BEC-TERO TV

သင်မသိသေးသော အရောင်များ၏ ဂုဏ်သတ္တိများ

24 Sep 2018     2,166 Views


ကျွန်ုပ်တို့ နေ့စဉ်တွေ့နေမြင်နေ ရသော အရာတွေဟာ အရာင်တွေနဲ့ ပုံဖေါ်ထားကြပါတယ်။ဘာအရောင် ဘယ်အရာင် ဆိုတာတော့သိကြပေမဲ့ အရာင်တွေရဲ့ ဂုဏ်သတ္တိကိုတော့ သိကြတဲ့သူနည်းလိမ့်မယ် ထင်ပါတယ်။ အခုပြောပြပေးသွားမှာကတော့ အရာင်တွေရဲ့ ုဂုဏ်သတ္တိတွေ အကြောင်းပဲဖြစ်ပါတယ်။
 
၁၊ အနီရောင်
 
တတ်ကြွမှု အပြည့်ရှိပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သည့် အင်းအားကြီးမားသော အရာတွေကိုဖော်ပြချင်ရင် အနီရောင်ကို အသုံးပြုကြသည်။အနီရောင်သည် ထင်ရှားစွာမြင်နိုင်သည် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စိတ်အာရုံကို ဖမ်းစားနိုင်သည်။ ခိုင်မြဲမှုနှင့် အင်အားကြီးမားသည့် စိတ်ခံစားမှုဖြစ်သည့် အချစ် ၊ အမုန်း တို့ကိုဖော်ပြသည် အခါ အနီရောင်ကို အများဆုံး အသုံးပြုကြသည်။
 

၂၊ ပန်းရာင်
 
ပန်းရောင် သည် ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုသည်၊ ပန်းရောင်သည်လည်း အနီရောင်ကဲ့သိုပင် စိတ်လှုပ်ရှားမှုကို မြင့်တတ်စေပြီး ပိုမိုနုညံ့ဆိတ်ငြိမ်သည့် အသွင်ဆောင်သည်။
 
၃၊ အစိမ်းရာင်
 
ကျန်းမာခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းကို ကိုယ်စားပြုသော အရာင်မှာ အစိမ်ရောင် ဖြစ်ပါတယ်၊ အစိမ်းရောင်သည် မြက်ခင်းစိမ်းနှင့် တိမ်ကင်းစင်သော မိုးကောင်ကင် အရောင်ကိုဖော်ပြသောကြောင့် သန့်ရှင်းပြီး စိတ်ကြည်နူးမှုကိုရရှိစေပါသည်။

၄၊ အဝါရောင်
 
အဝါရောင် သည်တန်ဖိုးကြီးမားခြင်းနှင့် ဂန္တဝင်ဆန်သည် အသွင်ဆောင်သည်၊ ဆွဲဆောင်မှုအားကောင်းပြီး လှပရိုးရှင်းသောကြောင့် အဝါရောင်သည် စိတ်ကိုတည်ငြိမ်စေပါတယ်။
 
၅၊ အဖြုရောင်
 
အဖြူရောင်သည် အရောင်မဲ့ချည်းသာမဟုတ်၊ သန့်စင်မှု ၊ အပြစ်ကင်းမှု နှင့် အဆင့်အတန်းရှိမှုတို့ကို ဖော်ပြသည်။ အဖြူရောင်သည် မျှော်လင့်ချက်ရှိုခြင်း ၊ အကောင်းမြင်ခြင်းနှင့် အမှန်တရားတို့ကို ထင်ဟပ်စေသည်။
 

၆၊ အနက်ရောင်
 
အဖြူရောင် နှင့် အမဲရောင်သည် အဆင့်အတန်းမြင့်မား၍ ဆွဲဆောင်မှုအားကောင်းပြီး အထင်ကြီးမှုကိုဖြစ်စေသည်။အနက်ရောင်သည် လျှို့ဝှက်သည့်သဘောရှိပြီး စိတ်လှုပ်ရှားမှုကိုဖြစ်စေသည်။
 
၇၊ အပြာရောင်
 
လွှမ်းမိုမှုရှိခြင်း ၊ သန်စွမ်းခိုင်မာခြင်း သဘောကိုဆောင်သည်။ အေးစက်သော ပင်လယ်ပြင် ကို ကိုယ်စားပြုသောကြာင့် စိတ်တည်ငြိမ်မှုကို တို့ပွားစေပါတယ်။
 

(ပိုပိုလေး)


24 Sep 2018     2,166 Views




RELATED

Most Popular of Special or Others

Most Popular of Life Style