BEC-TERO TV

အာဂျင်တီးနားတိုက်စစ်မှူး အဂွဲရို ကို မန်စီးတီးအသင်း နောက်ထပ်စာချုပ် ၁ နှစ်ချုပ်ဆို

21 Sep 2018     1,337 Views


ဆာဂွီရို အဂွဲရိုကို မန်စီးတီးအသင်းက နောက်ထပ်စာချုပ် ၁ နှစ်ထပ်ချုပ်လိုက်ပြီး အဂွဲရို ဟာ မန်စီးတီးအသင်းမှာ ၂၀၂၁ အထိရှိနေမှာဖြစ်ပါတယ်၊အဂွဲရိုကို ၂၀၁၁ ခုနှစ်မှာ အက်သလတ်တီကိုအသင်း မှ ယူရို ၃၈ သန်းဖြင့်ခေါ်ယူခဲ့တာဖြစ်ပြီး မန်းစီးတီးအသင်းမှာ ပရီမီယားလိဂ် ဖလား ၃ လုံး၊ FA ဖလား ၃ လုံးအထိ ရယူပေးနိုင်ခဲ့ပြီး အသင်းအတွက်၂၉၉ ပွဲမှာ ဂိုးပေါင်း ၂၀၄ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲတာဖြစ်ပါတယ်။

ဆာဂွီရို အဂွဲရိုက “ ကျွှန်တော်အသင်းနှင့် နောက်ထပ် ၁နှစ် စာချုပ်နိုင်လို့ပျော်ရွှင်မိပါတယ်၊ အသင်းမှာ ဆယ်စုနှစ် တစ်စုကြာကစားခွင့်ရရှိလို့လည်း ဂုဏ်ယူမိပါတယ၊် အသင်းအတွက်၁၀၀ ရာခိုင်နှုန်း ပေးဆပ်ကစားသွားမှာပါလို့ ” ပြောခဲ့ပါတယ်။

အသင်းနည်းပြ ဂွါဒီယိုလာက အဂွဲရို ပါတ်သတ်ပြီး ”သူက တစ်ကယ်တော်တဲ့ ကစားသမားပါ၊ မန်စီးတီးအသင်းမှာအချိန်အကြာကြီး ကစားပေးနိုင်တာ မယုံနိုင်လောက်အောင်ပါပဲ၊ သူနဲ ထပ်ပြီးအလုပ်လုပ်ခွင့် ရလိုလည်းဂုဏ်ယူမိပါတယ်၊ ကမ္ဘာဖလားပြိုင်ပွဲ မှ ပြန်လာပြီးနောက်ပိုင်း အကောင်းဆုံး  ခြေစွမ်းပြကစားနေတာက ကျေနပ်စရာပါ “ လို့ ပြောကြားခဲ့ပါတယ်။

 


21 Sep 2018     1,337 Views




RELATED

Most Popular of Football

Most Popular of Sport