ချဲလ်ဆီး အသင်း အတွက် ပုံစံ ကောင်း အချို့ပြသ ထား ခဲ့ ပြီး ၇ ပွဲ မှာ ၃ ဂိုး သွင်းယူ ပေး ထားခဲ့ ပါတယ် ။

ချဲလ်ဆီး နည်းပြ မော် ရီဇီယို ဆာရီကတော့ ပက်ဒရို ရဲ့ ဒဏ်ရာဟာ ပြင်းထန်တဲ့ အနေအထား မှာ ရှိမ နေနိုင်ဘူး လို့ အသင်းဆရာဝန် က ပြောဆိုခဲ့ကြောင်း သတင်းထောက် တွေကို  ပြောပြ သွားခဲ့ ပါတယ် ။

ချလ်ဆီးအသင်းကတော့ လာမည့် ပရီးမီးယားလိဂ် ပွဲစဉ် ၆ မှာ တနင်္ဂနွေနေ့မှာ ဝက်ဟမ်း အသင်းကိုအဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်းကစားသွားရမယ်ဖြစ်ပြီး စက်တင်ဘာလ၂၆ ရက်နေ့မှာ ကာဘောင်းဖလားပွဲစဉ် လီဗာပူး အသင်းနှင့်ကစားသွားရမည်ဖြစ်ပါတယ်။

ယူရိုပါလိဒ် ပွဲစဉ်ရလဒ်များ

 

 

 


21 Sep 2018     1,364 Views




RELATED

Most Popular of Football

Most Popular of Sport