BEC-TERO TV

ခွေး ၃ ကောင်ဝိုင်းကိုက်သဖြင့် ၄ နှစ်သမီးလေး သေဆုံး

21 Sep 2018     1,413 Views


ထိုင်းနိုင်ငံက အသက် ၄ နှစ်အရွယ် သမီးငယ်လေးကို ခြံစောင့်ခွေး ၃ ကောင်က ဝိုင်းဝန်းကိုက်ဖဲ့ခဲ့သဖြင့် ဦးခေါင်း၊ လည်ပင်း၊ မျက်နှာတို့မှာ ဆိုးရွားစွာ ဒဏ်ရာများရရှိခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။

စက်တင်ဘာလ ၁၈ ရက် အင်္ဂါနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး ကလေးမလေး (Tahnyalak)က သူရဲ့အိမ်အနီးနားမှာ စက်ဘီးစီးနေစဉ် ခြံတစ်ခြံထဲမှ ခွေး ၃ ကောင် ပြေးထွက်လာပြီး ဝိုင်းဝန်းကိုက်ဖဲ့ခဲ့ခြင်းဖြစ်သည်၊ အိမ်နီးချင်းများက သိသိရခြင်း ဆေးရုံကို ပို့ပေးခဲ့ပေမယ့် ဒဏ်ရာများပြင်းထန်လွန်းပြီး ​သွေးထွက်လွန်ကာ လမ်းတွင် သေဆုံးသွားခဲ့ရသည်။

ဖြစ်စဉ်ကို ဘန်ခဝါအို အပိုင် ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိ Thongsuk Ratsiwor ဦးဆောင်တဲ့အဖွဲ့က ညနေ ၅ နာရီ ၂၀ မိနစ်အချိန်မှာ အခင်းဖြစ်တဲ့နေရာကို လာရောက်စစ်ဆေးခဲ့ပါတယ်။

အိမ်နီးချင်းလည်းဖြစ် မျက်မြင်သက်သေလည်းဖြစ်သူ အသက် ၅၇ နှစ်အရွယ် Noppol Kulthanawat က ညနေ ၅ နာရီလောက်မှာ သူတီဗီကြည့်နေတုန်း ကလေးမလေးရဲ့ ငယ်သံပါအောင် အော်လိုက်တဲ့အသံကို ကြားလိုက်လို့ ထွက်ကြည့်တဲ့အခါ ခွေးတွေဝိုင်းဆွဲနေတဲ့ ဖြစ်စဉ်တစ်ခုလုံးကို မြင်လိုက်ရတယ်လို့ဆိုပါတယ်။

ခွေးတွေဟာ ၂ နှစ်ကနေ ၃ နှစ်အရွယ်လောက်တွေဖြစ်ပြီး ပုံမှန်အားဖြင့် ဒီခွေးတွေကို သူ့သခင်က ခြံထဲမှာ သံကြိုးခတ်ထားကြောင်း ဆိုပါတယ်။ သူက ဓားကိုင်ပြီး ခွေးတွေကို လိုက်မောင်းထုတ်ပြီး ပတ်ဝန်းကျင်ကိုလည်း အော်ဟစ်အကူညီတောင်းခဲ့ပါတယ်။
ကလေးမလေးမှာ မြင်မကောင်းလောက်အောင် ဒဏ်ရာတွေ ဗရပွရခဲ့ပြီး ဆေးရုံအပို့၊ လမ်းမှာတင် သွေးထွက်လွန်ပြီး သေဆုံးခဲ့ရကြောင်း ထွက်ဆိုခဲ့ပါတယ်။

ကလေးမလေးကို ခွေးတွေဝိုင်းကိုက်စဉ် အသက် ၅၀ အရွယ် အဖွားဖြစ်သူ Daranee က မီးဖိုထဲမှာ ချက်ပြုတ်နေပြီး မိခင်ဖြစ်သူ ကျောင်ဆရာမက အလုပ်က ပြန်မလာသေးတဲ့အချိန်လည်းဖြစ်ပါတယ်။

လာမယ့် စက်တင်ဘာ ၃၀ ရက်နေ့မှာ သူမရဲ့ အသက် ၅ နှစ်ပြည့်မွေးနေ့လုပ်ပေးဖို့ မိသားစုတွေက စီစဉ်ထားပါတယ်။ အသက် ၆ နှစ်အရွယ် သူမရဲ့ အစ်ကိုကတော့ ညီမဖြစ်သူရဲ့ အလောင်းကို ပွေ့ဖက်ပြီး ဖြေမဆည်နိုင်အောင် ငိုးကြွေးခဲ့ပါတယ် ပြီးနောက် သူ့ညီမအတွက် သူကိုရင်ဝတ်မယ်လို့လည်း ဆိုပါတယ်။

ခွေးပိုင်ရှင်ဖြစ်သူကတော့ ခုချိန်ထိ မိသားစုကိုလည်း မဆက်သွယ်သလို နာရေးအသုဘကို လာရောက်ချီးမြှင့်ခြင်းလည်း မရှိဘူးလို့ အဖွားဖြစ်တဲ့ Daranee က ဆိုပါတယ်။ ခွေးတွေဟာ အန္တရာယ်ရှိတယ်ဆိုရင် ခြံထဲမှာ သေချာထိမ်းသိမ်းထားသင့်ကြောင်း ဆိုပါတယ်။

ရဲတွေကတော့ ခွေးပိုင်ရှင်ဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် Piyanat Daengsoi ကို ပေါ့ဆမှု၊ တစ်ပါးသူကို ထိခိုက်နစ်နာစေမှုတွေအတွက် ပေးလျော်ရန် ပြစ်ဒဏ်ချခံရဖွယ်ရာရှိပါတယ်။ ပြစ်မှုအတွက် အမြင့်ဆုံး ထောင်ဒဏ် ၁ လ သို့မဟုတ် ငွေဒဏ် ဘတ် ၁ သိန်း (ကျပ် သိန်း ၅၀ နီးပါး) ကျခံရမှာဖြစ်ပါတယ်။
အကယ်၍ စုံစမ်းစစ်ဆေးရာမှာ ခွေးပိုင်ရှင်အနေနဲ့ မဆင်မခြင်မှုတွေကို ထပ်မံတွေ့ရှိခဲ့ရပါက သီခြားပြစ်ဒဏ်များ ထပ်မံပေါင်းထည့်မှာဖြစ်ပါတယ်။

မိန်းကလေးရဲ့ နာရေးအပြီးမှာတော့ ရဲစခန်းက နှစ်ဦးနှစ်ဖက်စလုံးကို ဖိတ်ကြားပြီး ညှိနှိုင်းမှုများပြုလုပ်ကာ အမှုကိုအဆုံးသတ်နိုင်မည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိ Thongsuk က ဖြည့်စွက်ပြောကြားခဲ့သည်။
 


21 Sep 2018     1,413 Views




RELATED

Most Popular of Special or Others

Most Popular of NEWS