BEC-TERO TV

ဒီင်္နှစ် မြန်မာနေရှင်နယ်လိဂ် ချိန်ပီယံက ရှမ်းလား ရန်ကုန်လား

21 Sep 2018     1,341 Views


ချန်ပီယံဘယ်အသင်းဖြစ်မလဲ  ..?

ယခုတစ်ပါတ် မြန်မာနေရှင်လိဂ်နောက်ဆုံးပွဲစဉ်အဖြစ် ၂၂ အဖြစ်ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်၊ပြိုင်ပွဲ ၏နောက်ဆုံးပွဲစဉ်ရောက်ရှိသည့်တိုင်အောင် အဖြေမထွက်ဘဲ စိတ်ဝင်စားဖွယ်ရှိနေပါတယ်။

လာမည့်တနင်္ဂနွေနေ့ ညနေ ၃ နာရီခွဲအချိန်မှာ လက်ရှိချန်ပီယံရှမ်းယူနိုင်တတ်အသင်း နှင့်  မြဝတီအသင်း၊ ရန်ကုန်ယူနိုက်တတ်အသင်း နှင့် ဆောက်သမ်းမြန်မာ အသင်းတို့ယှဉ်ပြိုင်သွားဖို့ရှိနေပါတယ်။

 လက်ရှိချန်ပီယံရှမ်းယူနိုင်တတ်အသင်း ဟာ ချန်ပီဆုမျှော်လင့်ချက် အနိင်ရရှိဖို့ အမှားခံမှာမဟုတ်ပါဘူး မြဝတီ အသင်းအနေနဲလည်း ရှမ်းယူနိုင်တတ်အသင်းကို ဘယ်လိုမှယှဉ်ကစားဖို့မဖြစ်နိုင်ပါဘူး။ လက်ရှိမှာ ရန်ကုန်ယူနိုင်တတ်အသင်း ဟာရမှတ် ၄၈ မှတ်နှင့် ရှမ်းယူနိုင်တတ်အသင်းထက် ၁ မှတ်အသာရနေတာဖြစ်ပြီး အိမ်ကွင်းမှာ ဆောက်သမ်းမြန်မာ  အသင်းကိုအနိုင်ရရှိရုံဖြင့် ချန်ပီယံဆုကို ကိုင်မြောက်နိုင်မှာဖြစ်ပါတယ်။

ဆောက်သမ်းမြန်မာ က လက်ရှိမှာ ခြေစွမ်းမဆိုးဘူးဆိုပေမဲ့  ရန်ကုန်ယူနိုင်တတ် အသင်းက ၂ နှစ်ဆက်ဖလားမဲ့ရာသီကို အဆုံးသတ်ဖို့ အမှားခံမယ်မထင်ပါဘူး၊ လက်ရှိချန်ပီယံရှမ်းအသင်းကပဲ ချန်ပီယံဆုကို ရယူသွားမလား ရန်ကုန်အသင်းကပဲ အိမ်ကွင်းမှာအနိုင်ကန်ပြီး ဖလားယူသွားမလား ဆို့တာကိုတော့ တနင်္ဂနွေနေ့ ညနေ ၃ နာရီခွဲအချိန်မှာ စိတ်ဝင်တစား စောင့်ကြည့်သွားရမည်ဖြစ်ပါသည်။

တန်းဆင်းတစ်နေရာဘယ်အသင်းလဲ ..?

မြန်မာနေရှင်လိဂ်မှာ ချန်ပီယံဆုအတွက် ဒွိဟဖြစ်နေသလို့ ဘယ်အသင်းကတန်းဆင်းသွားမလဲဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းနေုပါတယ်၊မြဝတီ အသင်းကတန်းဆင်းဖို့သေချာသွားပြီဖြစ်နေပီဖြစ်နေပေမဲ့ လက်ကျန်တန်းဆင်းတစ်နေရာအတွက် စစ်ကိုင်းအသင်း နှင့် GFA အသင်းတို့ရှိနေပါတယ် GFA အသင်းက တန်းမဆင်းရဖို့အတွက်အိမ်ကွင်းမှာ ဇွဲကပင် အသင်းကိုအနိုင်ရရှိဖို့ လိုအပ်နေပြီး အနိုင်ရရှိရင်တောင်မှ စစ်ကိုင်းအသင်း ရလဒ်ကိုစောင့်ကြည့်သွားရမည်ဖြစ်ပါတယ်။

***မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များ****

 

 

 

 


21 Sep 2018     1,341 Views




RELATED

Most Popular of Football

Most Popular of JOB