BEC-TERO TV

လိင်တူခြင်းလပ်ထပ်ခွင့် မလေးရှားလက်ခံမည်မဟုတ် မဟာသီယာပြော

21 Sep 2018     1,295 Views


လိင်တူခြင်း ကာမဆက်ဆံတာ၊ လိင်ပြောင်းထားတာ၊ အခြောက်ဖြစ်တာ အစရှိသော သဘာဝနဲ့ဆန့်ကျင်သည့်အခြေအနေ(LGBT) နှင့် လိင်တူခြင်း လက်ထပ်ထိမ်းမြားတာ စတဲ့ အနောက်နိုင်ငံရဲ့ ပုံစံတွေကိ မလေးရှားနိုင်ငံမှာ လက်ခံသွပ်သွင်းမှာ မဟုတ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာမဟာသီယာ မိုဟာမက် က ပြောကြားလိုက်ပါတယ်။

အစိုးရအနေနဲ့ မလေးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင် (ဆူဟာခမ်)ကို လေးစားမှုရှိပေမယ့် ကိစ္စတိုင်းကိုမူ လက်ခံမည်မဟုတ်ကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းကာ ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။

ဆူဟာခမ် ရဲ့ အကြံပေးချက်တွေကို လက်ခံသဘောတူညီသည့်တိုင် အနောက်နိုင်ငံတွေနဲ့ ခံယူချက်ခြင်းမတူတဲ့ ကျွန်တော်တို့ရဲ့ တန်ဖိုးထားမှုတွေကိုတော့ ဒီအတိုင်းပုံစံမပျက်ပဲ ရှိနေစေမှာပါ

အနောက်နိုင်ငံတွေမှာ လူ့အခွင့်အရေးလို့ စဉ်းစားပေးကြတဲ့ အချက်တွေထဲမှာ ကျွန်တော်တို့ လက်မခံနိုင်တဲ့ အချက်တွေအများကြီး ရှိနေပါတယ်၊ အဲဒီထဲမှာ LBGT နဲ့ လိင်တူခြင်း လက်ထပ်တဲ့ ကိစ္စတွေလည်း ပါပါတယ်

စုံတွဲနှစ်တွဲ သူတို့ရဲ့ ရင်သွေးတွေ ဒါမှမဟုတ် မွေးစားတဲ့ ကလေးတွေကို မိသားစုအဖြစ် ကျွန်တော်တို့လက်ခံပါတယ်။ ဒါပေမယ့် ယောက်ျား အချင်းချင်း၊ မိန်းမအချင်းချင်း ကိုတော့ မိသားစုလို့ စဉ်းစားပေးမှာမဟုတ်ပါဘူး” ဟု ဝန်ကြီးချုပ် ဒေါက်တာမဟာသီယာ မိုဟာမက် က အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေး အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ပြတ်ပြတ်သားသား ထည့်သွင်းပြောကြားခဲ့သည်။


 


21 Sep 2018     1,295 Views




RELATED

Most Popular of International News

Most Popular of NEWS