BEC-TERO TV

ချစ်သူကောင်လေးရဲ့ ရိုက်နှက်နှိပ်စက်ချင်းကိုခံရတဲ့ ကိုးရီးယားသရုပ်ဆောင်မင်းသမီး

24 Sep 2018     1,347 Views


သရုပ်ဆောင်မင်းသမီး ဂိုဟာရာ ရိုက်နှက် နှိပ်စက်ခံရတဲ့သတင်းဟာ တောင်ကိုးရီး ယားမှာ ဟိုးလေးတကျော်ကျော် ဖြစ်လို့နေပါတယ်။  သူမတစ်ဦးတည်း ဒဏ်ရာရရှိခဲ့သော ဓာတ်ပုံတွေသာ လူမှုကွန်ယက်ပေါ်ကို ရောက်ရှိခဲ့ကြပါပြီး သူမကို ရိုက်နှက်တဲ့ သူမရဲ့ ချစ်သူပုံကိုတော့ ထုတ်ဖော်ခဲ့ကြခြင်းမရှိပါဘူး။

မင်းသမီး ဂိုဟာရာ ၏ ရည်းစားဖြစ်သူဟာ သူမကိုအင်မတန်မှ သဝန်တိုတယ်လို့ ဆိုထားပါတယ်။ သူမဟာ ယောင်္ကျားလေးမိတ်ဆွေအပေါင်း အသင်းတွေနဲ့လဲ တွေ့ဆုံခွင့် မရှိပါဘူး။ ယောင်္ကျားလေး သူငယ်ချင်းတွေနဲ့ တွေ့တိုင်း သူမကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့ညနေမှာ သူမဟာ သူမရဲ့ မန်နေဂျာအပါအဝင် လုပ်ငန်းခွင်မှ ယောင်္ကျားလေး အသိမိတ်ဆွေ တစ်ဦးနဲ့ နေ့လည်စာ စားခဲ့ပါတယ်။ တခြားယောင်္ကျားလေး မိတ်ဆွေ တစ်ဦးပါတယ်ဆိုတာ သိရင် သူမရဲ့ ချစ်သူစိတ်ဆိုးမှာ စိုးရိမ်သည့်အတွက် မန်နေဂျာ ဖြစ်သူနဲ့နှစ်ယောက်တည်းသာ ညစာစားခဲ့ပါတယ်လို့ ချစ်သူကိုလိမ် ခဲ့ပါတယ်။ သူမရဲ့ ချစ်သူဟာမယုံ တဲ့အတွက် မန်နေဂျာကို ဖုန်းဆက်ကြည့်တော့မှ သူမ နှင့်အတူ တခြား ယောင်္ကျားလေးတစ်ယောက် အတူ နေ့လည်စာစားတာကို သိရှိသွားခဲ့ပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့မှာ သူမဟာ သူမရဲ့ ချစ်သူအလုပ်လုပ်သော ဆံပင်ညှပ်ဆိုင်ကို ရှင်းပြဖို့ သွားရောက်ခဲ့ပေမယ့် လက်မခံပဲ မောင်းထုတ်ခဲ့ပါတယ်။

မင်းသမီးဂိုဟာရာ အိမ်မှ အိမ်အကူမိန်းကလေးက အင်တာဗျူးမှာ အောက်ပါ အတိုင်း ပြောကြားထားပါတယ်။

 

“စက်တင်ဘာလ ၁၃ ရက်နေ့ မနက် ၁၂ နာရီခွဲ အချိန်မှာ အစ်မရဲ့ ရည်းစားက အိမ်ကို ရောက်လာခဲ့ပါတယ်။ သူရာက်လာတဲ့ အချိန်က အစ်မရော ကျွန်မပါ ကျွန်မအခန်းထဲမှာ အိပ်ပျော်နေခဲ့တာပါ။ အဲ့နေ့က သူမစိတ်ညစ်တဲ့ အတွက်ကြောင့် ကျွန်မနဲ့ တူတူအိပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ သူကျွန်မတို့ အိပ်နေတဲ့ အခန်းထဲကို ဝင်လာတဲ့ အသံကြားတော့ ကျွန်မ အိပ်ချင်ယောင်ဆောင်နေခဲ့ပါတယ်။ အဲ့အချိန်မှာ ခုတင်နားကို ရုတ်တရက် ရောက်လာပြီး အစ်မကို ခုတင်ပေါ်မှကန်ချပါတယ်။ ဒီလိုအခြေအနေမှာတောင် မင်းက အိပ်နေနိုင်သေးလား ဆိုပြီးတော့ကြိမ်းမောင်းပြောဆိုပါတယ်။  အဲ့တာပြီးတော့ အစ်မရောသူပါ အခန်းအပြင်ဘက် ထွက်သွားပြီး ရန်ဖြစ် အငြင်းပွားကြပါတယ်။”

ဟု မင်းသမီးဂိုဟာရာ အိမ်မှ အိမ်အကူမိန်းကလေးက အင်တာဗျူးမှာ ပြောကြားထားပါတယ်။

ဂိုဟာရာ ရဲ့ ပြောကြားချက်အရ သူမရဲ့ ရည်းစားဟာ သူမရဲ့ ဆံပင်တွေကို ဆောင့်ဆွဲ ပြီး ခန္ဓာကိုယ်ကိုလဲ ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။ ရည်းစားဖြစ်သူဟာ သူမအိမ်ကနေ မနက် ၁ နာရီ မိနစ် ၂၀ မှာ ထွက်ခွာခဲ့ပါတယ်။ အိမ်က မထွက်သွားခင်မှာလည်း သူမရဲ့ အကြောင်းအရာတွေ ရည်းစားထားတယ် ဆိုတဲ့ အကြောင်း အစရှိသည်တို့ကို သတင်းမီဒီယာတွေကို ပေးပို့ မယ်လို့ခြိမ်းခြောက်ခဲ့ပါတယ်။ သူမကို အနုပညာ နယ်ပယ်မှာ ခြေမချနိုင်တော့အောင် လုပ်ပစ်မယ် လို့ခြိမ်းခြောက်ခဲ့ပါတယ်။

မနက် ၁ နာရီ ၂၆ မိနစ်မှာ ကိုးရီးယားနိုင်ငံရဲ့ သတင်းမီဒီယာ တစ်ခုဖြစ်တဲ့ Dispatch ဟာ အီးမေးလ် တစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်။ ထိုအီးမေးလ်းမှာ သူ့ရဲ့ ဖုန်းနံပါတ်နဲ့ အတူ မင်းသမီး ဂိုဟာရာ အကြောင်း သိချင်ရင် ဖုန်းဆက်ပါဟု ရေးသားထားပါတယ်။ အခုချက်ချင်း ဖုန်းဆက်ပါ မဆက်ရင် ဒီသတင်းကို အခြားမီဒီယာတွေကို အရင်ပေးလိုက်မယ် ဟု ရေးထားတယ်လို့ဆိုထားပါတယ်။ မနက် ၄နာရီ ၂၀ မှာလည်း အလားတူ အီးမေးလ်ကို ထပ်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ Dispatch ကဖုန်းပြန်ဆက်ခဲ့တဲ့အခါ မှာတော့ သူဟာ ဖုန်းမကိုင်ခဲ့ပါဘူး။

ဂိုဟာရာက သူမရဲ့ အကြောင်း သတင်းမီဒီယာတွေကို မပေးပို့ရန် ရည်းစားဖြစ်သူကို မက်ဆေ့ဂ်ျပို့ပြီးပြောကြားခဲ့ပါတယ်။ တကယ်လို့ သူမယုံရင် နေ့လည်စာ အတူစားခဲ့တဲ့ အစ်ကို ကို သူနှင့်တွေ့ပေးမည်ဖြစ်ကြောင်း ပြောတဲ့အခါမှာ ဘယ်သူနဲ့မှ မတွေ့နိုင်ကြောင်း ငြင်းခဲ့ပါတယ်။

သတင်းမီဒီယာကလဲ သူမ ရည်းစားရှိတဲ့ အကြောင်းကိုသိသွားပြီဖြစ်တဲ့အတွက် သူမဟာ ပြဿနာကို ဒီထက်ပိုမကြီးကို သတင်းစာ ရှင်းလင်းပွဲ သဘောမျိုး အင်တာဗျူး ပြုလုပ်ခဲ့ပါတယ်။ ချစ်သူနဲ့ရန်ဖြစ်ခဲ့ရာမှာ မျက်နှာနဲ့  လက်မှာ ကုတ်ရာဖဲ့ရာများ ဒဏ်ရာရရှိခဲ့ပြီး ညာဘက် ဒူးခေါင်းရိုးလဲ ကျိုးသွားတယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ကို  လဲ တရားဥပဒေအရ ဆက်လက်ဖြေရှင်းသွားမယ်လို့ ဆိုထားပါတယ်။

ဂိုဟာရာ ၏ရည်းစားပုံ

 


24 Sep 2018     1,347 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS