BEC-TERO TV

တော်ဝင်မျိုးဆက်များပြောတဲ့ မြန်မာနိုင်ငံရဲ့ နောက်ဆုံးဘုရင်အကြောင်း

24 Sep 2018     1,888 Views


ဗြိတိသျှ နယ်ချဲ့တို့ မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် မင်းနှစ်ပါးဖြစ်တဲ့ သီပေါမင်းနဲ့ စုဖုရားလတ်တို့ဟာ အိန္ဒိယ နိုင်ငံ ရတနာဂီရိကို သမီးတော်လေးပါးနဲ့ အတူ ပို့ဆောင်ခံခဲ့ရပါတယ်။

သမီးတော်ကြီးဖြစ်တဲ့ ထိပ်စုဘုရားကြီးဟာ အိန္ဒိယလူမျိုးဖြစ်တဲ့ ခြံစောင့် ဒရဝမ်နဲ့ အိမ်ထောင်ကျ ခဲ့ပါတယ်။ ဗြိတိသျှ အစိုးရဟာပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ မြန်မာ မင်းဆက်ရဲ့ အမျိုးအနွယ်များကို ဆက်လက်မှတ်သားထားခဲ့ပါတယ်။ လွန်ခဲ့သော နှစ်အနည်းငယ်မှာတော့ အိန္ဒိယနိုင်ငံ ရတနာဂီရိ မြို့မှာ သမီးတော်ကြီး ထိပ်စုဘုရားကြီးရဲ့ မြေးတော် မြစ်တော်များကို ရှာဖွေတွေ့ ရှိခဲ့ပါတယ်။

ရတနာဂီရိ မြို့ရှိ သီပေါမင်းရဲ့ ဆွေတော်မျိုးတော်များဟာ ဆိုင်ကယ်ကယ်ရီ၊ သုံးဘီးဆိုင်ကယ် အငှားမောင်းသူ အစရှိတဲ့ ကြုံရာကျပမ်း အလုပ်များကိုလုပ်ကိုင်ရင်းအသက်မွေးဝမ်းကြောင်းပြုနေ ကြပါတယ်။

သီပေါဘုရင် နတ်ရွာစံပြီးနောက် မိဖုရားနှင့် သမီးတော်များကို ဗြိတိသျှ အစိုးရက မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။ ထိပ်စုဖုရားကြီး နဲ့ ထိပ်စုဖုရားလတ်သာ ရတနာဂီရိတွင်ဆက်လက်နေ ထိုင်ခဲ့ပြီး သမီးတော် အငယ်နှစ်ပါးဖြစ်တဲ့ မြတ်ဖုရားကလေးနဲ့ ထိပ်ဆုမြတ်ဖုရားတို့ဟာ မယ်တော်ကြီးနဲ့အတူ ပြည်တော်ပြန်ခဲ့ပါတယ်။ သမီးတော် အငယ်ဆုံးဖြစ်တဲ့ မြတ်ဖုရားကလေး ဟာ ၁၉၂၀ ခုနှစ် ဂျူလိုင်လ ၁ ရက်နေ့မှာ ဘုန်းကြီးလူထွက် ကိုကိုနိုင်နဲ့ လက်ထပ်ထိမ်းမြားခဲ့ပြီး သား ၄ ယောက် သမီး ၄ ယောက် စုစုပေါင်း သားသမီး ၆ ယောက် ဖွားမြင်ခဲ့ပါတယ်။မြတ်ဖုရားကလေး   အိမ်ထောင် ကျပြီးသားသမီးများမွေးဖွားလာတဲ့ အကြောင်းကို ဗြိတိသျှ အစိုးရသိသွားတဲ့အခါမှာ သားတော်၊သမီးတော်များကို british convent schools များသို့ ပို့ခံရပြီး သူတို့ရဲ့ မျိုးရိုးအမှန်ကိုမသိရအောင် အင်္ဂလိပ်နာမည်များဖြင့် အမည်တွင်စေကာ ကျောင်းဆက်တက်စေခဲ့ပါတယ်။

 

မြတ်ဖုရားကလေးရဲ့ သမီးတော် တစ်ဦးဖြစ်တဲ့ ထိပ်စုဖုရားကြီး(ခေါ်) ဒေါ်စုစုခင်၏ သမီးဖြစ်သူဟာ အိန္ဒိယနိုင်ငံ ရတနာဂီရိကိုသွားရောက်ပြီး သူမရဲ့ ဆွေတော်မျိုးတော်များနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

သီပေါမင်းရဲ့ မြေးတော် ဒေါ်စုစုခင်၏ သမီးဖြစ်သူဟာလည်း မြန်မာနိုင်ငံရှိ လူမှုရေးကူညီမှုအသင်းများတွင် နိဗ္ဗာန်ယာဉ် (နာရေးကား) မောင်းသူတစ်ဦးအနေနဲ့ အများအကျိုးဆောင် လုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိပါတယ်။

“မြန်မာ လူမျိုးတွေက သိပ်အယူကြီးတယ် နာရေးကားကို သူတို့ရဲ့ အိမ်ရှေ့ (သို့) ဆိုင်ရှေ့မှာ ရပ်ကြတာကိုမလိုလားဘူး နမိတ်မရှိဘူးပေါ့ အများလူတွေရဲ့ အထက်စီးက ပြောတာကိုလဲအန်တီတို့ခံကြရတယ်။ မြန်မာအခေါ်ဆို အန်တီတို့က သုဘရာဇာသဘောပေါ့ သိပ်နိမ့်ကျတဲ့အလုပ်ပေါ့ လူသေကောင်ဘော်ဒီကိုဘယ်သူမှမကိုင်ချင်ကြဘူးလေ။ အန်တီ့ ဘိုးတော် အသုံးမကျခဲ့လို့ ဒီတိုင်းပြည်နယ်ချဲ့လက်အောက်ရောက်ခဲ့ရတယ် လို့ထင်ကြတယ်။ အဖွား စတုတ္ထသမီးတော် အကြောင်းကို အန်တီ ဖေ့ဘွတ်ခ်မှာတင်လိုက်တဲ့အခါမှာ အန်တီ ကွန်မန့်တွေမှာ အဆဲခံရတယ်။ ဘာလို့ ဒီအသုံးမကျတဲ့ ဘုရင်အကြောင်းကိုတင်ရတာလဲ။ အန်တီ့ရဲ့ ဒီမင်းဆွေမင်းမျိုးဆိုတဲ့သွေးတွေကို ဖောက်ထုတ်ပစ်လိုက် ဖို့ပြောကြတယ်။” ဟုဒေါ်စုစုခင် ၏သမီးဖြစ်သူက ပြောကြားထားပါတယ်။

မင်းဆွေမင်းမျိုးတွေဟာ ကူလီထမ်းနေသည်ဖြစ်စေ၊ ဆိုင်ကယ်ကယ်ရီသမား   ဖြစ်စေ၊ နာရေးကားမောင်းသူဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ ကိုယ်တွင်းမှာ စီးဆင်းနေတဲ့ သွေးကတော့ မြင့်မြတ်တဲ့တော်ဝင်သွေးဆိုတာ ကျွန်တော်တို့ ငြင်းလို့မရပါဘူး။  ယခုအချိန်မှာ သူတို့ ဘယ်လိုပဲနေထိုင် လုပ်ကိုင်စားသောက်နေပါစေ တော်ဝင်သွေးဆိုတဲ့ အသိတစ်ခုနဲ့တင် ရိုသေလေးစား သင့်တယ်မဟုတ်ပါလား။

 


24 Sep 2018     1,888 Views




RELATED

Most Popular of Special or Others

Most Popular of NEWS